Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းမြိန်စေမယ့် ငါးခေါင်းချဉ်စပ်လေးလုပ်စားရအောင်

Unicode


ထမင်းမြိန်စေမယ့် ငါးခေါင်းချဉ်စပ်လေးလုပ်စားရအောင်


မိသားစုဆုံတုန်းလေး ထမင်းစားမြိန်စေမယ့် ငါးခေါင်းချဉ်စပ်လေး ပိတ်ရက်မှာလုပ်စားဖို့အတွက် အောက်တွင် နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ငါးခေါင်း၊ ခရမ်းချဉ်သီး၊ မျှစ်၊ မှို၊ ငုံးဥ၊ နံနံပင်၊ ငရုတ်သီးစိမ်းတောင့်၊ ပင်စိမ်း၊ သံပရာသီး၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးအပုတောင့်၊ စပါးလင်၊ ဆီ၊ ဆား၊ နနွင်း၊ ငံပြာရည်တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ငါးခေါင်းကို ရေဆေးသန့်စင်ထားပါ။


ပြီးနောက် ဆား၊ နနွင်း၊ ငံပြာရည်ထည့်ပြီးနယ်ထားပေးပါ။

 

Dried Tea Leaves လက္ဖက္ေျခာက္လုပ္ငန္းေပါင္း ၂၉၆ ခုကိုရွာရန္ႏွိပ္ပါ။


ပြီးလျှင် ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးအပုတောင့်ကို ရောထောင်းထားပါ။


ပြီးနောက် စပါးလင်ကိုလည်း ရေဆေးပြီး ထုချေထားပါ။


ပြီးလျှင် ငုံးဥကို သီးသန့်ပြုတ်ထားပါ။ မျှစ်ကို ရေဆေးပြီး ရေစိမ်ထားပါ။


ပြီးနောက် ချက်မည့်ဟင်းအိုးထဲသို့ ငါးခေါင်းထည့်၊ ဆီအနည်းငယ်ထည့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ထောင်းထားတာထည့်၊ စပါးလင်ထည့်၊ ခရမ်းချဉ်သီးထည့် ရေအနည်းငယ်ထည့်၍ ဟင်းအိုးကို တည်ထားပေးပါ။


ပြီးလျှင် ဟင်းအိုးဆူလာပြီဆိုလျှင် အရသာကို စိတ်ကြိုက်အနေအထားရောက်အောင် မြည်းကြည့်လိုက်ပါ။


ပြီးနောက် ငါးခေါင်းကို ရေမြှုပ်အောင် ပြန်တည်ပေးထားပါ။

 

Read More >>>>>  အစပ္ႀကိဳက္သူမ်ားအတြက္ ရွဴးရွဲ ငါးၾကင္း ငပိခ်က္


ငါးခေါင်းနူးလာပြီဆိုရင်တော့ မှို၊ မျှစ်၊ ငုံးဥ၊ နံနံပင်၊ ငရုတ်သီးစိမ်း၊ ပင်စိမ်းကိုထည့်လိုက်ပါ။


ဟင်းရည်ကျက်ရင်  သံပရာရည်လေးထည့်ပြီး ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

 

#Myanmar Food Industry Directory (WWH)

 

 

 

ထမင္းၿမိန္ေစမယ့္ ငါးေခါင္းခ်ဥ္စပ္ေလးလုပ္စားရေအာင္

 

မိသားစုဆံုတုန္းေလး ထမင္းစားၿမိန္ေစမယ့္ ငါးေခါင္းခ်ဥ္စပ္ေလး ပိတ္ရက္မွာလုပ္စားဖို႕အတြက္ ေအာက္တြင္ နည္းလမ္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္။


ပါဝင္ပစၥည္းမ်ားကေတာ့ ငါးေခါင္း၊ ခရမ္းခ်ဥ္သီး၊ မွ်စ္၊ မိႈ၊ ငံုးဥ၊ နံနံပင္၊ င႐ုတ္သီးစိမ္းေတာင့္၊ ပင္စိမ္း၊ သံပရာသီး၊ ခ်င္း၊ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ င႐ုတ္သီးအပုေတာင့္၊ စပါးလင္၊ ဆီ၊ ဆား၊ နႏြင္း၊ ငံျပာရည္တို႕ လိုအပ္ပါမယ္။

 


ပထမဦးဆံုး ငါးေခါင္းကို ေရေဆးသန္႕စင္ထားပါ။

 


ၿပီးေနာက္ ဆား၊ နႏြင္း၊ ငံျပာရည္ထည့္ၿပီးနယ္ထားေပးပါ။

 

Dried Tea Leaves လက္ဖက္ေျခာက္လုပ္ငန္းေပါင္း ၂၉၆ ခုကိုရွာရန္ႏွိပ္ပါ။

 


ၿပီးလွ်င္ ခ်င္း၊ ၾကက္သြန္ျဖဴ၊ င႐ုတ္သီးအပုေတာင့္ကို ေရာေထာင္းထားပါ။

 


ၿပီးေနာက္ စပါးလင္ကိုလည္း ေရေဆးၿပီး ထုေခ်ထားပါ။

 


ၿပီးလွ်င္ ငံုးဥကို သီးသန္႕ျပဳတ္ထားပါ။ မွ်စ္ကို ေရေဆးၿပီး ေရစိမ္ထားပါ။

 


ၿပီးေနာက္ ခ်က္မည့္ဟင္းအိုးထဲသို႕ ငါးေခါင္းထည့္၊ ဆီအနည္းငယ္ထည့္၊ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ ေထာင္းထားတာထည့္၊ စပါးလင္ထည့္၊ ခရမ္းခ်ဥ္သီးထည့္ ေရအနည္းငယ္ထည့္၍ ဟင္းအိုးကို တည္ထားေပးပါ။

 


ၿပီးလွ်င္ ဟင္းအိုးဆူလာၿပီဆိုလွ်င္ အရသာကို စိတ္ႀကိဳက္အေနအထားေရာက္ေအာင္ ျမည္းၾကည့္လိုက္ပါ။

 


ၿပီးေနာက္ ငါးေခါင္းကို ေရျမွဳပ္ေအာင္ ျပန္တည္ေပးထားပါ။

 

Read More >>>>>  အစပ္ႀကိဳက္သူမ်ားအတြက္ ရွဴးရွဲ ငါးၾကင္း ငပိခ်က္

 


ငါးေခါင္းႏူးလာၿပီဆုိရင္ေတာ့ မိႈ၊ မွ်စ္၊ ငံုးဥ၊ နံနံပင္၊ င႐ုတ္သီးစိမ္း၊ ပင္စိမ္းကိုထည့္လိုက္ပါ။

 


ဟင္းရည္က်က္ရင္  သံပရာရည္ေလးထည့္ၿပီး ထမင္းပူပူေလးနဲ႕ ၿမိန္ယွက္စြာ တည္ခင္းသံုးေဆာင္ႏိုင္ပါတယ္။

 

#Myanmar Food Industry Directory (WWH)

 

Read times Last modified on Tuesday, 18 February 2020 17:51
Rate this item
(0 votes)