Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သားအာလူးကတ်သလိပ်ကြော်

ကြက်သားအာလူးကတ်သလိပ်ကြော် google.com

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ကလေးများ Lunch Box အတွက် ကလေးများအကြိုက်

ကြက်သားအာလူးကတ်သလိပ်ကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ အာလူး၊ ကြက်သား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ချင်း၊ ဆန်မှုန့်၊ ဆီ၊ ဟင်းခတ်မှုန့်၊ ကြက်ဥတို့ လိုအပ်ပါမယ်။

 

ပထမဆုံး အာလူးကို ကျက်အောင်ပြုတ်၍ အခွံနွှာထားပါ။ ပြီးလျှင် အာလူးကို စက်ဖြင့် ညက်နေအောင် ကြိတ်ထားပါ။

 

ပြီးရင်တော့ အာလူးကို ဆားနှင့် ငရုတ်ကောင်းမှုန့် ရောနယ်ထားပါ။



၎င်းနောက် ကြက်သားကို အသားချည်းသက်သက် နုတ်နုတ်စင်းထားပါ။

 

ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း တို့ကို နုတ်နုတ်စင်း၍ ဒယ်အိုးထဲ ဆီပါရုံလေးထည့်ပြီး ဆား၊ ဟင်းခတ်မှုန့်တို့ ထည့်၍ ရောကြော်ပါ။

 

ပြီးလျှင် ကြော်ပြီးသား ကြက်သားကို ညက်အောင်ကြိတ်ထားသော အာလူးထဲ ထည့်လုံးပြီး အစာသိပ်၊ ပြီးနောက် ကြက်ဥရည်ဖြင့်နှစ်၍ ဆန်မှုန့် ဖြင့်လူးကာ ဒယ်အိုးထဲဆီထည့်၍ ရွှေဝါရောင်သန်းတဲ့အထိကြော်ကာ အအေးခံရင်တော့ အရသာရှိတဲ့ ကြက်သားအာလူးကတ်သလိပ်ကြော်ကို အချဉ်ရည်ဖြင့် တွဲဖက်၍ အသင့်သုံးဆောင်နိုင်ပါတယ်။

Read 7995 times Last modified on Monday, 17 September 2018 15:10
Rate this item
(2 votes)