Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


FDA Food import/ export လျှောက်ထားခြင်း fully online system ရှင်းလင်းပွဲ

FDA မှာ Food import/ export လျှောက်ထားခြင်းနဲ့ပတ်သက်ပြီး fully online system ကို ၂၀၂၁ မှစပြီး ဆောင်ရွက်တော့မှာဖြစ်လို့ လုပ်ငန်းရှင်များ သိရှိနိုင်ရန် အသိပေးရှင်းလင်းပွဲလုပ်မှာဖြစ်တဲ့အတွက် စိတ်ဝင်စားသူများ အချိန်မီRegister လုပ်နိုင်ရန် တင်ပြအသိပေးအပ်ပါတယ်။

 

အစားအသောက် တင်သွင်း/တင်ပို့ ထောက်ခံချက်လျှောက်ထားခြင်းများ အတွက် ပြောင်းလဲကျင့်သုံးမည့် Web-based Application and Certification စနစ်တွင် ယခင်ရရှိခဲ့သော သွင်းကုန်ထောက်ခံချက်အချက်အလက်များအား မှတ်တမ်းတင်ခြင်းအတွက် အသိပေးရှင်းလင်းပွဲ ကျင်းပတော့မည် ဖြစ်ပါသည်။ 

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် လာမည့် ၂၀၂၁ ခုနှစ်တွင် အစား အသောက် ထောက်ခံချက်လျှောက်ထားခြင်းများအား Online မှပင် လျှောက်ထားနိုင်သည့် Webbased Application and Certification System အား ပြောင်းလဲမည် ဖြစ်ပါသည်။
အစားအသောက်တင်သွင်းလုပ်ငန်းများ၏ သွင်းကုန်ကျန်းမာရေးထောက်ခံချက် (Import Health Certificate -IHC) လှှော့်ကထားခြင်းစနစ်အား သွသ်းကုန်ထောက်ခံချက် (Import Recommendation - IR) ရရှိထားမှုဖြင့် ချိတ်ဆက်ထားမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ (၁.၂.၂၀၂၁) ရက်နေ့နှင့် ထိုနောက်ပိုင်းတွင် သက်တမ်းရှိနေမည့် သွင်းကုန် ထောက်ခံချက် (IR) များအားလုံးကို တင်သွင်းလုပ်ငန်းများမှ Web-based Application and Certification System အတွင်း ပြန်လည်မှတ်တမ်းတင်ရန်လိုအပ်ပါသည်။ ထိုမှသာ Online စနစ် သစ်စတင်သည့်အချိန်တွင် IHC လျှောက်ထားခြင်းကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ ယင်းသို့ အချက် အလက်များ ပြန်လည်ဖြည့်သွင်းခြင်းကို (၁၅.၁၂.၂၀၂၀) မှ (၃၁.၁.၂၀၂၁) ရက်နေ့ထိသာ သတ်မှတ် ခွင့်ပြုပေးထားမည်ဖြစ်ရာ တင်သွင်းလုပ်ငန်းများအနေဖြင့် ယင်းသတ်မှတ်ကာလအတွင်း Online Database ပေါ်တွင် အချက်အလက်များအချိန်မီ ဝင်ရောက်ဖြည့်သွင်းရန်လိုအပ်ပါသည်။
ထို့ ကြောင့် ၂၀၂၁ ခုနှစ်တွင် စတင်ကျင့်သုံးမည့် Web-based Application and Certification System တွင် IR အချက်အလက်များ ပြန်လည်ဖြည့်သွင်းခြင်းအတွက် အသိပေး ရှင်းလင်းပွဲကို Virtual Platform တွင် အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါ၍ အစား အသောက်တင်သွင်းလုပ်ငန်းများအနေဖြင့် မဖြစ်မနေ တက်ရောက်ကြပါရန်နှင့် တက်ရောက် မည့်ကိုယ်စားလှယ်၏ အချက်အလက်များအား (၈.၁၂.၂၀၂၀) ရက်နေ့ နောက်ဆုံးထား၍ အောက် ဖော်ပြပါ Link တွင် Registration ပြုလုပ်ပေးပါရန် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဖိတ်ကြားထားပါသည်။

အခမ်းအနားအစီအစဉ်
ကျင်းပမည့်နေ့ရက်
- ၁၂.၁၂.၂၀၂၀ (စနေနေ့) ၊
ကျင်းပမည့်အချိန် - နံနက် (၁၀) နာရီမှ နေ့လယ် (၁၂) နာရီ
Registration Link - https://forms.gle/kn57UyrzWHhnqauu6


အခမ်းအနားလူဦးရေကန့်သတ်ချက်ရှိပါသောကြောင့် တင်သွင်းအစားအသောက်လုပ်ငန်းတစ်ခုလျှင် တာဝန်ရှိကိုယ်စားလှယ်တစ်ဦးသာ Registration လက်ခံမည်ဖြစ်ပါသည်။

Read times
Rate this item
(0 votes)