Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် Coronavirus Disease 2019(COVID-19) ကူးစက်ပျံ့နှံမှု မရှိစေရန် သတိပေး နှိုးဆော်ပန်ကြားချက်

စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် Coronavirus Disease 2019(COVID-19) ကူးစက်ပျံ့နှံမှု မရှိစေရန် သတိပေး နှိုးဆော်ပန်ကြားချက် Google

စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် Coronavirus Disease 2019(COVID-19) ကူးစက်ပျံ့နှံမှု မရှိစေရန် သတိပေး နှိုးဆော်ပန်ကြားချက်

 

မြန်မာနိုင်ငံတွင် (၃၁-၈-၂၀၂၀)ရက်နေ့၊ ည(၈:၀၀)နာရီအထိ coviD-19 ဓာတ်ခွဲအတည်ပြု လူနာ (၈၈၂)ဦး ရှိပြီး၊ (၆)ဦး သေဆုံးခဲ့ပါသည်။


ယခုအခါ ရောဂါလက္ခဏာ မပြသော ကူးစက်မှုများလည်း ရှိနေပြီး စက်ရုံ၊ အလုပ်ရုံ၊ အလုပ် ဌာနများသည် လုပ်ငန်းသဘာဝအရ ကူးစက်ပျံ့နှံ့မှု အလားအလာ ပိုမိုများပြားနိုင်သည့်အတွက် မိမိတို့၏ လုပ်ဖော်ကိုင်ဘက်များအကြား


• ဖျားခြင်း၊


• ချောင်းဆိုးခြင်း၊


• အသက်ရှူရ ခက်ခဲခြင်းနှင့်


• အားအင်ကုန်ခမ်းခြင်း၊


• COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှင့် လွန်ခဲ့သော (၁၄)ရက်အတွင်း ထိတွေ့ မှုရှိခဲ့ခြင်း၊


• COVID-19 ရောဂါ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ခံရသူ၊

 

• အသွားအလာ ကန့်သတ် ခြင်းခံရသူတို့နှင့် တစ်အိမ်တည်းတွင် အတူတကွ နေထိုင်ခြင်း၊


• COVID-19 ဓာတ်ခွဲ အတည်ပြု လူနာနှင့် ၃ ပေအကွာအဝေးအတွင်းတွင် ၁၅ မိနစ် ကျော်ကြာအောင် မျက်နှာချင်းဆိုင် ရှိခဲ့ဖူးခြင်း၊


• COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှင့် ခန္ဓာကိုယ်ချင်း ထိတွေ့မှု ရှိခဲ့ဖူးခြင်းတို့ရှိပါက  ဝန်ထမ်း ကြီးကြပ်ရေးမှူးများမှတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များရှိ နီးစပ်ရာ ကျန်းမာရေး ဌာနများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများသို့ ချက်ချင်းသတင်းပို့၍ ကျန်းမာရေးစစ်ဆေးမှု ခံယူစေ နိုင်ရေး အထူးဂရုပြု လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါသည်။ 

 

• လုပ်ငန်းခွင်အတွင်းတွင် တတ်နိုင်သမျှ မျက်နှာချင်းဆိုင် အလုပ်မလုပ်ဘဲ ဘေးတိုက်နေရာ ချထားပြီး (၆)ပေခွာ၍ အလုပ်လုပ်ကိုင်ခြင်း၊ မဖြစ်မနေ မျက်နှာချင်းဆိုင် အလုပ်လုပ်ကိုင် ရမည်ဆိုပါက အများဆုံး(၁၅)မိနစ်ထက် မပိုစေခြင်း စသည့် Physical Distancing လမ်းညွှန်ကို တိကျစွာ လိုက်နာဆောင်ရွက်ရပါမည်။


• ရေနှင့်ဆပ်ပြာကို အသုံးပြု၍ စက္ကန့် (၂၀)ကြာအောင် လက်ဆေးခြင်း သို့မဟုတ် Alcohol အနည်းဆုံး ၆၀ ပါဝင်သော လက်သန့်စင်ဆေးရည်ဖြင့် မကြာခဏလက်ဆေးခြင်း ပြုလုပ်ရ ပါမည်။
• ပါးစပ်နှင့်နှာခေါင်းစည်းများ အပါအဝင် လိုအပ်သော တစ်ကိုယ်ရေသုံး အကာအကွယ်ပစ္စည်းများကို မဖြစ်မနေ ဝတ်ဆင်ရပါမည်။

 

သို့မှသာ မိမိကိုယ်တိုင်နှင့် လုပ်ဖော်ကိုင်ဘက်များအကြား၊ မိသားစုနှင့်နီးစပ်ရာများအကြား ရောဂါကူးစက် ပျံ့နှံ့မှုမှ ကာကွယ်နိုင်ပြီး ရောဂါကူးစက်မှု ရှိပါကလည်း အချိန်မီ ကုသမှု ခံယူနိုင်မည် ဖြစ်ပါကြောင်း သတိပေးနှိုးဆော် ပန်ကြားအပ်ပါသည်။


လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင်ကျန်းမာရေးဌာနခွဲ

ပြည်သူ့ကျန်းမာရေးဦးစီးဌာန

 

 

By Myanmar Food Guide

Read times
Rate this item
(0 votes)