Myanmar
×
Warning
JUser: :_load: Unable to load user with ID: 540
ဂုံးဟင်းဆီပြန်လေး ချက်စားရအောင်
Unicode
ဂုံးဟင်းဆီပြန်လေး ချက်စားရအောင်
ဟော့ပေါ့ဆိုင်လေးတွေမှာ စားရတဲ့ဂုံးလေးကို ဈေးထဲကဝယ်ပြီး အိမ်မှာ ချက်စားဖို့အတွက် အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ အခွံပါတဲ့ ဂုံး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ချင်း၊ ဆား၊ ငံပြာရည်၊ ဟင်းခတ်မှုန့်၊ ဆီ တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ဂုံးများကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ။
ပြီးနောက် ဟင်းချက်ရန် လိုအပ်သော ပစ္စည်းများဖြစ်တဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို အခွံနွှာပြီး ကြိတ်ပေးထားပါ။ ချင်းကိုလည်းအခွံနွှာပြီး ကြိတ်ပေးထားပါ။ ခရမ်းချဉ်သီးကို ရေဆေးပြီး လှီးထားပေးပါ။
Read More >>>>  ကိတ်မုန့်ဆိုင်များအကြောင်း သိချင်ရင်
ပြီးလျှင် မီးဖိုပေါ်သို့ ဒယ်အိုးတင်လိုက်ပါ။ ဆီထည့်ပါ။ နနွင်းမှုန့်ထည့်လိုက်ပါ။
ပြီးနောက် ဆီပူလာလျှင် ထောင်းထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ချင်းတို့ကိုထည့်ပြီး ဆီသတ်ပေးပါ။ ဆီသတ်နံ့မွှေးလာတာနဲ့ ခရမ်းချဉ်သီးများကို ထည့်ပြီး ဆီသတ်ပေးပါ။
Sugar / Sugar Cane / Slab Sugar, Jagger Warehouse (191) သကြား၊ ကြံသကာ၊ ထန်းလျက်ပွဲရုံ (၁၉၁) ခုကိုရှာရန်နှိပ်ပါ။
ပြီးလျှင်ခရမ်းချဉ်သီးများ ကြေလာတာနဲ့ ရေစစ်ထားသော ဂုံးများကို ဆား၊ ငံပြာရည်နှင့် ဟင်းခတ်မှုန့်တို့ကို ထည့်မွှေပေးပါ။
ပြီးနောက် ရေထည့်၍ ပွက်ပွက်ဆူအောင် တည်ပေးပါ။
ပြီးလျှင် ဂုံးများကျက်လာတာနဲ့ အရသာမြည်ကြည့်ပြီးရင်တော့ ရေမခမ်းခင် မီးပိတ်ထားပါ။
ပြီးရင်တော့ စားလို့မြိန်စေမယ့် ဂုံးဟင်းလျာလေးကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။
Myanmar Food Industry Directory
Read More >>>>  ကိတ်မုန့်ဆိုင်များအကြောင်း သိချင်ရင်
Sugar / Sugar Cane / Slab Sugar, Jagger Warehouse (191) သကြား၊ ကြံသကာ၊ ထန်းလျက်ပွဲရုံ (၁၉၁) ခုကိုရှာရန်နှိပ်ပါ။
Read times Last modified on Wednesday, 26 February 2020 09:58
Rate this item
(0 votes)