Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ရေမုန်ညှင်းရွက်ကြော်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဟင်းသီးဟင်းရွက်စားချင်သူများအတွက် ရည်ရွယ်ပြီး

အိမ်တွင် လွယ်လင့်တကူပြုလုပ်နိုင်တဲ့ ရေမုန်ညှင်းရွက်ကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ရေမုန်ညှင်း၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ဆီ၊ ဆား၊ ချင်း၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်းမှုန့် တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ရေမုန်ညှင်းကို ချွေကာ ရေဆေးပြီး ဇကာဖြင့် ရေဆစ်ထားပါ။ ကြက်သွန်ဖြူ၊ ချင်းကို အခွံခွာပြီး ဓားပြားရိုက်ထားပေးပါ။ ခရမ်းချဉ်သီးကို ရေဆေးပြီး လှီးထားပါ။

 

ပြီးလျှင် မီးဖိုပေါ်ကို ဒယ်အိုးတင်ပြီး ဆီထည့်လိုက်ပါ။ ဆီပူလာပြီဆိုရင် ကြက်သွန်ဖြူနဲ့ ဂျင်းထည့်ပါ။ မိနစ်အနည်းငယ်ခန့် မွှေပေးပါ။ ပြီးနောက် လှီးထားသော ခရမ်းချဉ်သီးထည့်လိုက်ပါ။

 

ခရမ်းချဉ်သီးနွမ်းသွားအောင် မွှေပါ။ ပြီးလျှင် ရေမုန်ညှင်းထည့်လိုက်ပါ။ ပြီးနောက် ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ပါ။

 

ရေမုန်ညှင်းနွမ်းသွားအောင် မွှေပေးပါ။ ပြီးရင် မီးဖိုပေါ်ကချ၍ အရသာရှိပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ ရေမုန်ညှင်းကြော်လေးကို ထမင်းပူပူလေးနှင့် တွဲဖက် သုံးဆောင်နိုင်ပါတယ်။

Read 4458 times Last modified on Tuesday, 18 September 2018 15:36
Rate this item
(1 Vote)