Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့သစ်သီးဝလံများကို နိုင်ငံတကာဈေးကွက်မှ ဝယ်ယူရန်ကမ်းလှမ်း

မြန်မာ့သစ်သီးဝလံများကို နိုင်ငံတကာဈေးကွက်မှ ဝယ်ယူရန်ကမ်းလှမ်း Google

မြန်မာနိုင်ငံမှ ထွက်ရှိသည့်သစ်သီးဝလံများကို ဝယ်ယူလိုကြောင်း နိုင်ငံတကာဈေးကွက်မှ ကမ်းလှမ်းမှုများရှိနေသည်ဟု

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။

 

“အောက်တိုဘာလ လောက်မှာ သစ်သီးဝလံဝယ်ယူချင်တဲ့ ကမ်းလှမ်းမှုတွေရှိလာတယ်။ မြန်မာ့သစ်သီးဝလံတွေကို အာရှနိုင်ငံတွေက ဝယ်ယူချင်တယ်လို့ ကမ်းလှမ်းကြတာပါ။ တရုတ်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မလေးရှားနိုင်ငံတို့က ကမ်းလှမ်းထားပါတယ် ’’ ဟု ဆင်ဟွာဌာနသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးဦးမျိုးသူက ပြောကြားခဲ့ပါသည်။

 

အရည်သွေးကောင်းသော သစ်သီးဝလံများကို ပြည်ပသို့တင်ပို့ရာတွင် အစားအစာဘေးကင်းလုံခြုံရေးနှင့် အပင်ရောဂါပိုးမွှား ကင်းရှင်းရေး အသိအမှတ်ပြုလက်မှတ်များလိုအပ်ပြီး အပင်ရောဂါကင်းရှင်းရေးလက်မှတ်အား စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ပေးလျက်ရှိပါသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အနေဖြင့် ဈေးကွက်သစ်များရရှိစေရေး၊ ပို့ကုန်များများတင်ပို့နိုင်ရေးအတွက်ကြိုးပန်းဆောင်ရွက်လျက်ရှိသလို ကုန်သည်များအချင်းချင်း အွန်လိုင်းမှ တစ်ဆင့် ရောင်းချနိုင်ရန်ဆောင်ရွက်ပေးလျက်လည်း ရှိပါသည်။

 

By Myanmar Food Guide

xinhuamyanmar

Read times
Rate this item
(0 votes)