Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးနုသန်းဆီပြန်

ဒီကနေ့ တင်ပြမည့်အကြောင်းကတော့ အိမ်တွင်လွယ်လင့်တကူပြုလုပ်နိုင်တဲ့ ငါးနုသန်းဆီပြန်ချက်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။

လိုအပ်သည့်အမယ်များကတော့ ငါးနုသန်းခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူငရုတ်ခြောက်တောင့်၊ ငရုတ်သီးစိမ်းပင်စိမ်းရွက်၊ ဆီ၊ ဟင်းခတ်မှုန့်တို့လိုအပ်ပါမယ်။



ပထမဆုံး ငါးနုသန်းကို ချေးထုတ်၊ ဗိုက်ဖောက်ပြီး ရေဖြင့်သန့်စင်ထားပါ။ ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့် တို့ဖြင့် အရသာနယ်ပြီး နှပ်ထားပါ။

 

ပြီးလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်ခြောက်တောင့်တွေကို ညှက်အောင်ထောင်းထားပါ။ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ပင်စိမ်း တို့ကို ပါးပါးလှီးထားပါ။



ပြီးနောက် ဒယ်အိုးတစ်လုံးမှာ ဆီအနည်းငယ်ကိုထည့်ပြီး ညက်အောင်ထောင်းထားသော အရာများကိုထည့်လိုက်ပါ။ ခရမ်းချဉ်သီးနှင့် ငရုတ်သီးစိမ်းတို့ကိုလည်း ပေါင်းထည့်လိုက်ပါ။



ဒယ်အိုးပတ်လည်ကို ရေအနည်းငယ်လေးထည့်ကာ အဖုံးအုပ်ပြီးမီးအေး
အေးနဲ့တည်ထားပါ။ ရေခမ်းပြီး ဆီသံကြားပြီဆိုမှ အဖုံးဖွင့်ပြီးညင်သာစွာ နှံ့အောင်မွှေပေးပါ။



အနှစ်ရပြီဆိုရင် အရသာနယ်ထားတဲ့ ငါးတွေထည့်ကာ နှံ့သွားအောင် နောက်တစ်ကြိမ်ထပ်မွှေပေးပါ။

အဖုံးအုပ်ထားပြီး ရေခမ်းဆီပြန်သည်အထိဆက်တည်ထားပါ။ ဆီပြန်လာလျှင် ပင်စိမ်းရွက်အုပ်ပြီး ဒယ်အိုးကိုလှည့်၍ အိုးကပ်အောင်တည်ပါ။

Read times Last modified on Tuesday, 18 September 2018 15:11
Rate this item
(1 Vote)