Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ပင်လယ်စာ ကြိုက်နှစ်သက်သူမျာအတွက် ပြည်ကြီးငါးမာလာ

မာလာကြိုက်နှစ်သက်သူများအတွက် အိမ်တွင် လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ပင်လယ်စာ ပြည်ကြီးငါးမာလာပြုလုပ်နည်းလေးကို ဖော်ပြ ပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့  ပြည်ကြီးငါး၊ ပန်းငရုတ်ပွ၊ မုန်လာဥနီ၊ ချယ်ရီခရမ်းချဉ်သီး၊ နှမ်း၊ နံနံပင်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မာလာဟင်းအနှစ်၊ ဆီ၊ သကြား၊ ဆား၊ ငရုတ်သီးခြောက်ကြော်တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ပြည်ကြီးငါးကို ရေဆေးပြီး အနေတော်လှီးဖြတ်ထားပါ။

 

ပြီးလျှင် ပန်းငရုတ်ပွများကို အနေတော်အချပ်များ လှီးဖြတ်ထားပါ။ ကြက်သွန်နီကို ၄ စိတ် စိတ်ပြီး အချပ်များအဖြစ် နွှာထားပါ။

 

ပြီးနောက် မုန်လာဥနီကို အနေတော်လှီးဖြတ်ပါ။ ချယ်ရီခရမ်းချဉ်သီးကို တစ်ခြမ်းခြမ်းထားပါ။

 

ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး ဆီသတ်ပါ။ အနံ့မွှေးလာပြီဆိုလျှင် ကြက်သွန်နီထည့်ပြီး ပြည်ကြီးငါးထည့်ပါ။

 

ပြီးလျှင် ပန်းငရုတ်ပွ၊ ချယ်ရီခရမ်းချဉ်သီး၊ မုန်လာဥနီနှင့် မာလာဟင်းအနှစ်များ ထည့်ပြီး အရသာထည့်ပါ။

 

ပြီးနောက် အနံ့မွှေးပြီး ထွက်လာပြီဆိုလျှင် နှမ်း၊ ငရုတ်သီးခြောက်ကြော်နှင့် နံနံပင်တို့ကို ဖြူးထည့်ပြီး ပန်းကန်ထဲသို့ထည့်၍ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times Last modified on Thursday, 03 January 2019 15:18
Rate this item
(2 votes)