Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းစားမြိန်စေမယ့် ချဉ်ငံစပ် ဆိတ်အူကြမ်းသုပ်

Unicode

 

ထမင်းစားမြိန်စေမယ့် ချဉ်ငံစပ် ဆိတ်အူကြမ်းသုပ်


ဆိတ်အူကြမ်းလေးကို ချက်မစားဘဲ သုပ်စားချင်သူများအတွက် ဆိတ်အူကြမ်းနဲ့ ဆိတ်အူအထပ်တစ်ရာ ချဉ်ငံစပ် သုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ဆိတ်အူကြမ်း၊ ဆိတ်အူအထပ်တစ်ရာ၊ ဆား၊ နနွင်းမှုန့်၊ ကြက်သွန်ဖြူ၊ နံနံပင်၊ ပဲမှုန့်အကျက်မှုန့်၊ ဆီချက်၊ ငရုတ်သီးအကျက်မှုန့်၊ သံပရာသီး၊ ငံပြာရည်၊ ကြက်သွန်နီ၊ ဂေါ်ဖီ၊ စပါးလင်၊ ချင်း၊ ဟင်းခတ်မှုန့်တို့လိုအပ်ပါမယ်။


ပထမဦးဆုံး ဆိတ်အူကို  ရေဖြင့်သန့်စင်အောင် ဆေးကြောထားပါ။




ပြီးလျှင် ဆိတ်အူကို ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ ချင်း၊ စပါးလင်တို့နှင့် ရေမြုပ်အောင် ထည့်ပြီး ရေခမ်းသည်အထိ ပြုပ်ပေးထားပါ။


ပြီးနောက် ရေခမ်းသွားတာနဲ့ ချင်းနှင့် စပါးလင်များ ဖယ်ပေးကာ ဆိတ်အူကို မိမိနှစ်သက်သလို အနေအထားလေးတွေ ရအောင် လှီးပေးပါ။


ပြီးနောက် ကြက်သွန်ဖြူကို အခွံနွှာ ပါးပါးလှီးပြီး ဆီချက်ချက်ထားပေးပါ။


ပြီးလျှင် ကြက်သွန်နီ၊ ဂေါ်ဖီ၊ နံနံပင်တို့ကို ရေဆေးပြီး လှီးဖြတ်ထားပါ။


ပြီးရင်တော့ ဇလုံတစ်လုံးထဲသို့ လှီးထားသော ဆိတ်အူများကို ထည့်လိုက်ပါ။  ပြီးလျှင် ကြက်သွန်နီ၊ ဂေါ်ဖီ၊ နံနံပင်၊ ပဲအကျက်မှုန့်၊ ဆီချက်၊ ဟင်းခတ်မှုန့်၊ ငံပြာရည်၊ ငရုတ်သီးအကျက်မှုန့် တို့ထည့်၍ သံပရာရည်ညှစ်ကာ သမသွားအောင် ရောနယ်ပေးပါ။


ပြီးနောက် အရသာ သမသွားတာနဲ့ မြည်းကြည့်ပြီး  မိမိစိတ်ကြိုက် အပေါ့အငံ အရသာကို ပြင်ပေးကာ ထမင်းပူပူလေးနဲ့ ချဉ်ငံစပ် ဆိတ်အူအသုပ်လေးကို တွဲဖက်စားလိုက်ရင်တော့ ထမင်းစားမြိန်စေမှာဖြစ်ပါတယ်။


#Myanmar Food Industry Directory

 

 

 


 


 


 


 

Read More >>>>>  အချိုရည်လုပ်ငန်းများ၊ လက်ဖက်ခြောက်လုပ်ငန်းများ၊ ရေသန့်လုပ်ငန်းများ၏ လိပ်စာနှင့် ဖုန်းနံပါတ် အပြည့်အစုံ သိရှိလိုပါက .....

 


 


 


 


 


 


 


Read times Last modified on Wednesday, 29 January 2020 17:57
Rate this item
(0 votes)