Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာငှက်ပျော ဖိလစ်ပိုင်ငှက်ပျောနှင့် တရုတ်ဈေးကွက်

မြန်မာငှက်ပျော တရုတ်နိုင်ငံသို့ တင်ပို့မှု အများဆုံး ရာသီမှာ အောက်တိုဘာလမှ မေလအထိကာလအတွင်း ဖြစ်ပါတယ်။


မြန်မာငှက်ပျော လုပ်ကိုင်တဲ လုပ်ငန်း Yunnan Jinxin Agricultural Co., Ltd. မှ လက်ထောက် အထွေထွေမန်နေဂျာ He Zhongpu က မြန်မာငှက်ပျောအကြောင်းကို ပြောပြတယ်။

“တရုတ်ပြည်တွင်း အသီးဈေးကွက်မှာ ငှက်ပျောတွေ များနေရင် ဈေးနည်းသွားတယ်။ ပြည်ပက တင်သွင်းတဲ့ ပမာဏ များရင်လည်း ဈေးကျတယ်”

banana_4.jpg

Jinxin က ကချင်ပြည်နယ်မှာ ငှက်ပျောခင်းတွေ စိုက်ပျိုး ထုတ်လုပ်ပြီး တရုတ်ဈေးကွက်ထဲသို့ တင်သွင်းတယ်။ ဘရာဇီး ငှက်ပျောမျိုး ဖြစ်တဲ့ Williams ကို စိုက်ပျိုးတာ ဖြစ်ပြီး တစ်နှစ်ကို တန်ချိန် ၃၀၀,၀၀၀ ကျော် ထုတ်လုပ်ပါတယ်။ တစ်နှစ်ပတ်လုံး ထုတ်လုပ်ပါတယ်။
ပူနွေးတဲ့ ရာသီဉတု ရှိပြီး နေ့အပူချိန်နဲ့ ညအပူချိန် ကွာခြားမှု ကြီးမားနေတာကြောင့် အရည်အသွေးကောင်းတဲ့ အသီးတွေ ရရှိစေတယ်လို့ He Zhongpu က ပြောတယ်။
မြေဆီဩဇာ ကောင်းမွန်ပြီး ငှက်ပျောသီး အချိုဓာတ် မြင့်မားစေပါတယ်။ မျက်နှာပြင် ချောတဲ့ အသီးတွေ ထွက်တယ်။ အသားက ပျော့ပျောင်းတယ်။
ငှက်ပျောစိုက်ခင်းတွေမှာ ပနားမားရောဂါ ကျရောက်တာကို နိုင်ငံအများအပြား ကြုံရတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်တုန်းက ကချင်ပြည်နယ်မှာ ငှက်ပျောခင်းတွေ စစိုက်ကတည်းက အခုအထိ ပနားမားရောဂါ ကျရောက်ခဲ့ခြင်း မရှိဘဲ ဘေးကင်းခဲ့တယ်။

 

banana_3.jpg

 

ဖိလစ်ပိုင်မှာ စိုက်ပျိုးတဲ့ ငှက်ပျောခင်းတွေမှ ထွက်တဲ့ ငှက်ပျောသီးနဲ့ မြန်မာပြည်မှ ထွက်တဲ့ ငှက်ပျောသီး အရည်အသွေး ကွာခြားမှုတွေ ရှိတယ်လို့ He Zhongpu က ပြောတယ်။ ဖိလစ်ပိုင်က ဆွတ်ခူးပြီးတဲ့နောက်ပိုင်း ကိုင်တွယ်တာမှာ ပညာရှင်ပီသပြီး အအေးဓာတ်ပေးတဲ့ လောဂျစ်စတစ်လည်း ပီပီပြင်ပြင် ရှိတယ်။ လောဂျစ်စတစ် အခြေအနေတွေက ငှက်ပျောရဲ့ အရည်အသွေးပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိနေတယ်။ အထူးသဖြင့် ပူပြင်းတဲ့ နွေရာသီမှာ ဖြစ်ပါတယ်။ ငှက်ပျောသီးတွေကို အချိန်ကိုက် အအေးဓာတ် ပေးထားဖို့ အရေးကြီးပါတယ်။ သယ်ယူပို့ဆောင်ရေး လုပ်ကိုင်စဉ် ထိခိုက်မိတာ ကင်းဖို့ လိုတယ်။ အဲဒီအချက်တွေကို ဖိလစ်ပိုင်မှာ လုပ်ကိုင်ပေးနိုင်စွမ်း ရှိတယ်။

 

banana_2.jpg

 

Yunnan Jinxin Agricultural Co., Ltd. က အခွံစိမ်း ငှက်ပျောမျိုးကို တရုတ်ပြည်သို့ တင်သွင်းပြီး လက်ကားဒိုင်များမှတစ်ဆင့် ပြည်တွင်းဈေးကွက်ထဲသို့ ပေးပို့ပါတယ်။
.freshplaza.com

Read times
Rate this item
(0 votes)