Myanmar
မန္တလေးဈေးကွက် စားသုံးဆီနှင့် ဆီထွက်သီးနှံ ဈေးနှုန်းများ အခြေအနေ
မန္တလေးဈေးကွက် စားသုံးဆီနှင့် ဆီထွက်သီးနှံ ဈေးနှုန်းများ အခြေအနေ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
25 5 2023
မန္တလေး ပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက်
မြေပဲ(လုံးဆံ/ဆီဆံ) ဈေးနှုန်းမှာ မိုးမြေပဲစိုက်ချိန်ဖြစ်ခြင်း ၊ လှောင်သမားထုတ်ရောင်းမှုရှိခြင်း ၊လုပ်ငန်း
သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် မြေပဲ(လုံးဆံ) ၁၀၀ ပိဿာ အရည်အသွေးအကောင်းဆုံး ၁၀၀ ပိဿာ ၆၇၅၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။
မြေပဲ(ဆီဆံ)မှာလည်း စက်သမား အဝယ်ပုံမှန်ရှိသော်လည်း လှောင်သမားထုတ်ရောင်းမှုရှိခြင်းကြောင့် ၁၀၀ ပိဿာ ၆၄၅၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။
နှမ်းမျိုးစုံဈေးနှုန်းအနေဖြင့် နွေနှမ်း အဝင်နည်းသေးခြင်း ၊ မိုးနှမ်းစိုက်ရန် ပြင်ဆင်ချိန်ဖြစ် ခြင်း ၊ နှမ်းဖြူ(သစ်)များ စတင်ဝင်ရောက်စပြုခြင်း ၊ အရည်အသွေးကောင်းခြင်း ၊ လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၄၅ ပိဿာ ယခင်အပတ် ၃၂၀၀၀၀ ကျပ် မှ ယခုအပတ် ၃၃၀၀၀၀ ကျပ် သို့ ဈေးမသိမသာမြင့်သွားသည်။
နှမ်းညိုမှာလည်း ဆီစက်သမား အဝယ်ရှိခြင်း ၊ အသစ်များ အရည်အသွေးကောင်းခြင်း ကြောင့် ယခင်အပတ် ၄၅ ပိဿာ ၂၇၀၀၀၀ ကျပ် မှ ယခုအပတ် အရည်အသွေး အကောင်းဆုံး ၂၉၅၀၀၀ ကျပ် သို့ ဈေးမြင့်သွားသည်။
နှမ်းနက်(စမုံ)မှာ အသစ်ရော အဟောင်းပါ ဝင်ရောက်မှုရှိခြင်းကြောင့် အရောင်းအဝယ်အေးခြင်းကြောင့် ၄၅ ပိဿာ ၃၄၅၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။
ပန်းနှမ်းဈေးနှုန်းမှာ လက်ကျန်နည်းခြင်း ၊ အသစ်အဝင်နည်းခြင်း ၊ အရည်အသွေး ကောင်းခြင်း ၊ရောဆီအဖြစ်သုံးရန် ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၄၅ ပိဿည ယခင်အပတ် ၂၀၀၀၀၀ ကျပ် မှ ၂၀၅၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။
နေကြာဈေးနှုန်းမှာလည်း ဆောင်းနေကြာ လက်ကျန်နည်းခြင်း ၊ လှောင်သမား ထံမှဝယ် ရခြင်း ၊ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၂၇ ပိဿာ ၁၀၃၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
စားသုံးဆီဈေးနှုန်းများအနေဖြင့်
ပဲဆီ တစ်ပိဿာ ၁၂၀၀၀ ကျပ် မှ ၁၃၀၀၀ ကျပ် ၊
နှမ်းဆီ တစ်ပိဿာ ၁၁၀၀၀ ကျပ် ၊
မုန်ညှင်းဆီ တစ်ပိဿာ ၁၀၀၀၀ ကျပ် ၊
နေကြာဆီ တစ်ပိဿာ ၁၂၀၀၀ ကျပ် မှ ၁၃၀၀၀ ကျပ် ၊
ပဲပုတ်ဆီ တစ်ပိဿာ ၅၈၀၀ ကျပ် မှ ၆၅၀၀ ကျပ်ဖြင့်
ဈေးတည်ငြိမ်နေသည်။
Source MOALI
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U



