Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ချဉ်ငံစပ် ကင်းမွန်အစာသွပ်ချက်နည်း

Unicode


ချဉ်ငံစပ် ကင်းမွန်အစာသွပ်ချက်နည်း


ကင်းမွန်ကို ဆန်းဆန်းပြားပြားစားချင်သူများအတွက် ကင်းမွန်အစာသွပ်ချက်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ကင်းမွန်၊ ဝက်သားကြိတ်သား၊ ဆား၊ ငရုတ်ကောင်း၊ ကြက်ဥ၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်၊ ပဲငံပြာရည်၊ သကြား၊ ခရုဆီ၊ ငရုတ်သီးအစိမ်းမှုန့်၊  ငရုတ်သီးစိမ်း၊ မန်ကျည်းသီး၊ ငံပြာရည်၊ ထန်းလျက်၊ ငရုတ်သီးအကျက်မှုန့်၊ ဆန်လှော်မှုန့် တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဝက်သားကြိတ်ပြီးသားကို ဆား၊ ငရုတ်ကောင်း၊ ကြက်ဥတစ်လုံးဖောက်ထည့်ပြီး သမအောင်နယ်၍ နှပ်ထားပေးပါ။  ပြီးလျှင် မုန်လာဥနီနှင့် ကြက်သွန်မြိတ်ကို သေးသေးလေးတွေလုပ်ပြီး အသားနဲ့ ရောထည့်ထားပါ။

 


ပြီးနောက် ကင်းမွန်ကို ရေဆေးသန့်စင်လိုက်ပါ။  ပြီးရင်တော့ နှပ်ထားတဲ့ အသားကို  ကင်းမွန်ထဲထည့်ပြီး အစာသွပ်ပေးပါ။


ပြီးလျှင် အစာသွပ်ထားတာကို ဟင်းချက်ရင် အထဲကအသားတွေမထွက်သွားအောင်လို့ သွားကြားထိုးတံနဲ့ ထိုးပေးပါ။

 

Soft Drink & Juice အအေးနှင့်ဖျော်ရည်လုပ်ငန်းပေါင်း ၉၃၃ ခုကိုရှာရန်နှိပ်ပါ။


ပြီးနောက် ကင်းမွန်အစာသွပ်ချက်ဖို့အဆင်သင့်ပြုလုပ်ထားပါ။


ပြီးလျှင် ပန်းကန်လုံးထဲသို့  ပဲငံပြာရည်၊သကြား၊ ခရုဆီ ၊ ငရုတ်သီးအစိမ်းမှုန့် ရောထည့်ပြီးဖျော်ထားပါ။


ပြီးနောက် ဒယ်အိုးကို မီးဖိုပေါ်တင်ထားပါ။ ဒယ်အိုးပူလာရင် ရေထည့်၊ ရေဆူလာရင် ပဲငံပြာရည်၊သကြား၊ ခရုဆီ ၊ ငရုတ်သီးအစိမ်းမှုန့် ရောထည့်ပြီးဖျော်စပ်ထားတဲ့အရည်ထည့်လိုက်ပါ။


ပြီးလျှင် ကင်းမွန်အစာသွပ်ထားတာထည့်ပြီး (၃) မိနစ်ခန့်တည်ထားပါ။

 

ပြီးနောက် ကင်းမွန်ကို တစ်ဖက်စီလှန်ပေးပါ။  ရေခမ်းရင် အနည်းငယ်ထည့်ပါ။ ကင်းမွန်တွေကိုအထဲက အသားကျက်အောင် ရေထည့်ပြီးရင် အဖုံးဖုံးပြီး ၁၅ မိနစ်ခန့် တည်ထားပါ။  ရေလည်းခမ်း၊ ကင်းမွန်နဲ့အသားတွေကျက်လောက်ပြီဆိုရင်တော့ ကင်းမွန်အစာသွပ်တာရပါပြီ။

 

ပြီးလျှင် ကင်းမွန်အပေါ်က ဆမ်းဖို့အတွက် ဆော့စ်ပြုလုပ်ပါမယ်။ ဆော့စ်အတွက် မန်ကျည်းသီး၊ ငံပြာရည်၊ ထန်းလျက်၊ သကြား၊ ငရုတ်သီးအကျက်မှုန့် ၊ ငရုတ်သီးစိမ်းနှင့် ဆန်လှော်မှုန့်တို့ကို ထည့်ပြီး ရောဖျော်ထားပေးပါ။

 

Read More >>>>>   သက်သတ်လွတ် ကန်စွန်းဥဟင်းခတ်မှုန့်ပြုလုပ်ရအောင်

 

ပြီးနောက် ကင်းမွန်ကို အစာသွပ်ထားတာမထွက်အောင် အသာလေးလှီးပေးထားပါ။ ပြီးရင်တော့ အပေါ်မှ ဆော့စ်အရည်လေးဆမ်းပြီးရင်တော့ ချဉ်ငံစပ်လေးနဲ့ စားလို့အရမ်းကောင်းတဲ့ ကင်းမွန်အစာသွပ်လေးကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။


#Myanmar Food Industry Directory (WWH)

 

 

 

 

ခ်ဥ္ငံစပ္ ကင္းမြန္အစာသြပ္ခ်က္နည္း

 

ကင္းမြန္ကို ဆန္းဆန္းျပားျပားစားခ်င္သူမ်ားအတြက္ ကင္းမြန္အစာသြပ္ခ်က္နည္းေလးကို ေအာက္တြင္ ေဖာ္ျပေပးလိုက္ပါတယ္။

 

ပါဝင္ပစၥည္းမ်ားကေတာ့ ကင္းမြန္၊ ဝက္သားႀကိတ္သား၊ ဆား၊ င႐ုတ္ေကာင္း၊ ၾကက္ဥ၊ မုန္လာဥနီ၊ ၾကက္သြန္ၿမိတ္၊ ပဲငံျပာရည္၊ သၾကား၊ ခ႐ုဆီ၊ င႐ုတ္သီးအစိမ္းမႈန္႕၊  င႐ုတ္သီးစိမ္း၊ မန္က်ည္းသီး၊ ငံျပာရည္၊ ထန္းလ်က္၊ င႐ုတ္သီးအက်က္မႈန္႕၊ ဆန္ေလွာ္မႈန္႕ တုိ႕ လိုအပ္ပါမယ္။

 

ပထမဦးဆံုး ဝက္သားႀကိတ္ၿပီးသားကို ဆား၊ င႐ုတ္ေကာင္း၊ ၾကက္ဥတစ္လံုးေဖာက္ထည့္ၿပီး သမေအာင္နယ္၍ ႏွပ္ထားေပးပါ။  ၿပီးလွ်င္ မုန္လာဥနီႏွင့္ ၾကက္သြန္ၿမိတ္ကို ေသးေသးေလးေတြလုပ္ၿပီး အသားနဲ႕ ေရာထည့္ထားပါ။

 


ၿပီးေနာက္ ကင္းမြန္ကို ေရေဆးသန္႕စင္လိုက္ပါ။  ၿပီးရင္ေတာ့ ႏွပ္ထားတဲ့ အသားကို  ကင္းမြန္ထဲထည့္ၿပီး အစာသြပ္ေပးပါ။

 


ၿပီးလွ်င္ အစာသြပ္ထားတာကို ဟင္းခ်က္ရင္ အထဲကအသားေတြမထြက္သြားေအာင္လို႔ သြားၾကားထိုးတံနဲ႕ ထိုးေပးပါ။

 

Soft Drink & Juice အေအးႏွင့္ေဖ်ာ္ရည္လုပ္ငန္းေပါင္း ၉၃၃ ခုကုိရွာရန္ႏွိပ္ပါ။

 


ၿပီးေနာက္ ကင္းမြန္အစာသြပ္ခ်က္ဖို႔အဆင္သင့္ျပဳလုပ္ထားပါ။

 


ၿပီးလွ်င္ ပန္းကန္လံုးထဲသို႕  ပဲငံျပာရည္၊သၾကား၊ ခ႐ုဆီ ၊ င႐ုတ္သီးအစိမ္းမႈန္႔ ေရာထည့္ၿပီးေဖ်ာ္ထားပါ။

 


ၿပီးေနာက္ ဒယ္အိုးကို မီးဖိုေပၚတင္ထားပါ။ ဒယ္အိုးပူလာရင္ ေရထည့္၊ ေရဆူလာရင္ ပဲငံျပာရည္၊သၾကား၊ ခ႐ုဆီ ၊ င႐ုတ္သီးအစိမ္းမႈန္႔ ေရာထည့္ၿပီးေဖ်ာ္စပ္ထားတဲ့အရည္ထည့္လိုက္ပါ။

 


ၿပီးလွ်င္ ကင္းမြန္အစာသြပ္ထားတာထည့္ၿပီး (၃) မိနစ္ခန္႔တည္ထားပါ။

 

ၿပီးေနာက္ ကင္းမြန္ကို တစ္ဖက္စီလွန္ေပးပါ။  ေရခမ္းရင္ အနည္းငယ္ထည့္ပါ။ ကင္းမြန္ေတြကိုအထဲက အသားက်က္ေအာင္ ေရထည့္ၿပီးရင္ အဖံုးဖံုးၿပီး ၁၅ မိနစ္ခန္႕ တည္ထားပါ။  ေရလည္းခမ္း၊ ကင္းမြန္နဲ႔အသားေတြက်က္ေလာက္ၿပီဆိုရင္ေတာ့ ကင္းမြန္အစာသြပ္တာရပါၿပီ။

 

ၿပီးလွ်င္ ကင္းမြန္အေပၚက ဆမ္းဖို႕အတြက္ ေဆာ့စ္ျပဳလုပ္ပါမယ္။ ေဆာ့စ္အတြက္ မန္က်ည္းသီး၊ ငံျပာရည္၊ ထန္းလ်က္၊ သၾကား၊ င႐ုတ္သီးအက်က္မႈန္႕ ၊ င႐ုတ္သီးစိမ္းႏွင့္ ဆန္ေလွာ္မႈန္႕တို႕ကို ထည့္ၿပီး ေရာေဖ်ာ္ထားေပးပါ။

 

Read More >>>>>   သက္သတ္လြတ္ ကန္စြန္းဥဟင္းခတ္မႈန္႕ျပဳလုပ္ရေအာင္

 

ၿပီးေနာက္ ကင္းမြန္ကို အစာသြပ္ထားတာမထြက္ေအာင္ အသာေလးလွီးေပးထားပါ။ ၿပီးရင္ေတာ့ အေပၚမွ ေဆာ့စ္အရည္ေလးဆမ္းၿပီးရင္ေတာ့ ခ်ဥ္ငံစပ္ေလးနဲ႕ စားလို႕အရမ္းေကာင္းတဲ့ ကင္းမြန္အစာသြပ္ေလးကို ၿမိန္ယွက္စြာ သံုးေဆာင္ႏိုင္ပါတယ္။

 


#Myanmar Food Industry Directory (WWH)

Read times Last modified on Monday, 17 February 2020 17:27
Rate this item
(0 votes)