Myanmar
ကလေးများအကြိုက် ကြက်သားကတ္တလိပ်ကြော်
ကြက်သားကို ပုံစံအမျိုးမျိုးနဲ့လုပ်စားသူများအတွက် ရည်ရွယ်ပြီး နူးညံ့ပြီးအရသာရှိတဲ့ ကြက်သားကတ္တလိပ်ကြော် နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ ကြက်သား၊ ဆား၊ ကြက်သားမှုန့်၊ ခရုဆီ၊ ငရုတ်ကောင်းမူန့် ၊ ကြက်ဥ၊ ပြောင်းမှုန့်၊ ပေါင်မုန့်ခြောက်၊ နှမ်းဆီမွှေးတို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ကြက်သားကို မထူးမပါး အပြားလှီးပြီး ရေဆေးကြောထားပါ။
ပြီးလျှင် ကြက်သားကို ဆား၊ ခရုဆီ၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး နာရီဝက်ခန့်နှပ်ထားပါ။
ပြီးနောက် ပြောင်းမှုန့်ကို ဇလုံတစ်လုံးထဲထည့်ပြီး ကြက်ဥကိုဖောက်၍ ခေါက်ထားပါ။
ပြီးလျှင် ပေါင်မုန့် ခြောက်ကိုလည်း ဇလုံတစ်လုံးထဲထည့်ထားပါ။
ပြီးနောက် ဒယ်အိုးကို မီးဖိုပေါ်တင်လိုက်ပါ။ ပြီးလျှင် ကြက်သားကတ္တလိပ်ကြော်ဖို့ဆီများများ ထည့်ပါ။ ဆီပူလာရင် ကြက်သားကို တစ်ခုချင်းဆီ ပြောင်းမှုန့်နှင့်နယ်ပြီးလျှင် ကြက်ဥ ထဲနှစ်၍ ပေါင်မုန့်ခြောက်ကပ်ပြီး တစ်ခုချင်းစီထည့်ကြော်ပါ။
ပြီးနောက် အထက်အောက် ကျက်အောင်ကြော်ပြီးလျှင် အချဉ်ရည်နဲ့ တွဲဖက်၍ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။



