Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဟင်းနုနယ်ရွက်သုပ်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အရွက်သုပ်စားချင်သူများအတွက်

ဟင်းနုနယ်သုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ဟင်းနုနယ်၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ပုစွန်ခြောက်မှုန့်၊ ကြက်သွန်နီကြော်၊ နှမ်း၊ နံနံပင်၊ ဟင်းခတ်မှုန့်၊ ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊ ဆား၊ ခရမ်းချဉ်သီး တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ဟင်းနုနယ်ကို အရွက်နှင့် အရိုးတံများကို ခြွေပြီး ရေနွေးပူပူထဲမှာ ထည့်၍ ပြုတ်လိုက်ပါ။ ပြီးရင် ဟင်းနုနယ်ပြုတ်ပြီးသားကို ရေစစ်ထားပါ။

 

ပြီးနောက် ကြက်သွန်နီကို ပါးပါးလှီးပြီး ရေဆေးထားပါ။ ခရမ်းချဉ်သီးကိုလည်း ပါးပါးလှီးထားပါ။

 

အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် ဇလုံတစ်လုံးထဲမှာ ဟင်းနုနယ်၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီနှင့် အခြားသော ပါဝင်ပစ္စည်းများအပြင် ဆား၊ ဟင်းခတ်မှုန့်တို့ထည့်၍ သုပ်လိုက်ပါ။ ပြီးလျှင် အရသာဖြည့်စွက်၍ မြည်းစမ်းကာ ထမင်းပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

 

သက်သတ်လွတ်သမားများအတွက်ကတော့ ပုစွန်ခြောက်၊ ငံပြာရည်တို့မထည့်ဘဲ ဟင်းနုနယ်ရွက်ကို သုပ်စားနိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:12
Rate this item
(1 Vote)