Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ရွာမှာ quarantine ဝင်ရတဲ့ သာထူစေးး ဘာတွေ ချက်စားဖြစ်သလဲ

ဘာပဲဖြစ်ဖြစ်ပါ လောကကြီးမှာအကောင်းမြင်ဝါဒီသမါးတွေ အများကြီးရှိစေချင်တယ်

မြန်မာပြည်ကြီးကျန်းမာချမ်းသာကြွယ်ဝပေါများစေချင်တာအမှန်ပါ ပညာတတ်တွေလဲအများကြီးမွေးထုတ်ပေးစေချင်တယ် ပညာတတ်ကိုပြောတာနော် သင်ညာတတ်ကိုပြောတာမဟုတ်ပါ ခုတော့ မြန်မာပြည်ကြီးအတွက်ကျနော်ဆုတောင်းပေးနေတာပေါ့ ကပ်ရောဂါကြီးကိုကျော်လွှားနိူင်အောင်လို့လေ အမေစုပြောသလိုပါပဲ ကိုယ်တွေအိမ်ထဲမှာငြိမ်ငြိမ်လေး နေပေးတာကိုက ကျန်းမာရေးဒါနအလှူတစ်ခုပဲလေ မနေ့ကရွာကအိမ်ကိုပြန်ရောက်ပါတယ် ရွာလူကြီးက ကိုယ်နဲ့တွေချင်လို့တဲ့ လာစောင့်နေလေရဲ့ ကိုယ်တွေလဲရောက်ရော ဟုတ်ပြောစရာရှိတာပြောပါပေါ့ သူကလဲ ရွာသားတွေကဖုန်းဆက်တယ်တဲ့ ဒီအိမ်ကိုကားတွေတစီးပြီးတစီးလာတော့ လူစိမ်းတွေဝင်တော့ ကျန်းမာရေးအတွက် စိုးရိမ်လို့ ရွာသားတွေကသတိလာပေးလို့လာစောင့်နေတာတဲ့ တခြားရွာကိုသွားတဲ့ကားတွေပါ ကိုယ်တွေအဲလောက်လဲမရှိပါဘူးလို့  covid 19 ကပ်ရောဂါမြန်မြန်ကင်းရှင်းပါစေလို့ အဲဒါမှါအလုပ်တွေပြန်လည်ပတ်ပြီး အဆင်ပြေမှာပါလို့ ခုတော့ ၃လစာလောက်ပဲတောင်ခံနိူင်မယ်ထင်တယ်ပေါ့ ကိုယ်တွေအတွက်ပေါ့လေ အုပ်ကြီးကပြန်ပြောတယ် ကျနော်တို့ရွာကလူတွေဆိုပိုဆိုးတယ်တဲ့ တလတောင်တောင်ခံနိူင်ပါမလားတဲ့ ကျနော်တိုမိသားစုကိုလဲ တခြားရွာက အမျိုးတွေထံအလည်အပတ်တွေမသွားဖို့လာတားတာတဲ့ ကျနော်ကလဲ ဟုတ်ကဲပါ နေအရမ်းပြင်းတော့ မသွားနိူင်ပါဘူးပေါ့ ကိုယ်အိမ်ထဲမှာတောင်မနည်းအသက်လုရူရတယ် နေပြင်းတယ်လေ အော်အဲဒါနဲ့ပြောရအုံးမယ် ရွာကလူတွေကပြောခိုင်းလို့ လာပြောရတာပါတဲ့ ကျနော်တို့ရွာသားတွေကိုအရမ်းလေးစားမိတယ် သူတို့တွေ covid 19 ကိုစိုးရိမ်တကြီးနဲ့ ဝိုင်းကာကွယ်တယ်ပေါ့ အင်းလေ သူတို့ကရွာကိုတောင် လော့ဒေါင်းချချင်တယ်ဆိုပဲ သူများလော့ဒေါင်းဆိုတာနဲ့ သူတို့လဲလော့ဒေါင်းဆိုတာပဲ လော့ဒေါင်းဆိုတာ ဘာလဲ ဘယ်လိုစီစဥ်ရလဲ ဆိုတာကိုမသိရှာဘူး ဒါနဲ့ကိုယ်တွေလဲ အုပ်ကြီးကို ၂နာရီလောက်မနားစတမ်းတရားပြန်ချပေးလိုက်ရသေးတယ် ရွာကလူတွေ ဗဟုသုတတွေပွါးများစေဖို့ ပညာပေးချင်လိုက်တာ ဒါပေသည့် ဒီအချိန်က မိမိအိမ်ထဲအောင်းရမယ်အချိန်လေ ကိုယ်တွေကအိမ်က ကွင်းထဲထီးတည်းမှာဆိုတော့ လောကနဲ့အဆက်အသွယ် (လူတွေနဲ့) ခဏတာ ပြတ်နေတာပေါ့

စပါးခင်းတွေက စတင်မှည့်နေပြီလေ နောက်တပတ်လောက်ဆိုရိတ်လို့ရနေလောက်ပြီ ကိုယ်တွေအတွက်တော့ ဝမ်းစာဖူလုံနေပြီလေ ဆန်မွေးမွေးလေး ချက်ကျွေးချင်တယ်ကွာ

 

အိမ်နောက်ကချောင်းထဲမှာလဲ ဓနိတွေသီးနေလေရဲ့ အမျိုးတွေကို ဓနိရည်ချိုချိုလေးလဲတိုက်ချင်ပါရဲ့ ရောဂါတွေကင်းရှင်းတဲ့တနေ့ပေါ့

 

ကုလားအော်သီးတွေလဲ သီးတာဆိုတာခူးလို့တောင်မနိူင်တော့တာ စားမယ်သူလဲမရှိဘူး ခုတော့ ကုလားမအော်ဘဲ ကရင်အော်နေတာ စပ်တာဆိုတာပြဲလန်နေရော

 

ရွာရောက်တုန်း home stay နေရတယ် ရွာလူကြီးကလဲဖြစ်နိူင်ရင် အခြားရွာတွေကို အလည်အပတ်မထွက်ဖို့ မေတ္တာရပ်ခံထားတယ် ကိုယ်တွေကလဲ အိမ်ထဲအောင်းပြီး လာသမျှစျေးသည်တွေကိုခေါ်ပြီး တခုပြီးတခုဝယ်တာလေ ဝယ်လဲဝယ်စပ်လဲစပ်စုပေါ့ 

တချို့စျေးသည်တွေဆို မနက် ၆ နာရီလောက်ကတည်းက ရွာကထွက်လာတာ ကိုယ်တွေအိမ်ကို ၁၀ နာရီကျော်လောက်မှာရောက်တာ 

 

ရေချိုပုဇွန်ထုပ်ကြီးတွေလေ လပ်ဆတ်လိုက်တာ စိမ်းခံနေတာပဲ 

ပုဇွန်ဆိုတာ စိမ်းနေမှလတ်ဆတ်တာလေ 

 

ရန်ကုန်မှာ ဒီလိုလတ်ဆတ်တာ မတွေရတာကြာပေါ့။

သူပုဇွန်တွေက export တွေရပ်ထားလို့ ဒိုင်တွေကလဲ အဝယ်ရပ်ထားတာကြာပြီတဲ့ ဒါကြောင့်ရွာထဲ ကွင်းထဲပတ်ရောင်းရတာတဲ့ စားရကံကြုံလို့ဆိုပဲ။

 

ဒါတွေက ကင်စားဖို့ပါ။ 

 

 

ဒါတွေက ဆီပြန်ချက်စားဖို့

တပိဿာကို ၁၃၀၀၀ ဆိုတော့ တန်ချက်ဗျာ

အလေးလဲပြည့်တယ် သူတို့စျေးရောင်းတာက ချိန်ခွင်မယူလာဘူး အိမ်ရှင်ရဲ့ ချိန်ခွင် အလေးနဲ့ပဲချိန်တာလေ မပြည့်စရာအကြောင်းကိုမရှိ ဘူးပေါ့။

သူတို့လဲဝမ်းရေးအတွက်လုပ်ရရှာတာလေ အရင်နှစ်တွေကဆို အရောင်းအဝယ်ကောင်းတော့ အဲလောက်ထိရုပ်မပျက်ဘူးတဲ့ ခပ်တင်းတင်းရောင်းယုံပဲဆိုပဲ ခုတော့ဝယ်သူကိုမနည်းလိုက်ရှာရတယ်တဲ့ ဒါလဲသူတို့ပြောတာတော့ တရုတ်ရောဂါကြောင့်ဆိုပဲ။

 

ဒီအိမ်မက်ဆိုးကြီးကနေ အမြန်နိုးထချင်ပြီ။

 

မနက်ဖြန် ဆက်ပါဉီးမည်။

Read times
Rate this item
(0 votes)