Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယက မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန်တစ်သိန်းခွဲဝယ်ယူမည်

အိန္ဒိယက မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန်တစ်သိန်းခွဲဝယ်ယူမည် Google

မြန်မာနိုင်ငံမှမတ်ပဲ တန်ချိန်တစ်သိန်းခွဲထပ်မံဝယ်ယူ ရန် အိန္ဒိယနိုင်ငံ၏ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး

ဝန်ကြီးဌာနက အောက်တိုဘာ ၁ ရက်တွင် အသိပေးစာ ထုတ်ပြန်ခဲ့သည်။

 

ပြည်ပမှ ပဲတင်သွင်းရန် အိန္ဒိယပဲကုမ္ပဏီများကို သွင်းကုန် လိုင်စင်များ အညီအမျှ ခွဲဝေချ ထားပေးမည်ဟု အသိပေးစာတွင် ဖော်ပြထားပြီး ပဲတင်သွင်းချိန်ကို ၂၀၂၁ မတ်လကုန်အထိ အချိန် ပေးထားသည်။ ကမ္ဘာပေါ်တွင် မတ်ပဲကို မြန်မာနှင့်အိန္ဒိယနှစ်နိုင်ငံသာ အဓိကစိုက်ပျိုးရာ အိန္ဒိယအစိုးရ၏ ပဲတင်သွင်းမည့် အသိပေးစာ ကြောင့် ပြည်တွင်းဈေးကွက်တွင် မတ်ပဲဈေးမြင့်တက်လာကာ တစ်တန်လျှင် ကျပ် ၁၁ သိန်းကျော်ထိဈေးဖွင့်သည်။


အိန္ဒိယအစိုးရ၏ အသိပေး စာမထုတ်ပြန်မီက မတ်ပဲတစ် တန်လျှင် ကျပ် ၁,၀၈၀,၀၀၀ ဝန်း ကျင်ရှိခဲ့သဖြင့် တစ်တန်လျှင် ကျပ် ၃၀,၀၀၀ ဈေးတက်လာခြင်း ဖြစ်သည်။

 

‘‘ဈေးနည်းနည်းလိုက်လာ တဲ့ သဘောပဲ’’ဟု မြန်မာနိုင်ငံပဲ မျိုးစုံနှင့်နှမ်းကုန်သည်အသင်းအ တွင်းရေးမှူးဦးမင်းကိုဦးက ပြော သည်။ ယခုနှစ်တွင် အိန္ဒိယက မြန် မာနိုင်ငံမှ မတ်ပဲတန်လေးသိန်းကို ဇွန်လကစတင်ပြီး သြဂုတ်လ ကုန်အထိ သုံးလအတွင်းတင် သွင်းရန်စီစဉ်ခဲ့သော်လည်း ကမ္ဘာ့ ကပ်ရောဂါကြောင့် အိန္ဒိယအစိုးရက ကုန်သည်များကို လိုင်စင်ချ ထားပေးမှု နောက်ကျသဖြင့် ခွင့် ပြုတန်ချိန်ထက် လေးပုံ၊တစ်ပုံ ခန့်သာ တင်သွင်းနိုင်ခဲ့သည်။

 

မြန်မာနိုင်ငံမှ မတ်ပဲတန် လေးသိန်းရောင်းချရန် ကြိုးစား ခဲ့သော်လည်း တန်ချိန်တစ်သိန်း ကျော်သာ သတ်မှတ်ချိန်အတွင်း ရောင်းချနိုင်ခဲ့သည်။ ‘‘အခုကြေညာချက်က အ ရင်တန်လေးသိန်းနဲ့ မဆိုင်ဘူးလို့ နားလည်တယ်။ ဒါကကိုတာ အ သစ်တစ်ခုပါ’’ ဟု ဦးမင်းကိုဦးက ပြောသည်။

 

မြန်မာနိုင်ငံမှ တစ်နှစ်လျှင် တန်ချိန်လေးသိန်းမှ ခြောက်သိန်း အကြား စိုက်ပျိုးထုတ်လုပ်သော မတ်ပဲ ၇၀ ရာခိုင်နှုန်းကျော်ကို အိန္ဒိယသို့ရောင်းချပြီး ပါကစ္စ တန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ စသောနိုင်ငံများသို့လည်း တင်ပို့ နေသည်။လက်ရှိအချိန်သည် အိန္ဒိယ နိုင်ငံတွင် မတ်ပဲအသစ်ပေါ်ချိန် ဖြစ်သော်လည်း ရာသီဥတုဖောက် ပြန်မှုကြောင့် မတ်ပဲအထွက်နှုန်း လျော့နည်းသဖြင့် ပြည်ပမှ မတ် ပဲထပ်မံတင်သွင်းရန် စီစဉ်ခြင်း ဖြစ်ကြောင်း ကုန်သည်အချို့က သုံးသပ်သည်။

 

အိန္ဒိယအစိုးရ၏ မတ်ပဲတင် သွင်းမည့်အသိပေးစာကြောင့် နယ်မြို့များတွင် မတ်ပဲတစ်တင်း လျှင်ကျပ် ၃၈,၀၀၀ သို့ မြင့်တက် လာသည်။ အိန္ဒိယအစိုးရ၏ ခွဲတမ်း စနစ်ဖြင့် မတ်ပဲဝယ်ယူရန်စီစဉ်နေ ခြင်းကြောင့် ပြည်တွင်းဈေးမြင့် တက်သော်လည်း ပဲစင်းငုံဈေးမှာ လိုက်ပါမြင့်တက်မှု မရှိပေ။ လက်ရှိပြည်တွင်းဈေးကွက်တွင် ပဲစင်းငုံတစ်တန်ကျပ် ၈၃၀,၀၀၀ ဝန်းကျင် ဈေးဖွင့်သည်။

 

By Myanmar Food Guide

7day.news

Read times
Rate this item
(0 votes)