Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


စားလို့အရမ်းကောင်းတဲ့ တုန်ယမ်းဖက်ထုပ်ကြော်

Unicode

စားလို့အရမ်းကောင်းတဲ့ တုန်ယမ်းဖက်ထုပ်ကြော်

ကလေးရော လူကြီးများပါ အကြိုက်တွေ့စေမယ့် တုန်ယမ်းဖက်ထုပ်ကြော်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ငါးငံပြာရည်၊ ကြက်သားမှုန့်၊ ငရုတ်သီးအနီ၊ ကြက်သွန်ဖြူ၊ နံနံပင်၊ ကြက်သွန်နီ၊ ပုစွန်၊ မရောနိစ်၊ ငရုတ်သီးအနှစ်၊ ကောက်ရိုးမှို၊ ရှောက်ရွက်၊ သကြား၊ ပတဲကော၊ စပါးလင်၊ သံပရာမှုန့်၊ ဖက်ထုပ်အကြွပ်ကြော်တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဆော့စ်အတွက် ငံပြာရည်၊ သံပရာမှုန့်၊ ကြက်သားမှုန့်၊ သကြား၊ ငရုတ်နီ၊ ကြက်သွန်နီ၊ နံနံမြစ်၊ ကြက်သွန်ဖြူတို့ကို ကြိတ်စက်ထဲထည့်ပြီး ကြေညက်သည်အထိ ကြိတ်ပေးထားပါ။ အရသာကိုလည်း လိုအပ်သလောက် ထည့်ပါ။

 

ပြီးလျှင် ရောစပ်ထားတဲ့ အသင့်သုံးဆောစ့်ကို ပုစွန်၊ မှို၊ ငရုတ်သီးနှစ် နဲ့ မရောနိစ် တို့ ပေါင်းထည့်လိုက်ပါ။

 

 

Read More >>>>>  ပေါင်မုန့်နဲ့ပတ်သက်တဲ့ ဆိုင်လိပ်စာတွေသိချင်ရင်တော့ ဤနေရာကိုနှိပ်ပါ။

 

 

ပြီးနောက် ဟင်းခတ်အမွှေးအကြိုင်များပေါင်းထည့်ပြီး ဖြည်းဖြည်းချင်းမွှေပေးပါ။

 

ပြီးလျှင် အရသာကို လိုအပ်သလိုအတိုးအလျှော့ပြုလုပ်ပါ။

 

ပြီးနောက် ပုစွန်နယ်တစ်ဇွန်းစာခန့်ဆီကို ဖက်ထုပ်ကြွပ်ကြော်ထဲသို့ထည့်လိုက်ပါ။

 

ပြီးလျှင် အပေါ်မှ နံနံပင်နဲ့ ငရုတ်သီးအနည်းငယ်အုပ်ပြီးလျှင်တော့ စားလို့အရမ်းကောင်းတဲ့ တုန်ယမ်းဖက်ထုပ်ကြော်ကို အသင့်သုံးဆောင်နိုင်ပါတယ်။


#MFID

 

 

 


 


 


 


 


 


 

Read More >>>>>  ပေါင်မုန့်နဲ့ပတ်သက်တဲ့ ဆိုင်လိပ်စာတွေသိချင်ရင်တော့ ဤနေရာကိုနှိပ်ပါ။

 


 


 



#MFID

 

https://www.foodindustrydirectory.com.mm/categories/baked-goods/bakeries.html?q=Bakeries
Read times Last modified on Monday, 03 February 2020 17:28
Rate this item
(0 votes)