Myanmar



မန္တလေး ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ

မန္တလေး  ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

22 June 2023

 

မန္တလေးဈေးကွက်တွင် ပဲမျိုးစုံရောင်းဝယ်မှုများအနေဖြင့်

ရန်ကုန်ဝယ်လက်နည်း၍ အရောင်း အဝယ်အေးခြင်း၊ အရည်အသွေးညံ့ခြင်းတို့ကြောင့် ၆၀ပိဿာ ၂၄၅၀၀၀ ကျပ်မှ ၂၃၅၀၀၀ ကျပ်သို့ ဈေး မသိမသာနိမ့်သွားသည်။

ပဲတီစိမ်း (အညာ) မှာ ထွက်ရှိရာဒေသအလိုက် ပဲအရည်အသွေးကွာခြားမှုပေါ်မူတည်၍ ဈေးကွာခြားခြင်း၊ တရုတ်ဝယ်လက်နည်းခြင်းကြောင့် ၅၆ပိဿာ ၁၅၀၀၀၀ ကျပ်မှ ၁၇၂၀၀၀ ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် အရောင်းအဝယ်ပုံမှန်ရှိနေသည်။

ပဲစဉ်းငုံ (ဖြူ/နီ) တို့မှာ လှောင်လက်ထံမှ ဝယ်ရခြင်း၊ ရန်ကုန်ဝယ်လက်ဈေးချဝယ်ယူခြင်း ကြောင့် ရောင်းလိုအားနည်းပြီး၊
ပဲစဉ်းငုံဖြူ ၃တင်းတစ်အိတ် ၂၉၅၀၀၀ ကျပ်
ပဲစဉ်းငုံ (နီ) တစ်အိတ် ၃၀၇၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ကုလားပဲ (လုံးဖြူကြီး/လုံးဝါကြီး) တို့မှာ လုပ်ငန်းသမား၊ စက်သမား အဝယ်နည်းခြင်းကြောင့်
လုံးဖြူကြီး ၃တင်းတစ်အိတ် ၂၆၀၀၀၀ ကျပ်၊
လုံးဝါကြီး ၃တင်းတစ်အိတ် ၂၅၀၀၀၀ ကျပ်သို့ ဈေး မသိမသာနိမ့်သွားသည်။

လုံးဝါကြီးဈေးနိမ့်သဖြင့် ခွဲခြမ်းမှာလည်း ဈေးနိမ့်သွားပြီး တစ်ပိဿာ ၆၄၀၀ ကျပ်မှ ၆၂၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

ပဲကြီး (ကြီး/သေး) ထောပတ်ပဲ (ကြီး/သေး) တို့မှာ တရုတ်ဝယ်လက်၊ ရန်ကုန်ဝယ် လက်ရှိခြင်း၊ ဆောင်းလက်ကျန်နည်းပြီး မိုးပဲစိုက်ထားချိန်ဖြစ်ခြင်းကြောင့် ၃တင်းတစ်အိတ်

ပဲကြီး (ကြီး) ၂၉၀၀၀၀ ကျပ်
ပဲကြီး (သေး) ၂၇၅၀၀၀ ကျပ်၊
ထောပတ်ပဲ (ကြီး) ၂၉၀၀၀၀ ကျပ်
ထောပတ်ပဲ (သေး) ၂၇၀၀၀၀ ကျပ်
ဈေးမသိမသာမြင့်သွားသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Saturday, 24 June 2023 09:16
Rate this item
(0 votes)