Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ရွှေကျင်မြို့နယ်တွင် (CERP) အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်

ရွှေကျင်မြို့နယ်တွင် (CERP) အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ် Moi.Gov

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တွင် မိုးစပါးမျိုးစေ့ ထုတ်တောင်သူများအား ကိုဗစ်-၁၉ ရောဂါကာလ စီးပွားရေးကုစားမှု အစီအစဉ် (CERP)အရ စိုက်ပျိုးစရိတ်အတွက် ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကို ၂၀၂၀ခုနှစ် ဩဂုတ်လ ၂၇ရက်နေ့ နံနက် ၉ နာရီခွဲက သရက်ချောင်းကျေးရွာ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြု လေ့လာရေးစခန်း အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပါသည်။

 

အခမ်းအနားတွင် ရွှေကျင်မြို့နယ် တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းက အဖွင့် အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်ထွေးက မိုးစပါး မျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေများ​နှင့် မျိုးစေ့ထုတ်လုပ်ပုံ အဆင့်ဆင့်နည်းစနစ်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။

 

 

ထို့နောက် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၆) အုပ်စုမှ မိုးစပါးမျိုးစေ့ထုတ် တောင်သူ(၁၁၇)ဦး၏ စိုက်ဧက (၄၀၀) ဧကအတွက် (၅၉၄၀၀၀၀၀) ကျပ်ကို တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်း ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူများက တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

By Myanmar Food Guide

 

Moi.Gov

Read times
Rate this item
(0 votes)