Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဝက်သားနှင့် ကြက်ဟင်းခါးသီးချက်

ဝက်သားချည်းပဲစားရတာ ရိုးအီသွားသူများအတွက် ၀က်သားကို ပုံစံဆန်းလေးချက်ကြည့်ရအောင်နော်။

ဝက်သားကို ကြက်ဟင်းခါးသီးထည့်ပြီးချက်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

 

ပါဝင်ပစ္စည်းတွေကတော့ ၀က်သား၊ ကြက်ဟင်းခါးသီး၊ ခရမ်းချဉ်သီး၊ စပါးလင်၊ နနွင်းမှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီးခြောက်၊ ငံပြာရည်၊ ဆီ၊ ဆားတို့ လိုအပ်ပါမယ်။

 

 

ပထမဦးဆုံး ၀က်သားကို အနေတော်အတုံးကလေးများတုံးပြီး ရေဆေးသန့်စင်ထားပါ။

 

 

ကြက်ဟင်းခါးသီးကိုလည်း စိတ်ကြိုက်ပုံစံလှီးဖြတ်ပြီး အခါးဓာတ်လျော့သွားစေရန် ဆားဖြင့်ရေဆေးကြောထားပါ။

 

 

ပြီးလျှင် ဒယ်အိုးထဲဆီထည့်ပါ။ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စပါးလင်၊ ချင်း၊ နနွင်းမှုန့်၊ ငရုတ်သီးခြောက်များထည့်၍ ကြက်သွန်ဖြူ၊ ကြက်သွန်နီများ နွမ်းသည်အထိ တည်ထားပေးပါ။

 

 

ပြီးနောက် ၀က်သား၊ ကြက်ဟင်းခါးသီးနှင့် ခရမ်းချဉ်သီးများထည့်ပြီး နွမ်းသည်အထိ တည်ပေးပါ။ ပြီးလျှင် ရေ ထည့်ပြီး တည်ထားပေးပါ။ ပြီးလျှင်တော့ အပေါ့အငန်မြည်းကြည့်ပြီး ၀က်သားနူးသည်အထိ တည်ထားပေးပါ။

 

 

ရေခမ်းရင်တော့ ၀က်သားနှင့် ကြက်ဟင်းခါးသီးချက်ကို ထမင်းပူပူလေးနှင့် မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

 

Read times Last modified on Tuesday, 18 September 2018 10:28
Rate this item
(2 votes)