Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


တနင်္သာရီမြို့နယ်ရှိ တောင်သူများအား မျိုးစေ့ဖိုးနှင့်စိုက်ပျိုးစရိတ်ငွေ ထောက်ပံ့

တနင်္သာရီမြို့နယ်ရှိ တောင်သူများအား မျိုးစေ့ဖိုးနှင့်စိုက်ပျိုးစရိတ်ငွေ ထောက်ပံ့ Moi.Gov

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သော ကိုဗစ်-၁၉ရောဂါကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ ၂၀၂၀ ပြည့်နှစ်၊ မိုးစပါးစိုက်ပျိုးရာသီအတွက် မျိုးစေ့ထုတ် တောင်သူများအား မျိုးစေ့ဖိုးနှင့်စိုက်ပျိုးစရိတ်ငွေထောက်ပံ့ပေးအပ်ပွဲကို မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာ အုပ်စု- အရှေ့မော်တုန်းရွာ-မူလတန်းလွန်ကျောင်းအတွင်း ၂၀၂၀ခုနှစ် ဩဂုတ်လ ၂၈ရက်နေ့ နံနက်၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။

 

အခမ်းအနားသို့ တိုင်းဒေသကြီးအမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ၊ တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးမျိုးခန့်၊ မြိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းဇော်၊ တနင်္သာရီမြို့နယ် စိုက်ပျိုး‌ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဇော်နှင့်ဝန်ထမ်းများ၊ ညောင်ပင်ကွင်းစိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောထွန်း၊ ဝန်ကြီးဌာနတူမိတ်ဘက်ဌာနဆိုင်ရာ ဦးစီးမှူးများ၊ ဆင်ခြေဖုန်း၊ တမုတ်ချုန်း၊ အရှေ့မော်တုန်း၊ ဘန်းလမွတ်နှင့်သိန်ခွန်းကျေးရွာအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများနှင့်‌ တောင်သူများတက်ရောက်ကြသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးအမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးခန့်က ကိုဗစ်-၁၉ရောဂါကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ်(CERP) အရ ၂၀၂၀ ပြည့်နှစ်၊ မိုးစပါးစိုက်ပျိုးရာသီအတွက် မျိုးစေ့ထုတ်တောင်သူများထံ မျိုးစေ့ဖိုးနှင့်စိုက်ပျိုးစရိတ်ငွေ ထောက်ပံ့ပေးရသည့် ရည်ရွယ် ချက်နှင့်နည်းပညာပံ့ပိုးပေးမည့်အစီအစဉ်များအား ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်ဇော်က ကျေးရွာများအတွင်း မျိုးစေ့ထုတ်စိုက်ကွက်ဧကများဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြဆွေးနွေးပေးသည်။

 

ယင်းနောက် တိုင်းဒေသကြီးအမှတ် (၂)လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးမျိုးခန့်၊ မြိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းဇော်၊ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဇော်နှင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးရယ်လွင်တို့က တောင်သူ(၃၈) ဦးတို့ထံ မျိုးစေ့ဖိုး (၈၅၀၀)ကျပ်နှင့် စိုက်ခငွေ (၇၅၀၀၀) ကျပ်၊ ပေါင်း (၈၃၅၀၀) ကျပ်နှုန်းဖြင့် စိုက်ဧက (၁၅၀) ဧကအတွက် ကျပ် (၁၂၆) သိန်းတိတိကို တောင်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ကြကြောင်း၊ ယခုကဲ့သို့ ထပ်မံထောက်ပံ့ပေးရန်နှင့်နည်းပညာများပံ့ပိုးပေးနိုင်ရန် ဒုတိယအကြိမ်လာရောက်အုံးမည်ဖြစ်ကြောင်း သိရှိရသည်။

 

By Myanmar Food Guide

 

Moi.Gov

Read times
Rate this item
(0 votes)