Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


သာမို(၁၁) ငရုတ်သီးမျိုး စိုက်ပျိုးလုပ်ကိုင်သူများ အမြတ်ငွေရရှိနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ အနေဖြင့်

ယခုအခါ မိရိုးဖလာ တောင်သူ လယ်ယာလုပ်ငန်းအပြင် အခြားသီးနှံပင်များကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ စားဖိုချောင်သုံးသီးနှံဖြစ်သည့် ငရုတ်သီးပင် စိုက်ပျိုးလုပ်ကိုင်ခြင်းဖြင့် ဝင်ငွေပိုမိုရရှိနေကြောင်း သိရှိရသည်။

ငရုတ်ပင်မှာ နှစ်တိုစားဖိုချောင်သုံးသီးနှံဖြစ်သည့်အပြင် ဈေးကွက်ပုံမှန်ရှိခြင်းကြောင့် တစ်ပိုင်တစ်နိုင် ပျိုးလုပ်ကိုင်လျက်ရှိကြောင်း၊ မိမိမြေ(၃)ဧကတွင် ငရုတ်ပင် (၂၁၀၀၀)ခန့် စိုက်ပျိုးထားရှိကြောင်းနှင့် စိုက်ပျိုးပြီး (၃)လပြည့်ပါ အပင်အခြေအနေကို ကြည့်ကာ ခူးယူရောင်းချနိုင်ပြီဖြစ်ကြောင်း၊ ယနေ့ချိန်ထိ ငရုတ်သီးပိသာချိန် (၄၅၀၀)ခန့် ရောင်းချထားရှိပြီးဖြစ်ကြောင်း မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာမှ ငရုတ်သီးစိုက်ပျိုးလုပ်ကိုင်နေသူ ဒေါ်ဖြူထံမှ သိရှိရသည်။

ငရုတ်သီးစိမ်း (၁)ပိသာလျှင် (၁၄၀၀)ကျပ်ဖြင့် ဖောက်သည်သွင်းရ၍ ယခုချိန်တွင် ဝင်ငွေပုံမှန်ရရှိလျက်ရှိပြီး စိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် (၃)ဧက သိန်း(၃၀)ခန့်ရှိကာ အပင်ပြုစုမှုအပေါ်မူတည်၍ နောက်ထပ် (၄)လကျော် ဆက်လက်ခူးနိုင်သည့်အတွက် အမြတ်ငွေပိုမိုရရှိနိုင်ကြောင်း စိုက်ပျိုးသူများထံမှ သိရှိရသည်။

MDN

 

Read times Last modified on Sunday, 03 January 2021 20:16
Rate this item
(0 votes)