Myanmar
သက်သတ်လွတ်သမားများအတွက် ပဲပြားပေါင်း
ဝါတွင်းကာလအခါသမယတွင် သက်သတ်လွတ်စားချင်သူများအတွက် ပဲပြားပေါင်း ပြုလုပ် နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ပဲပြား၊ မှို၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ ဆား၊ ဟင်းခတ်မှုန့်၊ ဆီ၊ တရုတ်ပဲငံပြာရည်၊ ငရုတ်ကောင်းမှုန့်တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ပဲပြားကို ထမင်းပေါင်းအိုးထဲမှာ ရေနွေးငွေ့ငွေ့လးနဲ့ ပေါင်းထားပါ။
ပြီးလျှင် မှို၊ မုန်လာဥနီ၊ ခရမ်းချဉ်သီးတို့ကို ပါးပါးလေးတွေ လှီးထားပါ။ ခရမ်းချဉ်သီးကိုတော့ အတွင်းသား အစေ့တွေ အနှစ်တွေကို ဖယ်ပြီး လှီးထားပါ။
ပြီးနောက် ကြော်မယ့် အိုးထဲမှာ ဆီ အနည်းငယ်ဆိုရုံလောက်လေး ထည့်ပြီး မှို၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး တို့ကို ဆား၊ ဟင်းခတ်မှုန့်၊ တရုတ်ပဲငံပြာရည်၊ ငရုပ်ကောင်း တို့ကို ထည့်ပြီး အိနေအောင်ကြော်လိုက်ပါ။ ကြော်လို့ နူုးသွားပြီဆိုရင် မီးအေးအေးလေးထားပြီး အိုးပေါ်မှာ တင်ထားပါ။
ပြီးနောက် ပဲပြားပေါင်းထားတာလေး နူးပြီဆိုရင် စောနက ကြော်ထားတာလေးကို ပဲပြားအပေါ်ကနေ အသီးအရွက်ကြော်လေးတွေကို လောင်းချလိုက်ပါ။
ပြီးရင်တော့ အရသာရှိတဲ့ သက်သက်လွတ် ပဲပြာပေါင်း ကို ထမင်းပူပူလေးနှင့် မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။
Read More >>> သက်သတ်လွတ်သမားများအတွက် မျှစ်သုပ်