Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


နံရိုးပေါင်း ကြံမဆိုင် ဟင်းချို

ဝက်နံရိုးကို အရည်သောက်လေးနှင့် စားချင်သူများအတွက် နံရိုးပေါင်း ကြံမဆိုင် ဟင်းချို ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းကတော့ ဝက်နံရိုး၊ ကြံမဆိုင်၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီးစိမ်း၊ ပဲငံပြာရည်အပျစ်၊ ပဲငံပြာရည်အကျဲ၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ ဆီ၊ ဆား၊ ဟင်းခတ်မှုန့်တို့လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဝက်နံရိုးကို ရေဆေးသန့်စင်ပြီးနောက် ပေါင်းအိုးထဲထည့်လိုက်ပါ။

 

ပြီးလျှင် ဆား၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည်အပျစ်၊ ကြက်သွန်ဖြူ နဲ့ ချင်းကိုဓားပြားရိုက်ပြီး ထည့်လိုက်ပါ။

 

ပြီးနောက် ရေထည့်ပြီး နူးအောင် နာရီဝက်ခန့် ပြုတ်ထားပါ။

 

ပြီးလျှင် ကြံမဆိုင်ကို ရေစင်စင်ဆေးပြီး လက်တစ်ဆစ်အရွယ်ခန့်လှီးပါ။

 

ပြီးနောက် ကျန် ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး နုပ်နုပ်စင်းထားလိုက်ပါ။

 

ပြီးလျှင် ဒယ်အိုးတစ်လုံးထဲသို့ ဆီထည့်ပြီး ဆီပူရင် ကြက်သွန်ဖြူကို ဆီသတ်ပါ။ ကြက်သွန်နွမ်းရင် ကြံမဆိုင်နဲ့ ပဲငံပြာရည်အကျဲ ၊ သကြား ထည့်ပြီး မွှေ၍ ထပ်ချက်ပေးပါ။

 

ပြီးနောက် အနံ့မွှေးလာရင် ပေါင်းထားတဲ့ နံရိုးရဲ့  အရည်များကို ထည့်ချက်ပါ။ အရည်လိုပါက ထပ်ထည့်ပေးပါ။

 

ပြီးလျှင် အရည်ပွက်ပွက်ဆူပြီး အရသာ အပေါ့အငန် အနေတော်ရင် ငရုတ်သီးစိမ်းနဲ့ ငရုတ်ကောင်းမှုန့်ကို ထည့်လိုက်ပါ။

 

ပြီးရင်တော့ ထမင်းပူပူလေးနဲ့ နံရိုးပေါင်း ကြံမဆိုင် ဟင်းချိုလေးကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

 

 

Read times Last modified on Monday, 01 April 2019 15:22
Rate this item
(2 votes)