Myanmar



မန္တလေးဈေးကွက် စားသုံးဆီနှင့် ဆီထွက်သီးနှံ ဈေးနှုန်းများ အခြေအနေ

မန္တလေးဈေးကွက်  စားသုံးဆီနှင့် ဆီထွက်သီးနှံ ဈေးနှုန်းများ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

16 7 2023

 

စားသုံးဆီဈေးနှုန်းများအနေဖြင့်
ပဲဆီတစ်ပိဿာ ၁၂၅၀၀မှ ၁၃၅၀၀ကျပ်၊
နှမ်းဆီတစ်ပိဿာ ၁၁၅၀၀ကျပ်မှ ၁၂၀၀၀ကျပ်၊
ပဲပုတ်ဆီ တစ်ပိဿာ ၅၈၀၀ကျပ်မှ ၆၅၀၀ကျပ်၊
နေကြာဆီတစ်ပိဿာ ၁၂၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်၊
စားအုန်းဆီ တစ်ပိဿာ ၆၀၀၀ကျပ်ဖြင့်
ပုံမှန်ရောင်းဝယ်မှုရှိသည်။


မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက် မြေပဲ (လုံးဆံ)ဈေးနှုန်းမှာ ဆောင်းလက်ကျန်နည်းခြင်း၊ မိုးမြေပဲအတွက် မျိုးဝယ်ယူမှုရှိခြင်းကြောင့် မျိုး မြေပဲမှာ ၁၀၀ပိဿာ ၇၀၀၀၀၀ကျပ်ရှိပြီး လုပ်ငန်းသမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ၁၀၀ပိဿာ ၆၈၀၀၀၀ကျပ် ဖြင့်ဈေးငြိမ်နေသည်။

မြေပဲ(ဆီဆံ)မှာ ဆီစက်သမား အဝယ်နည်းခြင်းကြောင့် အရောင်းအဝယ်အေးခြင်း၊ လက်ကျန်အရည်အသွေးညံ့ခြင်းကြောင့် ၁၀၀ပိဿာ ၆၆၀၀၀၀ကျပ်မှ ၆၀၀၀၀၀ကျပ် သို့ ဈေးမသိမသာနိမ့်သွားသည်။

နှမ်းမျိုးစုံဈေးနှုန်းအနေဖြင့် နွေနှမ်း စတင်ဝင်ရောက်သော်လည်း အဝင်နည်းသေးခြင်း၊ ဆောင်းလက်ကျန်နည်းခြင်း အရည်အသွေးကောင်းအား တရုတ်ဝယ်လက်ရှိခြင်းကြောင့် နှမ်းဖြူ (သစ်) ၄၅ပိဿာ ၃၄၂၀၀၀ကျပ် မှ ၃၄၂၀၀၀ ကျပ်ဖြင့် ဈေးမြင့်နေသည်။

နှမ်းညိုမှာလည်း အသစ်နှင့် အဟောင်းနှစ်မျိုးလုံး ဝင်ရောက်မှုရှိပြီး ဆီစက်သမားအဝယ်နည်းခြင်းကြောင့် ယခင်အပတ် အရည်အသွေး အကောင်းဆုံး ၄၅ပိဿာ ၃၁၀၀၀၀ ကျပ် မှ ယခုအပတ် ၄၅ပိဿာ ၃၀၃၀၀၀ကျပ် အဟောင်း ၂၉၅၀၀၀ ကျပ်သို့ ဈေးမသိမသာ နိမ့်နေသည်။

နှမ်းနက်(စမုံ) မှာလည်း အသစ်ဝင်ရောက်မှုရှိခြင်း၊ အရည်အသွေးကောင်းခြင်းကြောင့် ၄၅ပိဿာ ၃၃၀၀၀ကျပ်မှ ၃၄၀၀၀၀ကျပ်သို့ ဈေးမသိမသာ မြင့်နေသည်။

နှမ်းဝါသစ်များ လည်း ဝင်ရောက်ပြီး အဝင်နည်းခြင်း ကြောင့် ၄၅ပိဿာ ၃၀၅၀၀၀ ကျပ်ဈေးရှိနေသည်။

ပန်းနှမ်းဈေးနှုန်းအနေဖြင့် အရောင်းအဝယ်အေးခြင်းကြောင့် ၄၅ပိဿာ ၃၁၅၀၀၀ ကျပ်မှ ယခုအပတ် ၂၀၅၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။

နေကြာဈေးနှုန်းမှာ အဝင်ပုံမှန် ဆီစက် သမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ၂၇ပိဿာ ၁၀၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Saturday, 17 June 2023 06:40
Rate this item
(0 votes)