Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းမြိန်စေမယ့် ရုံးပတီသီးသုပ်

အိမ်တွင် လွယ်လင့်တကူပြုနိုင်ပြီး ထမင်းမြိန်စေတဲ့ ရုံးပတီသီးသုပ်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ရုံးပတီသီး၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ နံနံပင်၊ ပုစွန်ခြောက်မှုန့်၊ မြေပဲထောင်း၊ ကြက်သွန်ဖြူဆီချက်၊ ငံပြာရည်၊ ဆား၊ ကြက်သွန်ဖြူကြော်တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ရုံးပတီသီးများကို အနေတော်လှီးဖြတ်ပြီး ရေနွေးဆူဆူထဲ ဆားထည့်၍ မိနစ်အနည်းငယ်ခန့် ရေနွေးဖြောပေးထားပါ။

 

ပြီးလျှင် ဆယ်ယူပြီး အအေးခံထားပါ။

 

Read More >>>>>   တရုတ်အစားအစာဖြစ်တဲ့ သက်သတ်လွတ် ပဲလိပ်ချိုချဉ်ကြော်

ပြီးနောက် ဇလုံတစ်လုံးထဲ ပါးပါးလှီးထားတဲ့ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ နံနံပင်နှင့် ပုစွန်ခြောက်မှုန့်၊ မြေပဲထောင်း၊ ဆီချက်၊ ကြက်သွန်ဖြူကြော်၊ အရသာများနှင့် ရေနွေးဖြောထားတဲ့ ရုံးပတီသီးများ ထည့်ပြီး သုပ်လိုက်ပါ။

 

ပြီးနောက် အရသာအနေတော်ဖြစ်ပြီဆိုလျှင် ပန်းကန်ထဲထည့်ပြီး ထမင်းနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Friday, 08 March 2019 11:14
Rate this item
(2 votes)