Myanmar



မန္တလေး ကိုင်းတန်းစျေး ဆန်အဝင်အထွက်နှင့် စျေးနှုန်းများ

မန္တလေး ကိုင်းတန်းစျေး ဆန်အဝင်အထွက်နှင့် စျေးနှုန်းများ

TO GET INSTANT UPDATE 

Join Telegram Channel

https://t.me/Guid4U

 

မန္တလေးဈေးကွက်တွင် ဆန်ဈေးနှုန်းအနေဖြင့် ရန်ကုန်ပေါ်ဆန်းမှာ အဝင်ပုံမှန်စားသုံးမှု ပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၇၅,၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ရွှေဘိုပေါ်ဆန်းများ အဝင်ပုံမှန်ရှိခြင်း၊ မြို့တွင်းသုံးဝယ်ယူမှု နည်းခြင်းကြောင့် ၈၄,၀၀၀ ကျပ်မှ ၈၀,၀၀၀ ကျပ်သို့ ဈေးမသိမသာ နိမ့်သွားသည်။ 

 

မနောသုခဆန်မှာ အဝင်ပုံမှန်၊ စားသုံးမှုပုံမှန်ရှိခြင်းကြောင့် အသစ်တအိတ် ၅၅,၀၀၀ မှ ၆၀,၀၀၀ ကျပ်ထိ အရည် အသွေးပေါ်မူတည်ရောင်းချမှုရှိသည်။ ငစိန်ဆန်မှာ အဝင်ပုံမှန်ရှိခြင်း မုန့်လုပ်ငန်းသမား ဝယ်ယူမှုနည်းခြင်း ကြောင့် တစ်အိတ်လျှင်  ၅၂,၀၀၀ ကျပ်မှ ၅၀,၀၀၀ ကျပ်သို့ ဈေးမသိမသာ နိမ့်သွားသည်။ 

 

HT LT Co

Click Here >>> HT-LT Co., Ltd.

 

ဇီယာဆန်မှာ ပြည်ပပို့ရန် အဝယ်ရှိခြင်း၊ အသစ်အဝင်နည်းသွားခြင်းကြောင့် အဟောင်းတစ်အိတ်လျှင် ၆၀,၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်သော်လည်း အသစ်တအိတ်လျှင် ၅၃,၀၀၀ ကျပ်မှ ၅၈,၀၀၀ကျပ်သို့ဈေးမြင့်သွားသည်။

 

ဧရာမင်းဆန်မှာ ထွက်ရှိရာဒေသအလိုက် အရည်အသွေးပေါ်မူတည်၍ တအိတ် ၇၀,၀၀၀ ကျပ်မှ ၇၅,၀၀၀ ကျပ် ဖြင့် မြို့တွင်းစားသုံးမှုများသည်။ မန္တလေးဝန်းကျင်အမှာရှိသော မြို့များ၊ ဗန်းမော် - ကွပ်ခိုင်သို့ တင်ပို့မှုရှိကြောင်း သိရသည်။

 

Source: MOALI

Myanmar Food Industry Guide

Read times Last modified on Friday, 10 March 2023 10:15
Rate this item
(2 votes)