Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မွေးမြူရေးကဏ္ဍသို့ ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးမည့် ချေးငွေလျှောက်ထားနိုင်ကြောင်း အသိပေးကြေညာခြင်း

ကိုဗစ်-၁၉ သက်ရောက်မှုကြောင့်ထိခိုက်မှုရှိနေသော ငါး၊ ပုဇွန် မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍသို့ ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးမည့် ချေးငွေလျှောက်ထားနိုင်ကြောင်း အသိပေးကြေညာခြင်း

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ အနေဖြင့် ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုရှိနေသည့် ငါး၊ ပုဇွန် မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍအား ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးအပ်နိုင်ရေးအတွက်     ကိုဗစ်-၁၉ ရန်ပုံငွေမှ အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ် သတ်မှတ်၍ ချေးယူ ခွင့်ပြုသွားမည် ဖြစ်ပါသည်။ သတ်မှတ်ထားသည့် ချေးငွေအတွက် အဆိုပြုလျှောက်လွှာ ပုံစံများ ဖြင့် လျှောက်ထားရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် စာတမ်းအချက်အလက်များ ပြည့်စုံစွာ ဖော်ပြရမည် ဖြစ်ပါသည်။ 

 

ချေးငွေနှင့် စပ်လျဉ်းသည့် အသေးစိတ် အချက်အလက်များနှင့် လျှောက်လွှာများကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနများ၏  ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ရုံးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (ရန်ကုန်မြို့)၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်အသင်းရုံးများ၊  မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်နှင့်  မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်တို့တွင် ရယူနိုင်ပြီး အောက်ဖော်ပြပါ website များမှလည်း ရယူနိုင်ပါသည် - 

 

လျှောက်လွှာများ ရယူရန် 

https://cutt.ly/WWBPsYA

လျှောက်လွှာလက်ခံမည့်နေ့ရက်၊ နေရာ

လျှောက်လွှာများကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့မှ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့အတွင်း အစိုးရရုံးဖွင့်ရက်များတွင် ရုံးချိန်အတွင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (ရန်ကုန်မြို့) နှင့်  တိုင်းဒေသကြီး/ ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်အသင်း ရုံးများ၌ လက်ခံ သွားမည် ဖြစ်ပါသည်။ 

 

လျှောက်လွှာလက်ခံရန် နောက်ဆုံးသတ်မှတ်ရက်ဖြစ်သည့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့ ထက်ကျော်လွန် တင်ပြလာသည့် လျှောက်လွှာများအား လက်ခံဆောင်ရွက်ခြင်း ပြုမည်မဟုတ်ပါ။ 

 

Online မှ လျှောက်ထားရန်

အွန်လိုင်းမှ လျှောက်ထားလိုသူများအတွက် 

https://umfccicovid19loan.dedc.gov.mm

တွင် ဝင်ရောက်လျှောက်ထားနိုင်ပါသည်။

 

ဆက်သွယ်ရန်

ချေးငွေလျှောက်ထားလိုသူများအနေဖြင့် အခက်အခဲ တစုံတရာ ဖြစ်ပါက အောက်ပါ ဆက်သွယ်ရန်ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

ကုန်သည်စက်မှုအသင်းချုပ် 

09-445863982

09-445864381

 

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ဝန်ကြီးဌာန

09-658121

09-658131

 

ချေးငွေများ ချေးယူလိုပါက သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာ ဆောင်ရွက်ရမည် ဖြစ်ပါသည်။ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ငါး၊ ပုဇွန် မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍ လုပ်ငန်းရှင်များ အနေဖြင့် သတ်မှတ်ရက်အတွင်း ချေးငွေ လျှောက်ထားနိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)

 

ပူးတွဲတင်ပြရန် လိုအပ်သော စာရွက်စာတမ်းများ

ကုမ္ပဏီဖြစ်ပါက လိုအပ်မည့် စာရွက်စာတမ်းများ

 

၁။ ကုမ္ပဏီမှတ်ပုံတင် လက်မှတ်

၂။ အစုရှယ်ယာရှင်များစာရင်း၊ ဒါရိုက်တာအဖွဲ့ဝင်များစာရင်း

 

၃။ ချေးငွေ ရယူရန်အတွက် အစည်းအဝေး ဆုံးဖြတ်ချက်/မှတ်တမ်း (မူရင်း)

 

၄။ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း

 

၅။ ကုမ္ပဏီသမိုင်းကြောင်း မှတ်တမ်း

 

၆။ ကိုဗစ်-၁၉ ချေးငွေ ရရှိပါက ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်

 

၇။ ချေးငွေ ပြန်လည်ပေးဆပ်မည့် အစီအစဉ်

 

၈။ လုပ်ငန်းဓါတ်ပုံ 

 

၉။ အခွန်ပြေစာများ (ဝင်ငွေခွန်၊ ကုန်သွယ်ခွန်၊ အထူးကုန်စည်ခွန်)

      လွန်ခဲ့သော ဘဏ္ဍာရေးနှစ် (၁) နှစ်အတွက်

 

၁ဝ။ ဘဏ္ဍာရေးရှင်းတမ်း

     * လွန်ခဲ့သော ဘဏ္ဍာရေးနှစ် (၁) နှစ်အတွက်

 

၁၁။ လွန်ခဲ့သော (၃) လ၏ ဘဏ်လက်ကျန်စာရင်း (သို့မဟုတ်) ဝင်ငွေ/ထွက်ငွေ အထောက်အထား

 

၁၂။ ဝန်ထမ်းအရေအတွက်စာရင်းနှင့် ၎င်းတို့၏ မှတ်ပုံတင်မိတ္တူ၊ ဖုန်းနံပါတ်

 

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းဖြစ်ပါက လိုအပ်မည့် စာရွက်စာတမ်းများ 

 

၁။ သက်တမ်းရှိ စည်ပင်လိုင်စင်/ သက်ဆိုင်ရာဝန်ကြီးဌာနမှ ခွင့်ပြုထုတ်ပေးသော လိုင်စင်

၂။ လုပ်ငန်းသမိုင်းကြောင်း မှတ်တမ်း 
၃။ ကိုဗစ်-၁၉ ချေးငွေ ရရှိပါက ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်
၄။ ချေးငွေ ပြန်လည် ပေးဆပ်မည့် အစီအစဉ်
၅။ လုပ်ငန်းဓါတ်ပုံ
၆။ အခွန်ပြေစာများ (ဝင်ငွေခွန်၊ ကုန်သွယ်ခွန်၊ အထူးကုန်စည်ခွန်၊ စည်ပင်ခွန်)
   လွန်ခဲ့သော ဘဏ္ဍာရေးနှစ် (၁) နှစ်အတွက် 
၇။ ဘဏ္ဍာရေးရှင်းတမ်း (ဝင်ငွေ၊ ထွက်ငွေ၊ အသုံးစရိတ်များ)
  * လွန်ခဲ့သော ဘဏ္ဍာရေးနှစ် (၁) နှစ်အတွက် 
၈။ လွန်ခဲ့သော (၃) လ၏ ဘဏ်လက်ကျန်စာရင်း (သို့မဟုတ်) ဝင်ငွေ/ ထွက်ငွေ အထောက်အထား
၉။ ဝန်ထမ်းအရေအတွက်စာရင်းနှင့် ၎င်းတို့၏ မှတ်ပုံတင်မိတ္တူ၊ ဖုန်းနံပါတ်

 

ကိုဗစ်-၁၉ သက်ရောက်မှုကြောင့်ထိခိုက်မှုရှိနေသော

 ငါး၊ ပုဇွန် မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍသို့ 

ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးမည့် ချေးငွေ

လျှောက်ထားနိုင်ကြောင်းအသိပေးကြေညာခြင်း

 

၁။ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီအစည်းအဝေးက ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုရှိနေသည့် ငါး၊ ပုဇွန် မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍအား ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးအပ်နိုင်ရေးအတွက် ကိုဗစ် - ၁၉ ရန်ပုံငွေမှ ချေးငွေ ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

၂။ အဆိုပါ ချေးငွေကို အောက်ပါအချက်များနှင့် အကျုံးဝင် ကိုက်ညီသော မွေးမြူရေး လုပ်ငန်းများနှင့် ငါး၊ ပုဇွန် မွေးမြူရေး လုပ်ငန်းများသို့ အတိုးနှုန်း ၁ ရာခိုင်နှုန်းချေးငွေကာလ တစ်နှစ် သတ်မှတ်၍ ချေးယူ ခွင့်ပြုသွားမည် ဖြစ်ပါသည် -

 

(က) အောက်ပါလုပ်ငန်းများက လျှောက်ထားနိုင်ပါသည် -

 

       (၁) မွေးမြူရေးလုပ်ငန်းများ။

 

       (၂) ငါး၊ ပုဇွန် မွေးမြူရေး လုပ်ငန်းများ။

 

(ခ) ကိုဗစ်-၁၉ ကြောင့် အမှန်တကယ် ထိခိုက်မှုရှိနေသော နိုင်ငံသားပိုင် စီးပွားရေး လုပ်ငန်း ဖြစ်ရမည်။

 

(ဂ) လက်ရှိလည်ပတ် ဆောင်ရွက်နေသည့် လုပ်ငန်းဖြစ်ရမည် သို့မဟုတ် လုပ်ငန်း ယာယီရပ်စဲထားသော်လည်း ချေးငွေရရှိပါက ချက်ချင်း ပြန်လည်စတင်နိုင်မည့် လုပ်ငန်းဖြစ်ရမည်

 

(ဃ) ၂၀၁၉ ခုနှစ်၊ မတ်လ ၃၁ ရက် မတိုင်မီက သက်ဆိုင်ရာဌာနမှ ခွင့်ပြုချက်/ လုပ်ငန်း လိုင်စင် ရထားပြီး ဖြစ်သည့် လုပ်ငန်းဖြစ်ရမည်။

 

(င) လွန်ခဲ့သည့် ၂ နှစ်တာ ကာလအတွင်း နှစ်စဉ်ဝင်ငွေရရှိနေသော လုပ်ငန်းဖြစ်ရမည်။

 

(စ) ချေးငွေအား ပြန်လည်ပေးဆပ်နိုင်မည့် ခိုင်လုံသော အခြေအနေရှိသော လုပ်ငန်း ဖြစ်ရမည်။

 

(ဆ) ချေးငွေအား လက်ရှိလုပ်ငန်း လည်ပတ်ရန်ကိစ္စအတွက်သာ အသုံးပြုသည့် ကုမ္ပဏီ/ လုပ်ငန်း ဖြစ်ရမည်။

 

(ဇ) ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်ရုံးက မှတ်ပုံတင်စာရင်းမှ ဆိုင်းငံ့ထားခြင်း ခံရသည့် သို့မဟုတ် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်းခံထားရသည့် ကုမ္ပဏီ မဖြစ် စေရ။ ကုမ္ပဏီ မဟုတ်သော စီးပွားရေးလုပ်ငန်းဖြစ်ပါက သက်ဆိုင်ရာ အစိုးရ ဌာန/ အဖွဲ့အစည်းက မှတ်ပုံတင်စာရင်းမှ ဆိုင်းငံ့ ထားခြင်းခံရသည့် သို့မဟုတ် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ထားခြင်းခံထားရသည့် စီးပွားရေးလုပ်ငန်း မဖြစ်စေရ။ 

(ဈ) ဝင်ငွေခွန်/ ကုန်သွယ်ခွန်/ အထူးကုန်စည်ခွန် ပေးဆောင်ထားသည့် ကုမ္ပဏီ ဖြစ်ရ မည်။

 

(ည) ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့၊ ကုမ္ပဏီ မဟုတ်ပါက ချေးငွေရယူထားသည့် လုပ်ငန်းပိုင်ရှင်မှ ချေးငွေအား  ပြန်လည်ပေးဆပ်ရန် အာမခံချက် ပေးနိုင်ရမည်။

 

(ဋ) ဘဏ်တစ်ခုခုမှ ချေးငွေရယူထားပြီးနောက် ပြန်လည်ပေးဆပ်ရန် ပျက်ကွက်လျှက် ရှိသည့်လုပ်ငန်းများ၊ ချေးငွေ ပြန်လည်ပေးဆပ်ရန် ပျက်ကွက်မှုကြောင့် ဘဏ် တစ်ခုခုက တရားစွဲဆိုခြင်း ခံထားရသည့်လုပ်ငန်းများမဖြစ်စေရ။

 

(ဌ) ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးသည့် ချေးငွေကို ယခင်က ရယူထားပြီး ဖြစ်သည့် လုပ်ငန်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေရယူထားသည့် လုပ်ငန်း မဖြစ်စေရ။

 

(ဍ) ချေးငွေလျှောက်ထားသည့် မွေးမြူရေးလုပ်ငန်း သို့မဟုတ် ငါး၊ ပုဇွန် မွေးမြူရေး လုပ်ငန်းသည် မိသားစု တစ်ပိုင် တစ်နိုင်/ ဝမ်းစာ အတွက် မဟုတ်ဘဲ စီးပွားဖြစ် ဆောင်ရွက်နေသောလုပ်ငန်းဖြစ်ရမည်။

 

(ဎ) ပြည်တွင်းတွင် ရောင်းချသူဖြစ်ပါက  ပြည်တွင်းရောင်းချနေသော အထောက် အထား/ ပြည်ပသို့ တင်ပို့ရောင်းချသူဖြစ်ပါက ပြည်ပသို့ရောင်းချနေသော အထောက်အထား ပြနိုင်ရမည်။

 

(ဏ) မိမိလုပ်ငန်း လုပ်ကိုင်နေသည့်မြေသည် မွေးမြူရေးလုပ်ငန်းအတွက် လယ်ယာမြေ အခြားနည်း အသုံးချခွင့်ရရှိပြီးသူ သို့မဟုတ် ပုံစံ (၇) ရရှိထားပြီး မွေးမြူရေး လုပ်ငန်းအတွက် လယ်ယာမြေ အခြားနည်း အသုံးချခွင့် လျှောက်ထားနေကြောင်း အထောက်အထား တင်ပြနိုင်သူ ဖြစ်ရမည်။

 

(တ) မွေးမြူရေး လုပ်ငန်းများအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မွေးမြူရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ ငါး၊ ပုဇွန် မွေးမြူရေးလုပ်ငန်းများအတွက် တိုင်းဒေသကြီး/ ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနနှင့် ရေထွက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ တို့က အမှန်တကယ် လုပ်ငန်းလုပ်ဆောင်နေကြောင်း ထောက်ခံချက် တင်ပြနိုင်သူ ဖြစ်ရမည်။

 

၃။ ချေးငွေများ ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်မည်ဖြစ်သည်။ ထို့အပြင် ချေးငွေရယူထားသည့် ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းများ အနေဖြင့် ချေးငွေပေးဆပ်မှု ပျက်ကွက်ပါက Credit Bureau တွင် Negative List အဖြစ် ထည့်သွင်းခံရမည်ဖြစ်ပြီး ဘဏ်၊ ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်း၊ အသေးစား ငွေရေးကြေးရေးလုပ်ငန်းတို့မှ ချေးငွေ ရယူနိုင်ခြင်းမရှိစေရန် စီစဉ်သွားမည်။

 

၄။ ချေးငွေများကို သတ်မှတ်ထားသည့် ချေးငွေအတွက် အဆိုပြုလျှောက်လွှာပုံစံများဖြင့် လျှောက်ထားရမည်ဖြစ်ပြီး အဆိုပြုလျှောက်လွှာနှင့်အတူ ပူးတွဲပေးပို့ရန်ဖော်ပြထားသည့် စာရွက် စာတမ်းအချက်အလက်များ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပါသည်။ သတ်မှတ်ချက်များနှင့် ပြည့်စုံ ကိုက်ညီခြင်းမရှိသည့် လျှောက်လွှာများကို လက်ခံဆောင်ရွက်ပေးမည်မဟုတ်ပါ။

 

၅။ လျှောက်လွှာများကိုအောက်ပါ ရုံး၊ ဌာနများတွင် ရယူနိုင်ပါသည် -

 

(က) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ ရန်ကုန်မြို့။

 

(ခ) တိုင်းဒေသကြီးနှင့် ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်း ရုံးများ။

 

(ဂ) မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနများ၏ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ရုံးများ၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်။

၆ ။ လျှောက်လွှာများကိုအောက်ဖော်ပြပါ website များမှလည်း ထုတ်ယူနိုင်ပါသည် -

 

(က) www.mifer.gov.mm/

 

( ခ ) www.moali.gov.mm/

 

( ဂ ) www.dica.gov.mm/

 

(ဃ) www.umfcci.com.mm/

၇ ။ လျှောက်လွှာများကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့မှ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့အတွင်း အစိုးရရုံးဖွင့်ရက်များတွင် ရုံးချိန်အတွင်း အောက်ပါ နေရာများ၌ လက်ခံသွားမည် ဖြစ်ပါသည် -

 

(က) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်။

 

(ခ) တိုင်းဒေသကြီး/ ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်အသင်း ရုံးများ။

 

၈။ အွန်လိုင်းမှ လျှောက်ထားလိုသူများအတွက် Website လိပ်စာကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ထပ်မံကြေညာပေး သွားမည်ဖြစ်ပါသည်။

(Online မှ လျှောက်ထားရန်

အွန်လိုင်းမှ လျှောက်ထားလိုသူများအတွက် 

https://umfccicovid19loan.dedc.gov.mm

တွင် ဝင်ရောက်လျှောက်ထားနိုင်ပါသည်။)

 

၉။ လျှောက်လွှာလက်ခံရန် နောက်ဆုံးသတ်မှတ်ရက်ဖြစ်သည့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့ ထက်ကျော်လွန် တင်ပြလာသည့် လျှောက်လွှာများအား လက်ခံဆောင်ရွက်ခြင်း ပြုမည် မဟုတ်ပါ။

 

၁၀။ ချေးငွေလျှောက်ထားခြင်းနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုသည့် အချက်များရှိပါက အောက်ဖော်ပြပါ ရုံး၊ ဌာနနှင့်ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်

 

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကုန်သည်များ နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်။

( 09-445863982

09-445864381 )

 

(ခ) ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန။

 

၀၉ - ၄၄၅ ၈၆၃ ၉၈၂

 

၀၉ - ၄၄၅ ၈၆၄ ၃၈၁

 

၀၁ - ၆၅၈၁၂၁

 

၀၁ - ၆၅၈၁၃၁

 

၁၁။ ကိုဗစ်-၁၉ ကြောင့်ထိခိုက်မှုရှိနေသည့် အပိုဒ် ၂ ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် လုပ်ငန်းများအနေဖြင့် သတ်မှတ်ရက်အတွင်း ချေးငွေလျှောက်ထားနိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ

 

111.jpg

 

 112.jpg

 

113.jpg

 

114.jpg

 

115.jpg

 

 

 

 

 

 

h

Read times Last modified on Saturday, 11 September 2021 22:46
Rate this item
(0 votes)