Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ရန်ကုန်တိုင်းဒေသကြီးအတွင်း Ration စနစ်ဖြင့် စားနပ်ရိက္ခာများ ဖြန့်ဖြူးပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအတွင်း Ration စနစ်ဖြင့် စားနပ်ရိက္ခာများ ဖြန့်ဖြူးပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၃ရက်နေ့ မွန်းလွဲပိုင်းတွင် Video Conferencing ဖြင့်ကျင်းပခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19ရောဂါ ကူးစက်ပြန့်ပွားနေမှုများကြောင့်ပြည်သူများသို့ စားနပ်ရိက္ခာများ ဖြန့်ဖြူးနိုင်ရေးအတွက် ရိက္ခာဝယ်ယူစုဆောင်းရေး၊ ထုတ်ပိုး​ရေး၊ဖြန့်ဖြူးနိုင်ရေး၊ဖြန့်ဝေမည့်ရိက္ခာ အစိုအခြောက်များ အလွယ်တကူဝယ်ယူရရှိနိုင်ရေး၊ ဖြန့်ဝေမှုကြောင့် လူစုလူဝေးမဖြစ်ပေါ်စေရေးတို့ကို ဆွေးနွေးခဲ့ကြသည်။


COVID -19 ဒုတိယလှိုင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းပိုမိုကူးစက်ပြန့်ပွားနေခြင်းကြောင့်နှစ်ပတ်ကြာခန့်ရိက္ခာများထောက်ပံ့ပေးနိုင်ရေးကို ​ဆွေးနွေးခဲ့ကြသည်။

တက်ရောက်လာသည့်ကုန်သည်စက်မှုအသင်းချုပ်နှင့်ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများမှ ကုန်စည်များ ပြတ်လပ်မှုမရှိစေရေး၊ ကုန်စည်စီးဆင်းမှု ချောမွေ့စေရေးနှင့်စပ်လျဥ်း၍ အသီးသီး ဆွေးနွေးတင်ပြခဲ့ကြသည်။

 

အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦး ၊ အသင်းချုပ် ဥက္ကဌ ဦးဇော်မင်းဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမျိုးသန့်နှင့် ဦးအောင်စိုးသာ၊ ညီနောင်အသင်းအဖွဲ့များဖြစ်သော မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆားလုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်၊ စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ အပြည်ပြည်ဆိုင်ရာကုန်စည်ပို့ဆောင်ရေးနှင့်ဝန်ဆောင်မှုအသင်း၊ ကြက်သွန်ဖြူ၊ကြက်သွန်နီနှင့်စားဖိုချောင်သုံး သီးနှံစိုက်ပျိုးရောင်းချသူများအသင်း
တို့မှ ဥက္ကဌ နှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

 

119919974_1735197816638606_5623189683706488016_n.png

 

By Myanmar Food Guide

 

ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)

Read times
Rate this item
(0 votes)