Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နို့စားနွားမွေးမြူရေးလုပ်ငန်းများအတွက် မြေနေရာလိုအပ်ချက်ရှိပါက လျှောက်ထားနိုင်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နို့စားနွားမွေးမြူရေးလုပ်ငန်းများအတွက် မြေနေရာလိုအပ်ချက်ရှိပါက လျှောက်ထားနိုင် Google

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ နို့စားနွားမွေးမြူရေးလုပ်ငန်းများအတွက် မြေနေရာလိုအပ်ချက်ရှိပါက

စက်တင်ဘာ ၁၁ ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်လှိုင်က ပြောကြားခဲ့သည်။

 

“အရင်က ကိုယ့်နည်း ကိုယ့်ဟန် နဲ့လျှောက်ကြတာပါ။ COVID-19 ရောဂါကာလဖြစ်လို့ ကျွန်တော်တို့ ရက်တိုးပြီးဆောင်ရွက်ပေးတာဖြစ်တယ်။ စိတ်ဝင်စားတဲ့ လူတွေ က ကျွန်တော်တို့ အဖွဲ့ချုပ်မှာ လာလျှောက်ကြပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကမြေတွေ ကိုချပေးမှာပါ’’ လို့ ဒေါက်တာခင်လှိုင်က စက်တင်ဘာလ ၉ ရက်နေ့တွင် ပြောကြားခဲ့တာဖြစ်သည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း နို့စားနွား နှင့် အသားစားနွားမွေးမြူရေးလုပ်ငန်းများ အမှန်တကယ်လုပ် ကိုင်ဆောင်ရွက်နေပြီး မြေနေရာလိုအပ်ချက်ရှိသူများ အနေဖြင့် ခြံမှတ်ပုံတင်အမှတ် မူရင်း နှင့် မိတ္တူ၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းမိတ္တူများ တင်ပြရမှာဖြစ်သည်။

 

ဒါ့အပြင် စည်ပင်နယ်နိမိတ်မှ ဖယ်ရှားခံရသူများအနေဖြင့် စည်ပင်အထောက်အထားဖော်ပြပေးရမည်ဖြစ်သည့်အပြင် မွေးမြူထားရှိသော နို့စားနွားအကောင်ရေ၊ လက်ရှိမြေငှားရမ်းလုပ်ကိုင်မွေးမြူနေသည့် လုပ်ငန်းလိပ်စာ နှင့် ဖုန်းနံပတ်များ ထည့်သွင်းတင်ပြရမှာဖြစ်ကြောင်း သိရသည်။

 

By Wyk (Myanmar Food Guide)

xinhuamyanmar

Read times
Rate this item
(0 votes)