Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဈေးကွက်လိုအပ်ချက်အရ ဓာတုကင်းလွတ် ထိုင်ဝမ်သင်္ဘောပင်များ စီးပွားဖြစ် စမ်းသပ်စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်းရှိ သာရမဲကျေးရွာတွင် ဓာတုကင်းလွတ်

ထိုင်ဝမ်သင်္ဘောပင် (F - 2) များကို ဈေးကွက်လိုအပ်ချက်အရ စီးပွားဖြစ် စမ်းသပ်စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဒေသခံ သင်္ဘောစိုက်တောင်သူ ကိုဆန်းမင်းက ပြောသည်။

 

“ပထမဆုံး ထိုင်ဝမ်ရွှေနီ (၁၆၈)မျိုးစေ့ကို ဝယ်ယူစိုက်ပျိုးပြီး ထွက်ရှိလာတဲ့အခါမှာ အသီးမှည့်ထဲက အစေ့ကိုယူ၍ အစေ့ကိုပြန်လည်စိုက်ပျိုးပါတယ်။ ဒါကြောင့် (F-2) ဒုတိယမျိုးဆက်လို့ ခေါ်ဆိုရခြင်းဖြစ်ပါတယ်။ အခုလက်ရှိ ကျနော်စိုက်ထားတာက ထိုင်ဝမ်ပထမမျိုးဆက် (F - 1) အသီးမှည့်မှ အစေ့ထုတ်အခြောက်ခံပြီး ဒုတိမျိုးဆက်ဖြစ်တဲ့ (F -2) ကို ပြန်လည်စိုက်ပျိုးထားခြင်း ဖြစ်ပါတယ်။ နိုင်ငံခြားမျိုးရင်းကို တိုက်ရိုက်ဝယ်ယူ စိုက်ပျိုးပါက မျိုးစေ့တန်ဖိုးဈေးကြီးခြင်း၊ ဒေသရဲ့ရာသီဥတုနဲ့ ပိုးမွှားရောဂါအန္တရာယ်ကို ခံနိုင်ရည်နည်းတဲ့အတွက် ဒီဒုတိယမျိုးဆက် (F-2) ကို စိုက်ပျိုးရခြင်း ဖြစ်ပါတယ်။ ဒီ (F-2) ဒုတိယမျိုးဆက် စိုက်ပျိုးတဲ့အတွက်ကြောင့် ရာသီမရွေးစိုက်ပျိုးလို့ရတယ်။ ဒေသရာသီဥတုဒဏ်နဲ့ ရောပိုးမွှားအန္တရာယ်ကိုပါ ခံနိုင်ရည်ရှိပြီး ဓာတုဆေးဝါးများ အသုံးမပြုထားသည့်အတွက် စားသုံးသူတွေ အန္တရာယ်ကင်းရှင်းစေပါတယ်။ သင်္ဘောသီးဆိုတာ လူတွေတိုက်ရိုက်စားသုံးတဲ့ သီးနှံဖြစ်တဲ့အတွက် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ မသုံးစွဲ့ဖို့လိုပါတယ်။ အဲဒီမျိုးစေ့တွေကို ရေတစ်ညစိမ်၊ အညှောင့်ဖောက်ပြီး ပျိုးအိပ်ထဲမှာ တစ်လခန့်ပျိုးထောင်ရပါတယ်။ ပျိုးထောင်ထားတဲ့ ပျိုးပင်ကို စိုက်တဲ့အခါမှာ အနံသုံးပေရှိ ပေါင်ပြုလုပ်၍ တစ်ပင်နှင့် တစ်ပင် ရှစ်ပေ၊ဆယ်ပေခန့်ခြားကာ မျိုးပေါ်မူတည်ပြီး အကွာအဝေးအမျိုးမျိုး စိုက်ပျိုးလို့ရပါတယ်။ ပေါင်တွေကို တစ်ဧကမှာ အပင်ရေ(၄၀၀)ကျော်ခန့် စိုက်ပျိုးလို့ရပါတယ်" 

 

“သင်္ဘောပင်များ စိုက်ပျိုးမှုကုန်ကျစရိတ်မှာ တစ်ဧက(၁၀)သိန်းဝန်းကျင်ခန့် ရှိပါတယ်။ စိုက်ပျိုးပြီးနောက် ခြောက်လ၊ ခုနစ်လအကြာတွင် စတင်ဆွတ်ခူးရပါတယ်။ တစ်ပင် အသီးအနည်းဆုံး ၁၅ လုံးကျော်ခန့် ထွက်ရှိပြီး တစ်ဧကကို အလုံးရေ (၇၀၀၀)ခန့် ထွက်ရှိပါတယ်။ အသီးကို နှစ်နှစ်လောက်အထိ ဆွတ်ခူးလို့ရတယ်။ ဆွတ်ခူးရရှိလာတဲ့ သင်္ဘောသီးအမှည့်များကို မြိတ်ဒေသအတွင်း ဈေးကွက်ကို အဓိကထား တင်ပို့ရောင်းချတဲ့အခါမှာ အသီးမှည့်အရွယ်အစားပေါ် မူတည်ပြီးတော့ တစ်လုံးကို ငွေကျပ်(၅၀၀)၊ (၇၀၀)၊ (၁၀၀၀) ကျပ်အထိ ရောင်းရပါတယ်။ သင်္ဘောစိုက်ပျိုးသူနည်းတယ်။ အရင်က ဈေးကွက်အတွင်းမှာ သင်္ဘောသီးအထွက်နည်းပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံ သင်္ဘောသီးများ ဈေးကွက်အတွင်း ဝင်ရောက်လာတယ်။ ဈေးကွက်လိုအပ်ချက်ကြောင့် အခုလိုမျိုး ထိုင်ဝမ်ဒုတိယမျိုးဆက် (F-2 သင်္ဘောမျိုးကို စီးပွားဖြစ် စမ်းသပ်စိုက်ပျိုးရခြင်း ဖြစ်ပါတယ်။ အသီးအရွယ်အစားနဲ့ အရသာလည်းချိုဆိုတော့ လူကြိုက်ပိုများပါတယ်” ဟု စန္ဒဝတ်ကျေးရွာအုပ်စု၊ သာရမဲကျေးရွာမှ သင်္ဘောစိုက်တောင်သူ ကိုဆန်းမင်းဉီးက ပြောဆိုသည်။

 

ယခုလက်ရှိတွင် ထိုင်ဝမ်သင်္ဘောမျိုး ရွှေနီ ၁၆၈ မျိုးစေ့မှာ တစ်ထုပ်လျှင် ငွေကျပ် (၆၀၀၀)မှ (၃၀၀၀၀)အထိရှိပြီး မျိုးစေ့ထုပ်အမျိုးအစားပေါ် မူတည်ကာ ပျိုးထုပ်အပင်ရေ (၂၀၀)မှ (၁၀၀၀)ထိ ရရှိစိုက်ပျိုးနိုင်ကြောင်း သိရသည်။ သင်္ဘောပင်များကို အရှည်ပေ(၆၀)၊ အမြင့်တစ်ပေ၊ အကျယ်သုံးပေ စနစ်တကျ ပေါင်များပြုလုပ်၍ ခြောက်လက်မခန့် ကျင်းတူးကာ ကျင်းထဲသို့ ကြက်ခြေး၊ ငါးသာကာရည်ရောစပ်ထားသည့် (ငါးအမိုင်နို)၊ စပါးခွံပြာမှုန့်၊ ထုံးမှုန့်များကို ရောစပ်ထည့်သွင်းစိုက်ပျိုးပြီး နွေရာသီတွင် ရေလောင်းပေးရသည်။

 

အဆိုပါ သင်္ဘောပျိုးပင်များကို ကျင်းထဲသို့ စတင်မြေချစိုက်ပျိုးသည့်အချိန်မှ ခြောက်လ၊ ခုနစ်လကာလအကြာတွင် သင်္ဘောသီးမှည့်များအား ဆွတ်ခူး၍ မြိတ်ဒေသတွင်းရှိ ဈေးကွက်သို့ ပို့ဆောင်ရောင်းချနေရကြောင်း သိရသည်။ သင်္ဘောပင်တစ်ဧက စိုက်ပျိုးပါက ကုန်ကျမှုစရိတ်မှာ ငွေကျပ်(၁၀)သိန်းခန့်ရှိပြီး ဈေးကွက်ကောင်းသည့်အခါ စိုက်ပျိုးကုန်ကျမှုစရိတ်နုတ်ပြီး ငွေကျပ် (၃၀)သိန်းကျော်ခန့်ထိ အကျိုးအမြတ်ရရှိသည်။

 

ထိုအပြင် မြိတ်ဒေသအတွင်း သင်္ဘောသီးဈေးကွက် အတက်အကျအလိုက် ရရှိသည့် ငွေကြေးပမာဏ ကွာခြားသွားသည်များလည်း ရှိသည်။ ထိုင်ဝမ်ဒုတိမျိုးဆက် (F-2) မှာ ဒေသမျိုးထက် အလုံးပိုကြီး၍ အရသာမှာလည်း ထည့်သွင်းထားသော မြေသြဇာပေါ်မူတည်ကာ ကွာခြားမှုရှိခြင်း၊ သဘာဝနည်းဖြင့် စိုက်ပျိုးထားသည့်အတွက် အန္တရာယ်ကင်းပြီး အရသာလည်း ပိုမိုကောင်းမွန်ကြောင်းနှင့် သင်္ဘောသီးရောင်းချရာတွင် အစိမ်းရောင်းချခြင်းနှင့် အမှည့်ရောင်းချခြင်းဟူ၍ နှစ်မျိုးနှစ်စားရောင်းချကြသည်။ ယခုအခါ ဒုတိယလှိုင်း ကိုဗစ်-၁၉ ရောဂါကာလဖြစ်နေသည့်အတွက် ဒေသထွက်သင်္ဘောသီးမှည့်များ နည်းပါသည့်အတွက် မြိတ်ဒေသဈေးကွက်တွင် သင်္ဘောသီးအမှည့်၊ အစိမ်းနှစ်မျိုးစလုံး ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သင်္ဘောပင်စိုက်ပျိုးရောင်းချသူတစ်ဉီးက ရှင်းပြသည်။

 

 

By Myanmar Food Guide

ဈေးကွက်လိုအပ်ချက်အရ ဓာတုကင်းလွတ် ထိုင်ဝမ်သင်္ဘောပင်များ စီးပွားဖြစ် စမ်းသပ်စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိဟုဆို
=======================================
မြိတ် ၂၅ အောက်တိုဘာ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်းရှိ သာရမဲကျေးရွာတွင် ဓာတုကင်းလွတ် ထိုင်ဝမ်သင်္ဘောပင် (F - 2) များကို ဈေးကွက်လိုအပ်ချက်အရ စီးပွားဖြစ် စမ်းသပ်စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဒေသခံ သင်္ဘောစိုက်တောင်သူ ကိုဆန်းမင်းက ပြောသည်။
“ပထမဆုံး ထိုင်ဝမ်ရွှေနီ (၁၆၈)မျိုးစေ့ကို ဝယ်ယူစိုက်ပျိုးပြီး ထွက်ရှိလာတဲ့အခါမှာ အသီးမှည့်ထဲက အစေ့ကိုယူ၍ အစေ့ကိုပြန်လည်စိုက်ပျိုးပါတယ်။ ဒါကြောင့် (F-2) ဒုတိယမျိုးဆက်လို့ ခေါ်ဆိုရခြင်းဖြစ်ပါတယ်။ အခုလက်ရှိ ကျနော်စိုက်ထားတာက ထိုင်ဝမ်ပထမမျိုးဆက် (F - 1) အသီးမှည့်မှ အစေ့ထုတ်အခြောက်ခံပြီး ဒုတိမျိုးဆက်ဖြစ်တဲ့ (F -2) ကို ပြန်လည်စိုက်ပျိုးထားခြင်း ဖြစ်ပါတယ်။ နိုင်ငံခြားမျိုးရင်းကို တိုက်ရိုက်ဝယ်ယူ စိုက်ပျိုးပါက မျိုးစေ့တန်ဖိုးဈေးကြီးခြင်း၊ ဒေသရဲ့ရာသီဥတုနဲ့ ပိုးမွှားရောဂါအန္တရာယ်ကို ခံနိုင်ရည်နည်းတဲ့အတွက် ဒီဒုတိယမျိုးဆက် (F-2) ကို စိုက်ပျိုးရခြင်း ဖြစ်ပါတယ်။ ဒီ (F-2) ဒုတိယမျိုးဆက် စိုက်ပျိုးတဲ့အတွက်ကြောင့် ရာသီမရွေးစိုက်ပျိုးလို့ရတယ်။ ဒေသရာသီဥတုဒဏ်နဲ့ ရောပိုးမွှားအန္တရာယ်ကိုပါ ခံနိုင်ရည်ရှိပြီး ဓာတုဆေးဝါးများ အသုံးမပြုထားသည့်အတွက် စားသုံးသူတွေ အန္တရာယ်ကင်းရှင်းစေပါတယ်။ သင်္ဘောသီးဆိုတာ လူတွေတိုက်ရိုက်စားသုံးတဲ့ သီးနှံဖြစ်တဲ့အတွက် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ မသုံးစွဲ့ဖို့လိုပါတယ်။ အဲဒီမျိုးစေ့တွေကို ရေတစ်ညစိမ်၊ အညှောင့်ဖောက်ပြီး ပျိုးအိပ်ထဲမှာ တစ်လခန့်ပျိုးထောင်ရပါတယ်။ ပျိုးထောင်ထားတဲ့ ပျိုးပင်ကို စိုက်တဲ့အခါမှာ အနံသုံးပေရှိ ပေါင်ပြုလုပ်၍ တစ်ပင်နှင့် တစ်ပင် ရှစ်ပေ၊ဆယ်ပေခန့်ခြားကာ မျိုးပေါ်မူတည်ပြီး အကွာအဝေးအမျိုးမျိုး စိုက်ပျိုးလို့ရပါတယ်။ ပေါင်တွေကို တစ်ဧကမှာ အပင်ရေ(၄၀၀)ကျော်ခန့် စိုက်ပျိုးလို့ရပါတယ်" ဟု စန္ဒဝတ်ကျေးရွာအုပ်စု၊ သာရမဲကျေးရွာမှ သင်္ဘောစိုက်တောင်သူ ကိုဆန်းမင်းဉီးက ပြောဆိုသည်။
“သင်္ဘောပင်များ စိုက်ပျိုးမှုကုန်ကျစရိတ်မှာ တစ်ဧက(၁၀)သိန်းဝန်းကျင်ခန့် ရှိပါတယ်။ စိုက်ပျိုးပြီးနောက် ခြောက်လ၊ ခုနစ်လအကြာတွင် စတင်ဆွတ်ခူးရပါတယ်။ တစ်ပင် အသီးအနည်းဆုံး ၁၅ လုံးကျော်ခန့် ထွက်ရှိပြီး တစ်ဧကကို အလုံးရေ (၇၀၀၀)ခန့် ထွက်ရှိပါတယ်။ အသီးကို နှစ်နှစ်လောက်အထိ ဆွတ်ခူးလို့ရတယ်။ ဆွတ်ခူးရရှိလာတဲ့ သင်္ဘောသီးအမှည့်များကို မြိတ်ဒေသအတွင်း ဈေးကွက်ကို အဓိကထား တင်ပို့ရောင်းချတဲ့အခါမှာ အသီးမှည့်အရွယ်အစားပေါ် မူတည်ပြီးတော့ တစ်လုံးကို ငွေကျပ်(၅၀၀)၊ (၇၀၀)၊ (၁၀၀၀) ကျပ်အထိ ရောင်းရပါတယ်။ သင်္ဘောစိုက်ပျိုးသူနည်းတယ်။ အရင်က ဈေးကွက်အတွင်းမှာ သင်္ဘောသီးအထွက်နည်းပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံ သင်္ဘောသီးများ ဈေးကွက်အတွင်း ဝင်ရောက်လာတယ်။ ဈေးကွက်လိုအပ်ချက်ကြောင့် အခုလိုမျိုး ထိုင်ဝမ်ဒုတိယမျိုးဆက် (F-2 သင်္ဘောမျိုးကို စီးပွားဖြစ် စမ်းသပ်စိုက်ပျိုးရခြင်း ဖြစ်ပါတယ်။ အသီးအရွယ်အစားနဲ့ အရသာလည်းချိုဆိုတော့ လူကြိုက်ပိုများပါတယ်” ဟု ၎င်းကဆက်လက်ပြောဆိုသည်။
ယခုလက်ရှိတွင် ထိုင်ဝမ်သင်္ဘောမျိုး ရွှေနီ ၁၆၈ မျိုးစေ့မှာ တစ်ထုပ်လျှင် ငွေကျပ် (၆၀၀၀)မှ (၃၀၀၀၀)အထိရှိပြီး မျိုးစေ့ထုပ်အမျိုးအစားပေါ် မူတည်ကာ ပျိုးထုပ်အပင်ရေ (၂၀၀)မှ (၁၀၀၀)ထိ ရရှိစိုက်ပျိုးနိုင်ကြောင်း သိရသည်။ သင်္ဘောပင်များကို အရှည်ပေ(၆၀)၊ အမြင့်တစ်ပေ၊ အကျယ်သုံးပေ စနစ်တကျ ပေါင်များပြုလုပ်၍ ခြောက်လက်မခန့် ကျင်းတူးကာ ကျင်းထဲသို့ ကြက်ခြေး၊ ငါးသာကာရည်ရောစပ်ထားသည့် (ငါးအမိုင်နို)၊ စပါးခွံပြာမှုန့်၊ ထုံးမှုန့်များကို ရောစပ်ထည့်သွင်းစိုက်ပျိုးပြီး နွေရာသီတွင် ရေလောင်းပေးရသည်။
အဆိုပါ သင်္ဘောပျိုးပင်များကို ကျင်းထဲသို့ စတင်မြေချစိုက်ပျိုးသည့်အချိန်မှ ခြောက်လ၊ ခုနစ်လကာလအကြာတွင် သင်္ဘောသီးမှည့်များအား ဆွတ်ခူး၍ မြိတ်ဒေသတွင်းရှိ ဈေးကွက်သို့ ပို့ဆောင်ရောင်းချနေရကြောင်း သိရသည်။ သင်္ဘောပင်တစ်ဧက စိုက်ပျိုးပါက ကုန်ကျမှုစရိတ်မှာ ငွေကျပ်(၁၀)သိန်းခန့်ရှိပြီး ဈေးကွက်ကောင်းသည့်အခါ စိုက်ပျိုးကုန်ကျမှုစရိတ်နုတ်ပြီး ငွေကျပ် (၃၀)သိန်းကျော်ခန့်ထိ အကျိုးအမြတ်ရရှိကြောင်း သိရသည်။
ထိုအပြင် မြိတ်ဒေသအတွင်း သင်္ဘောသီးဈေးကွက် အတက်အကျအလိုက် ရရှိသည့် ငွေကြေးပမာဏ ကွာခြားသွားသည်များလည်း ရှိသည်။ ထိုင်ဝမ်ဒုတိမျိုးဆက် (F-2) မှာ ဒေသမျိုးထက် အလုံးပိုကြီး၍ အရသာမှာလည်း ထည့်သွင်းထားသော မြေသြဇာပေါ်မူတည်ကာ ကွာခြားမှုရှိခြင်း၊ သဘာဝနည်းဖြင့် စိုက်ပျိုးထားသည့်အတွက် အန္တရာယ်ကင်းပြီး အရသာလည်း ပိုမိုကောင်းမွန်ကြောင်းနှင့် သင်္ဘောသီးရောင်းချရာတွင် အစိမ်းရောင်းချခြင်းနှင့် အမှည့်ရောင်းချခြင်းဟူ၍ နှစ်မျိုးနှစ်စားရောင်းချကြသည်။ ယခုအခါ ဒုတိယလှိုင်း ကိုဗစ်-၁၉ ရောဂါကာလဖြစ်နေသည့်အတွက် ဒေသထွက်သင်္ဘောသီးမှည့်များ နည်းပါသည့်အတွက် မြိတ်ဒေသဈေးကွက်တွင် သင်္ဘောသီးအမှည့်၊ အစိမ်းနှစ်မျိုးစလုံး ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သင်္ဘောပင်စိုက်ပျိုးရောင်းချသူတစ်ဉီးက ရှင်းပြသည်။
Read times
Rate this item
(0 votes)