Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးရံ့နှင့် ဒန့်သလွန်သီးဟင်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ထမင်းမြိန်စေမည့်အပြင် ချက်ရတာလည်း

လွယ်ကူတဲ့ ငါးရံ့နှင့် ဒန့်သလွန်သီးဟင်းကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ငါးရံ့၊ ကြက်သားမှုန့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငရုတ်သီးအပုတောင့်၊ ငံပြာရည်၊ ဆန်မှုန့်၊ ငရုတ်ကောင်း၊ ပုစွန်ခြောက်၊ နနွင်းမှုန့်၊ ဆီ၊ ဒန့်သလွန်သီး၊ စပါးလင်၊ ခရမ်းချဉ်သီး၊ နံနံပင်၊ ငရုတ်သီးစိမ်း၊ သံပရာရည်တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ငါးရံ့ကို ရေစင်အောင် ဆေး၊ အရိုးထုတ်၍ နှစ်လက်မခန့် အတုံးတုံးပါ။ ပြီးရင်
တော့ ကြက်သားမှုန့်၊ သံပရည်ရည်၊ နနွင်းမှုန့်၊ ငံပြာရည်၊ ငရုတ်ကောင်းမှုန့်တို့နဲ့နယ်ပြီး မိနစ်အနည်းငယ် နှပ်ထားပါ။

 


ပြီးရင်တော့ ဟင်းအနှစ်ရအောင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုပ်ပွခြောက်တို့ကို ပုစွန်ခြောက်အနည်းငယ်နဲ့ရောပြီး ထောင်းပါ။

ငရုတ်သီးစိမ်းနဲ့ နံနံပင်တွေကိုတော့ ရေစိမ်ထားပါ။

 

ဒန့်သလွန်သီးတောင့်ကို အသားခြစ်ထားပါ။ တချို့ ဒန့်သလွန်တောင့်ကို အခွံခြစ်ထုတ်၍ အပိုင်းပိုင်းထားပြီး ရေစိမ်ထားပါ။

 

ဒယ်အိုးကိုယူ မီးဖိုပေါ်တင်လိုက်ပါ။ ပြီးရင်တော့ဆီထည့်လိုက်ပါ။ ဆီပူလာရင် နနွင်းမှုန့်၊ စပါးလင်၊ ထောင်းထားတဲ့ ငရုတ်သီးအနှစ်တို့ယူပြီး ငံပြာရည်အနည်းငယ်
ထည့်၍ ဆီသတ်ပါ။

 

ဆီသတ်လို့ ကျက်ပြီး ငရုတ်သီးအရောင်ပြောင်းလာပြီဆိုရင်တော့ ကြက်သားမှုန့်၊ သံပရည်ရည်တို့နဲ့
နယ်ပြီးနှပ်ထားတဲ့ ငါး ရံ့ကို ထည့်လိုက်ပါ။

 

ဆီပြန်လာတဲ့အထိ ဆီသတ်ပါ။ မီးအရမ်းပြင်းဖို့ မလိုပဲ မီးပျော့ပျော့လေးပေးပြီး
ဆီသတ်ပါ။

 

ငါးရံ့ဆီပြန်လာရင်တော့ ငရုတ်ကောင်းမှုန့်နဲ့ ဒန့်သလွန်သီးတွေကို ထည့်ပါမယ်။ ငါးရံ့နဲ့ ဒန့်သလွန်သီးနူးဖို့၊
ကျက်ဖို့အတွင် ရေထည့်လိုက်ပါ။

 

နူးလာပြီဆိုရင်တော့ ဆန်မှုန့်ကို ထည့်ပါ။ အပေါ့အငန်မြည်းပါ။ လိုအပ်ရင် ကြက်သား
မှုန့်ကို ထပ်ထည့်ပေးပါ။

 

ငရုတ်သီးစိမ်းနဲ့ နံနံပင်ကို အပေါ်ကနေ အုပ်လိုက်ပါ။ အားလုံးပြီးပြီဆိုရင်တော့ ခံတွင်း
မြိန်စရာ ငါးရံ့နဲ့ ဒန့်သလွန်သီး ရေချိုဟင်းကို ထမင်းပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

Read 4240 times Last modified on Monday, 17 September 2018 14:30
Rate this item
(1 Vote)