Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှုမြန်ဆန်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး အထောက်အကူပြု ကော်မတီ ပထမအကြိမ် အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှုမြန်ဆန်ရေးနှင့်ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက်

အထောက် အကူပြုကော်မတီ ပထမအကြိမ်အစည်းအဝေးကို အောက်တိုဘာလ (၂) ရက်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် အသင်းချုပ် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။


အစည်းအဝေးတွင် ယခု​ကော်မတီသည် ရန်ကုန်တိုင်း ဒေသကြီးအတွင်းကုန်စည်စီးဆင်းမှုမှန်ကန်ရေးနှင့် ကုန်စျေးနှုန်းတည်ငြိမ်ရေးအတွက်ဖြစ်သော်လည်း ရန်ကုန်တိုင်းနှင့်ဆက်စပ်မှုရှိနေသည့်ပြည်နယ်/တိုင်းဒေသကြီးများတွင်ကုန်စည်စီးဆင်းမှုအခက်အခဲများရှိနေခြင်း၊လက်ရှိပဲခူးတိုင်းဒေသကြီးတွင်ကုန်တင်ယာဥ်များပိတ်ဆို့နေမှုများကြုံတွေ့နေရခြင်း၊ကုန်တင်ယာဥ်ဂိတ်များ ပိတ်ခြင်း၊ဖွင့်ခြင်းများဖြင့် မတည်ငြိမ်မှုများရှိနေခြင်း၊ ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရေးအတွက် ကုန်တင်ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက်များကို Test Kits များဖြင့် စစ်ဆေး၍ COVID-19ရောဂါကင်းစင်ကြောင်းကို အလျင်အမြန်​ထုတ်ပေးရန် လိုအပ်ခြင်းနှင့်ရှမ်းပြည်နယ်တောင်ပိုင်းတွင်ဟင်းသီးဟင်းရွက် ကုန်တင်ယာဥ် များ၏ အခက်အခဲများရန်ကုန်တိုင်းမှ အခြားသောတိုင်းဒေသကြီးများသို့ တင်ပို့​သည့် အသား၊ ငါး တို့၏ ကုန်စျေးနှုန်းနှင့် လည်ပတ်စီးဆင်းနေမှုအခြေအနေများ၊ ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းဝင်ရောက်လာသည့် စားသောက်ကုန်များ၏ကုန်စျေးနှုန်းအခြေအနေများစသည်တို့ကို တက်ရောက်လာသူများမှ ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြသည်။


အစည်းအဝေးကို အသင်းချုပ်ဖက်မှ တွဲဖက်အထွေထွေအတွင်းရေးမှူး နှင့် အထောက်အကူပြုကော်မတီ အတွင်းရေးမှူး ဦးမျိုးသန့်၊ ကော်မတီအဖွဲ့ဝင်များ ရန်ကုန်တိုင်းအတွင်းရှိ ကုန်စည်ဒိုင်ဥက္ကဌများ၊ ​ပြည်နယ်၊တိုင်း ညီနောင်အသင်းများမှ ဥက္ကဌ နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

 

By Myanmar Food Guide


ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)

Read times
Rate this item
(0 votes)