Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


အမရပူရမြို့နယ်တွင် ထိုင်ဝမ်ပြောင်းဖူးများ စတင်စိုက်ပျိုး

အမရပူရမြို့နယ်တွင် ထိုင်ဝမ်ပြောင်းဖူးများ စတင်စိုက်ပျိုး The Mirror Daily

ထိုင်ဝမ်ပြောင်းမှာ ရာသီမရွေး ရေတင်ကာ စိုက်ပျိုးရ သည့် သီးနှံပင်ဖြစ်သည်။ ထိုင်ဝမ်ပြောင်းစိုက်ပျိုးသူများမှာ

ပြောင်းဖူးချိုးယူပြီးသည်နှင့် နောက်ထပ် ထိုင်ဝမ်ပြောင်းကိုသာ ထပ်မံစိုက်ပျိုးလာကြသည်။

 

ယခုအခါ ဆောင်းရာသီဈေးကွက်အတွက် ထိုင်ဝမ် ပြောင်းများကို စနစ်တကျ စိုက်ပျိုးလျက်ရှိသည်။ တောင်သူတစ်ဦးလျှင် ထိုင်ဝမ်ပြောင်း သုံးဧကမှ ငါးဧကအထိ စိုက်ပျိုးကြသည်။


အမရပူရမြို့နယ်တွင် ယခုနှစ်ပိုင်းအတွင်း ထိုင်ဝမ်ပြောင်းကို တွင်ကျယ်စွာ စိုက်ပျိုးလာကြ သည်။ လက်ရှိကာလတွင် စက်စွမ်းအားကို အသုံးပြုကာ ထွန်စက်ကြီးများဖြင့် ထွန်ယက် ကြသည်။

 

စက်ဖြင့်ထယ်ထွန်ရာတွင် တစ်ဧကငွေ ကျပ် ၂၀၀၀၀ ပေးရသည်။ ထယ်ရေးပြင်ပြီးသည်နှင့် ထိုင်ဝမ်ပြောင်းမျိုးစေ့ကို ထယ်ကြောင်းပေးကာ အတန်းလိုက်စိုက်ပျိုးကြသည်။ ထိုင်ဝမ်ပြောင်း မျိုးစေ့တစ်ထုပ်လျှင် ငွေကျပ် ၁၅၀၀၀ အထိပေးရပြီး တစ်ဧကလျှင် ငါးထုပ်မှ ခြောက်ထုပ်အထိ စိုက်ပျိုး ကြသည်။ မျိုးစေ့မှာ ထိုင်ဝမ်ပြောင်း ၇၀၂ အမျိုး အစားဖြစ်သည်။


ပြောင်းစတင်စိုက်ပျိုးပြီး တစ်ပတ်ခန့်အကြာ တွင် ပြောင်းပင်များပေါက်လေ့ရှိသည်။ အပင်ပေါက် သည်မှ လိုအပ်သလို ရေတင်ခြင်း၊ မြေဆီကျွေးခြင်း၊ ပေါင်းနုတ်ခြင်းများကို ပြုလုပ်ကြရသည်။ စတင် စိုက်ပျိုးသည်မှ ပြောင်းဖူးရသည်အထိ သုံးလကျော် ကြာမြင့်ပါသည်။

 

By Myanmar Food Guide

The Mirror Daily

Read times
Rate this item
(0 votes)