Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


လေးမျက်နှာမြို့နယ်၌ မိုးစပါး RS to CS မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်

လေးမျက်နှာမြို့နယ်၌ မိုးစပါး RS to CS မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေ ပေးအပ် Moi.Gov

ဧရာဝတီတိုင်းဒေသကြီ၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ စီးပွားရေး ကုစားမှုအစီအစဉ်(CERP)အရ မိုးစပါး RS to CS မျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ၂၀၂၀ခုနှစ် ဩဂုတ်လ ၂၆ရက်နေ့ နံနက်(၁၁)နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပါသည်။

 

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းက မျိုးသန့်စပါးများ စိုက်ပျိုးလာခြင်းအားဖြင့် နိုင်ငံတော်ကို အကျိုးပြုခြင်း ဖြစ်ကြောင်းစတဲ့ အဖွင့်အမှာစကားများ ပြောကြားခဲ့ပါသည်။

 

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစောဝင်းရွှေက ကျေးရွာအုပ်စု(၁၁)စုမှ တောင်သူ(၄၃) ဦးကို CERP အစီအစဉ်ဖြင့် မျိူးစေ့ဖိုးနှင့် စိုက်ပျိုးစရိတ်များအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်း ဖြစ်ကြောင်းနှင့် မိုးစပါး RS to CS မျိုးစေ့ထုတ် စိုက်ပျိုးသည့် တောင်သူများအား ထောက်ပံ့ငွေ ထုတ်ပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများက ပထမအကြိမ် RS to CS မျိုးစေ့ထုတ်စိုက်ပျိုးသည့်‌ ကျေးရွာအုပ်စု(၁၁)စုမှ တောင်သူ(၄၃)ဦး၏ မျိုးစေ့ထုတ် စိုက်ဧက(၁၃၅.၀၀)ဧကအတွက် ငွေကျပ်သိန်းပေါင်း (၁၁၂၇၂၅၀၀)ကျပ် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရပါသည်။

 

By Myanmar Food Guide

 

Moi.Gov

Read times Last modified on Wednesday, 26 August 2020 15:37
Rate this item
(0 votes)