Myanmar
မိတ္ထီလာမြို့တွင် ကျင်းပရန်စီစဉ်ထားသည့် အညာမြေ ရိုးရာမုန့်ပွဲတော်နှင့် လူထုအမှတ်သညာပွဲတော်တို့ကို ရက်ရွှေ့ဆိုင်း
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ မြို့တွင် ပထမဆုံးအကြိမ်ကျင်းပရန် စီစဉ်ထားသည့် အညာမြေရိုးရာမုန့် ပွဲတော်
နှင့် လူထုအမှတ်သညာပွဲတော်ကို COVID-၁၉ ကူးစက်မြန်ရောဂါဖြစ် ပွားနေမှုကြောင့် ကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းလိုက်ကြောင်း ပွဲတော်ကျင်းပ ရေးအဖွဲ့ထံမှ သိရသည်။
အညာမြေရိုးရာမုန့် ပွဲတော်နှင့် လူထုအမှတ်သညာပွဲတော်မှာ အညာဒေသမှထွက်ရှိသည့် သရေစာမုန့် များကို တည်ခင်း၍ မြည်းစမ်းစေသည့် အစီအစဉ်ဖြစ်ပြီး မုန့်ပွဲတော်မှာ ရာသီအလိုက်ရရှိသည့် မုန့်များနှင့် ရာသီတိုင်းမှာရရှိသည့် မုန့်များဖြင့် ကျင်းပမှာဖြစ်သည်။
အညာဒေသမှာထွက်သည့် မုန့် များကို စာရင်းပြုစုပြီး စာရင်းအရ မုန့် မျိုးစုံ ၄ဝ ကျော်ရှိပြီး မုန့်ပွဲတော်မှာ မုန့်အမျိုးအစား ၃ဝ ကျော်ပါဝင်မှာဖြစ်သည်။ နောက်ပြီး လူထုအမှတ်သညာ ပွဲတော်ကိုလည်း မိတ္ထီလာမြို့၌ ပထမဆုံး အကြိမ် ကျင်းပရန် စီစဉ်ထားခြင်းဖြစ် သည်။
လူထုအမှတ်သညာပွဲတော်ပြုလုပ်ခြင်းမှာ နေရာဒေသတစ်ခု၌ အထင်ကရရှိသည့် အမှတ်သညာများကို လူထု၏ ဦးနှောက်ထဲတွင် ပြန်လည်ပေါ်လာစေရန် ဆောင်ရွက်သည့် ပွဲဖြစ်ပြီး နေရာတိုင်း နေရာတိုင်း၊ ဒေသတိုင်း ဒေသတိုင်း၏ သမိုင်းမှတ်တမ်းများကို ပြန်လည်ဖော်ထုတ်သည့်ပွဲတစ်ခုလည်း ဖြစ်သည်။
ယခုလို ပြန်လည်ဖော်ထုတ်ခြင်းဖြင့် မိမိမြို့နယ်၊ မိမိဒေသ၊ မိမိနိုင်ငံနှင့် ပတ်သက်သည့် သမိုင်းမှတ်တမ်းများကို မသိမမှီလိုက်သည့်သူများကို သိမှီလိုက်သည့်သူများက တစ်ဆင့်ပြန် လည်ပြောကြားခြင်းကို လူထုအမှတ်သညာပွဲတော်အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း ပွဲတော်ကျင်းပရေးအဖွဲ့ထံမှ သိရသည်။
လူထုအမှတ်သညာပွဲ၌ မိတ္ထီလာ မြို့နှင့် ပတ်သက်သည့် ဓာတ်ပုံဟောင်း များ၊ မြို့၌ကျင်းပလေ့ရှိသည့် ရိုးရာပွဲ များ(တော်သလင်းလ လှေပြိုင်ပွဲ၊ မသိုး သင်္ကန်းရက်ပြိုင်ပွဲ၊ ဝင်္ကပါပွဲ)၊ တစ်ခေတ် တစ်ခါက ထင်ရှားခဲ့သည့် ထီလာမောင် ၏ သမိုင်းများ၊ ဓာတ်ပုံပြိုင်ပွဲများလည်း ပါဝင်မည်လို့ သိရသည်။
အညာမြေရိုးရာမုန့်ပွဲတော်ကို ယခု နှစ် အောက်တိုဘာလဆန်းပိုင်းတွင် ကျင်းပနိုင်ရန် စီစဉ်ထားပြီး လူထုအမှတ် သညာပွဲကို နိုဝင်ဘာလကုန်ပိုင်း၌ ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။ လတ်တလောအခြေအနေ၌ COVID- ၁၉ ရောဂါကြောင့်ဖြစ်ပွားနေမှုကြောင့် ပွဲကျင်းပရန် စီစဉ်ထားသည့် ရက်များကို ရွှေ့ဆိုင်းလိုက်ပြီး ပြန်လည်ကျင်းပမည့် ရက်ကိုမူ ကြေညာပေးသွားမည်လို့ ပွဲတော်ကျင်းပရေးအဖွဲ့ထံမှ သိရသည်။
By Myanmar Food Guide
TNJ