Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


စားချင်စဖွယ် ရေခဲမုန့်ကြော်

ပူလွန်းတဲ့ဒီလိုရာသီမှာ ရေခဲမုန့်လို အချိုစာကတော့ ကလေးများအကြိုက်ဆုံး ဖြစ်ပါတယ်။ အဲဒါကြောင့် အိမ်မှာလည်း လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ရေခဲမုန့်ကြော်ပြုလုပ်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ရေခဲမုန့်၊ ကြက်ဥ၊ ကိတ်မှုန့်ခြောက်၊ အုန်းသီးအမှုန့်၊ Nutmeg တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ကြက်ဥကို ဖောက်ပြီး ကြက်ဥတစ်လုံးရဲ့အကာပဲယူပါတယ်။ ပြီးလျှင် Nutmeg ကို ထည့်ခေါက်ထားပါ။

 

ပြီးနောက် ဇလုံထဲတွင် ကိတ်ခြောက်မှုန့်နဲ့အုန်းသီးအမှုန့်ကိုရောထားပါ။

 

ပြီးလျှင် ရေခဲမုန့် ကိုရေခဲသေတ္တာထဲက ထုတ်ပြီးပြီးချင်း အလုံးလေးဖြစ်ခပ်လိုက်ပါ။

 

ပြီးနောက် ကြက်ဥနှစ်မှာ နှစ်ကာ နဲ့ ကိတ်ခြောက်မှုန့်နဲ့ လိုက်ကပ်လိုက်ပါ။

 

Read More >>>>>  အရည်သောက်ကြိုက်နှစ်သက်သူများအတွက် ၁၂မျိုးဟင်းချို

 

ပြီးလျှင် Oven tray ပေါ်ထည့်ပြီး  freezer  ထဲ နာရီဝက်လောက် ထည့်ထားပါ။

 

နာရီဝက်အကြာပြန်ထုတ်ပြီး ကြက်ဥအနှစ်မှာ နှစ်ကာ နဲ့ ကိတ်ခြောက်မှုန့်နဲ့ ခပ်ထူထူကပ်လိုက်ပါ။

 

Freezer ထဲ နောက်ထပ် တစ်နာရီလောက် ထပ်ထားပြီးရင်ကြော်လို့ရပါပြီ။

 

ဆီပူလာရင်တော့ ရေခဲမုန့်အလုံးလေးကို နှစ်ကြော်လိုက်ပါ။ ၅ စက္ကန့်လောက်ကြော်ရင်ရပါပြီ။ အတွင်းပိုင်း ရေခဲမုန့်ကတော့ ခဲလျက်ရှိနေပါမယ်။

 

ရေခဲမုန့်ကြော် စားတဲ့အခါ စတော်ဘယ်ရီ၊ ကီဝီ၊ စပျစ်သီး တို့ကို wiping cream ဖြင့်မွမ်းမံကာ တွဲဖက်စားသုံးနိုင်ပါတယ်။

Read times Last modified on Tuesday, 14 May 2019 10:36
Rate this item
(2 votes)