Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


တစ်ပိုင်တစ်နိုင် ပဲလှော်လုပ်ငန်းဖြင့် တစ်နှစ်ပတ်လုံး ပုံမှန်ဝင်ငွေဖော်ဆောင်

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် ဆင်တလည်ရွာတွင် ပဲလှော်လုပ်ငန်းဖြင့် ပုံမှန်ဝင်ငွေရရှိစေရန်

ဖော်ဆောင်လျက်ရှိရာ တစ်နှစ်ပတ်လုံး ပုံမှန်ဈေးကွက်ရှိသည့်အတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပဲလှော်လှော်ရာတွင် ဒေသအခေါ် ပဲကွမ်းသီးကို အသုံးပြုကြသည်။ ဆင်တလည်ရွာတွင် ပဲကွမ်းသီးကို အဓိကထားစိုက်ပျိုးပြီး ရရှိလာသည့် ပဲကွမ်းသီးကို တစ်နှစ်ပတ်လုံး ပဲလှော်လှော်ကာ ရောင်းချကြသည်။
ပဲလှော်လှော်ရန်အတွက် ညပိုင်းတွင် ပဲကွမ်းသီးများကို ရေစိမ်ထားပြီး မနက်ပိုင်းတွင် နေလှန်းပေးရသည်။ ခြောက်သွားပါက မိုးဗြဲဒယ်အတွင်း ဆားထည့်ကာ ပဲလှော်လှော်ကြရသည်။ ပဲလှော်ဖိုတစ်ခုတွင် လူတစ်ဦးနှစ်ဦးသာလျှင် အသုံးပြုရသည်။ တစ်ရက်ပဲလှော်လှော်ကာ နောက်တစ်ရက် သွားရောက်ရောင်းချခြင်းများကို ပြုလုပ်ကြသည်။ တစ်နေ့လျှင် ပဲလှော်လှော်သူတစ်ဦးပဲ တစ်တင်းအထိ တစ်ပိုင်တစ်နိုင်လှော်ကာ ရောင်းချသည်။ လက်ရှိကာလတွင် ပဲလှော်တစ်ပြည်လျှင် ငွေကျပ် ၂၂၀၀ နှုန်းဖြင့် ရောင်းချကြသည်။
ပဲလှော်လှော်သည့် လုပ်ငန်းတွင် ပဲကွမ်းသီးတစ်ပြည် ရေစိမ်ပါက ပဲလှော်တစ်ပြည်နှင့် လေးလုံးရသည်။ တစ်တင်းရေစိမ်ကာ ပဲလှော်လှော်ပါက ပဲလှော်တစ်တင်းခွဲအထိ ရရှိသည်။ ဆင်တလည်ရွာတွင် ပဲလှော်လှော်ကာ ပုံမှန်ဝင်ငွေရရှိအောင် ပြုလုပ်ကြသည်။ ပဲလှော်လှော်ပြီးပါက ဆိုင်ကယ်များဖြင့် သွားရောက်ရောင်းချကြသည်။ အချို့ပဲလှော်လှော်သူများက အိမ်တွင် ဖောက်သည်ပေးကြသည်။ ဆင်တလည်ရွာမှာ ရှေးအစဉ်အဆက်ကတည်းက ပဲလှော်လုပ်ငန်းကို လုပ်ကိုင်ကာ ပဲလှော်သည်ဘုရားဆိုသည်ကို တည်ထားကြောင်း သိရသည်။ ယခုအခါ ဆင်တလည်ရွာတွင် အိမ်တစ်အိမ်လျှင် တစ်နှစ်လျှင် အနည်းဆုံး ပဲကွမ်းသီး တင်း ၅၀ မှ ၈၀ ကျော်အထိ လှော်ကာ ပုံမှန်ဝင်ငွေ ရရှိစေရန် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
MDN

Read 1969 times
Rate this item
(0 votes)