Myanmar
မန်ကျည်းနှစ်ဆော့စ်နဲ့ ကကတစ်ငါးကြော်
ကကတစ်ငါးကိုကြော်မယ်ဆိုရင်တော့ ကလေးရော လူကြီးရော ကြိုက်နှစ်သက်ကြပါတယ်။ ယနေ့တွင်တော့ ကကတစ်ငါးကို ပုံစံတစ်မျိုးနဲ့တစ်မူထူးအောင်
အိမ်တွင်လည်း လွယ်လင့်တကူ ချက်ပြုတ်နိုင်တဲ့ ငါးမန်ကျည်းနှစ်ဆော့စ် ပြုလုပ်နည်းကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ကကတစ်ငါး၊ မန်ကျည်းနှစ်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးအနီတောင့်၊ ထန်းလျက်ခဲ၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ကော်မှုန့်၊ ဆီ တို့လိုအပ်ပါမယ်။
ကကတစ်ငါးကို ရေဆေးသန့်စင်ပြီးလျှင် စိတ်ကြိုက်မွှန်းပြီး ဆား၊ ငရုတ်ကောင်းတို့နှင့် နယ်ပေးပါ။ ပြီးလျှင် ကော်မှုန့်ြ့ဖင့် ကပ်၍ ဆီပူပူမှာ ကြွပ်ပြီး ကျက်သည်အထိ ကြော်လိုက်ပါ။
ပြီးလျှင် ဆီစစ်ပြီး ပန်းကန်ပြားတစ်ချပ်ထဲသို့ ထည့်လိုက်ပါ။
မန်ကျည်းနှစ်ဆော့စ်ချက်ရန်အတွက် ဒယ်အိုးထဲမှာ ကြက်သွန်ဖြူဓားပြားရိုက်ထားတာကို ဆီ နည်းနည်းထည့်ပြီး ဆီသတ်ပေးပါ။ အနံ့မွှေးလာပြီဆိုလျှင် မန်ကျည်းနှစ်ထည့်ပါ။ ရေအနည်းငယ်၊ နုတ်နုတ်စဉ်းထားတဲ့ငရုတ်သီး၊ ထန်းလျက်ခဲ နှင့် အရသာများထည့်လိုက်ပါ။
ပြီးနောက် ဆော့စ်အရသာမှာ ချို၊ ချဉ်၊ စပ် အရသာရပြီဆိုလျှင်တော့ ကကတစ်ငါးကြော်ပေါ်သို့ အရည်ဆမ်းပြီး မြိန်ယှက်စွာသုံးဆောင်နိုင်ပါတယ်။