Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ချဉ်ငံစပ် ကြက်သားသုပ်

Unicode

ချဉ်ငံစပ် ကြက်သားသုပ်  


ပိတ်ရက် မိသားစုဆုံတုန်းလေး ထမင်းမြိန်ပြီး ခံတွင်းတွေ့စေမယ့် ချဉ်ငံစပ် ကြက်သားသုပ် နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းတွေကတော့ ကြက်သား၊ ကြက်မြစ်ကြက်သည်း၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ သံပရာသီး၊ ကုလားပဲအစိမ်းမှုန့်၊ နနွင်းမှုန့်၊ မဆလာ၊ ဆီ၊ ငံပြာရည်၊ ကြက်သားမှုန့် တို့ လိုအပ်ပါမယ်။


Soft Drink & Juice (933)အအေးနှင့်ဖျော်ရည်လုပ်ငန်းများ (၉၃၃) ခုကိုရှာရန်နှိပ်ပါ။


ပထမဦးဆုံး ရေနွေးအိုးကို ပွက်ပွက်ဆူအောင်တည်ထားပါ။


ပြီးတော့မှ ကြက်သားကို ရေဆေးသန့်စင်ပေးထားပါ။


ပြီးလျှင်တော့ နနွင်းမှုန့်၊ ငံပြာရည်၊ ဆား၊ ကြက်သားမှုန့် တို့နဲ့ ရောမွှေပြီး တစ်နာရီခန့် နှပ်ထားပေးပါ။


ပြီးနောက် ပဲမှုန့်ကို ရေဖြင့်ဖျော်ပေးပြီး နာရီဝက်ခန့်စိမ်ထားပါ။


ပြီးလျှင် ငရုတ်သီးစိမ်းကို ပါးပါးလှီးထားပါ။ ကြက်သွန်နီကိုလည်း ပါးပါးလှီးထားပါ။ ဂေါ်ဖီကိုလည်း ပါးပါးလှီးထားပါ။ သံပရာသီးကို အစိပ်လေးတွေဖြစ်အောင် လှီးထားပါ။


Read More >>>>>   ထမင်းမြိန်စေမယ့် ချဉ်စပ် ငါးခြောက်ထောင်းကျော်


ပြီးနောက် ရေနွေးအိုးဆူပွက်တဲ့အထဲကို ကြက်သားနှပ်ထားတာကို ရောထည့်လိုက်ပါ။ နာရီဝက်ကျော်ကျော်လောက်ကို နူးသည်အထိ ပြုတ်ပေးပါ။ ပြီးရင်တော့ အအေးခံပြီး ကြက်သားကို ခပ်ပါးပါးလှီးထားပါ။


ပြီးလျှင် ပဲရည်ချက်ဖို့အတွက် ဒယ်အိုးထဲ ဆီထည့်ပြီး ကြက်သွန်နီကို ထည့်ပြီး ဆီသပ်ပါ။


ပြီးနောက် ပြုတ်ထားတဲ့ ကြက်သားပြုတ်ရည်ကိုထည့်၊ ပဲစိမ်းရည်ကိုထည့်လိုက်ပါ။


ပြီးရင် အရသာအတွက် ဆား၊ ငံပြာရည်၊ ကြက်သားမှုန့်၊ မဆလာတို့ကို ထည့်ပြီး တည်ထားပါ။  ဟင်းရည်ပွက်ပြီဆိုရင်တော့ ပဲအရည်ကျက်ပါပြီ။


ကြက်သားသုပ်ဖို့အတွက် ပန်းကန်တစ်ချပ်ကိုယူ ဂေါ်ဖီ၊ ကြက်သား၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးမှုန့်၊ သံပရာသီး၊ ပဲဟင်းရည်တို့ကိုထည့်ပြီးရင်တော့ အရသာရှိတဲ့ ချဉ်ငံစပ် ကြက်သားသုပ်လေးကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။


Myanmar Food Industry Directory

 

 

 

 

ခ်ဥ္ငံစပ္ ၾကက္သားသုပ္  

 

ပိတ္ရက္ မိသားစုဆံုတုန္းေလး ထမင္းၿမိန္ၿပီး ခံတြင္းေတြ႔ေစမယ့္ ခ်ဥ္ငံစပ္ ၾကက္သားသုပ္ နည္းေလးကို ေအာက္တြင္ ေဖာ္ျပေပးလိုက္ပါတယ္။

 

ပါ၀င္ပစၥည္းေတြကေတာ့ ၾကက္သား၊ ၾကက္ျမစ္ၾကက္သည္း၊ ေဂၚဖီ၊ ၾကက္သြန္နီ၊ င႐ုတ္သီးစိမ္း၊ သံပရာသီး၊ ကုလားပဲအစိမ္းမႈန္႕၊ နႏြင္းမႈန္႕၊ မဆလာ၊ ဆီ၊ ငံျပာရည္၊ ၾကက္သားမႈန္႕ တို႕ လိုအပ္ပါမယ္။

 

Soft Drink & Juice (933)အေအးႏွင့္ေဖ်ာ္ရည္လုပ္ငန္းမ်ား (၉၃၃) ခုကိုရွာရန္ႏွိပ္ပါ။

 

ပထမဦးဆံုး ေရေႏြးအိုးကို ပြက္ပြက္ဆူေအာင္တည္ထားပါ။

 

ၿပီးေတာ့မွ ၾကက္သားကို ေရေဆးသန္႕စင္ေပးထားပါ။

 

ၿပီးလွ်င္ေတာ့ နႏြင္းမႈန္႕၊ ငံျပာရည္၊ ဆား၊ ၾကက္သားမႈန္႕ တို႕နဲ႕ ေရာေမႊၿပီး တစ္နာရီခန္႕ ႏွပ္ထားေပးပါ။

 

ၿပီးေနာက္ ပဲမႈန္႕ကို ေရျဖင့္ေဖ်ာ္ေပးၿပီး နာရီ၀က္ခန္႕စိမ္ထားပါ။

 

ၿပီးလွ်င္ င႐ုတ္သီးစိမ္းကို ပါးပါးလွီးထားပါ။ ၾကက္သြန္နီကိုလည္း ပါးပါးလွီးထားပါ။ ေဂၚဖီကိုလည္း ပါးပါးလွီးထားပါ။ သံပရာသီးကို အစိပ္ေလးေတြျဖစ္ေအာင္ လွီးထားပါ။

 

Read More >>>>>   ထမင္းၿမိန္ေစမယ့္ ခ်ဥ္စပ္ ငါးေျခာက္ေထာင္းေက်ာ္

 

ၿပီးေနာက္ ေရေႏြးအိုးဆူပြက္တဲ့အထဲကို ၾကက္သားႏွပ္ထားတာကို ေရာထည့္လိုက္ပါ။ နာရီ၀က္ေက်ာ္ေက်ာ္ေလာက္ကို ႏူးသည္အထိ ျပဳတ္ေပးပါ။ ၿပီးရင္ေတာ့ အေအးခံၿပီး ၾကက္သားကို ခပ္ပါးပါးလွီးထားပါ။

 

ၿပီးလွ်င္ ပဲရည္ခ်က္ဖုိ႕အတြက္ ဒယ္အိုးထဲ ဆီထည့္ၿပီး ၾကက္သြန္နီကို ထည့္ၿပီး ဆီသပ္ပါ။

 

ၿပီးေနာက္ ျပဳတ္ထားတဲ့ ၾကက္သားျပဳတ္ရည္ကိုထည့္၊ ပဲစိမ္းရည္ကိုထည့္လိုက္ပါ။

 

ၿပီးရင္ အရသာအတြက္ ဆား၊ ငံျပာရည္၊ ၾကက္သားမႈန္႕၊ မဆလာတုိ႕ကို ထည့္ၿပီး တည္ထားပါ။  ဟင္းရည္ပြက္ၿပီဆိုရင္ေတာ့ ပဲအရည္က်က္ပါၿပီ။

 

ၾကက္သားသုပ္ဖုိ႕အတြက္ ပန္းကန္တစ္ခ်ပ္ကိုယူ ေဂၚဖီ၊ ၾကက္သား၊ ၾကက္သြန္နီ၊ င႐ုတ္သီးစိမ္း၊ င႐ုတ္သီးမႈန္႕၊ သံပရာသီး၊ ပဲဟင္းရည္တို႕ကိုထည့္ၿပီးရင္ေတာ့ အရသာရွိတဲ့ ခ်ဥ္ငံစပ္ ၾကက္သားသုပ္ေလးကို ၿမိန္ယွက္စြာ သံုးေဆာင္ႏိုင္ပါတယ္။

 

Myanmar Food Industry Directory

Read 2319 times Last modified on Friday, 28 February 2020 16:03
Rate this item
(0 votes)