Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မွန်ရိုးရာ သင်္ကြန်ထမင်း

သင်္ကြန်အချိန်အခါရောက်တိုင်း မပါမဖြစ် အစားအစာ တစ်မျိုးဖြစ်ပါတယ်။ သင်္ကြန်ထမင်းကို ဖယောင်းချက် အနံ့ မွှေးမွှေးလေးနဲ့ သုံးဆောင်ရတာပါ။ မကြိုက်ရင် မထည့်လည်း ရပါတယ်။ အောက်တွင် မွန်ရိုးရာ သင်္ကြန်ထမင်းကို ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ဆန်၊ ဖယောင်း၊ ငရုတ်သီးခြောက်အနီ၊ ငါးခြောက်၊ ကြက်သွန်နီ၊ ဆီ၊ ဟင်းခတ်မှုန့်၊ မြေပဲ၊ ကြက်သွန်နီ၊ သရက်ချဉ်၊ ဆား၊ နှမ်း တို့လိုအပ်ပါမယ်။

 

သင်္ကြန်ထမင်းချက်ဖို့အတွက် ဆန်ကို အရင်ဆေးပါ။ ပြီးလျှင် ဒယ်အိုးတစ်အိုးထဲသို့ ရေများထည့်ပြီး ရေဆူလာလျှင် ဆန်များကို လောင်းထည့်ပြီး တည်ထားပေးပါ။

 

ထမင်းကို အနည်းငယ်ပျော့တည်၍  မီးပိတ်ပြီး ဇကာဖြင့် ပြန်စစ်ထားပေးပါ။

 

ထမင်းကျက်ပြီဆိုလျှင် ပန်းကန်ထဲသို့ ထမင်းဖြူကိုထည့် အပေါ်မှ ရေအေးတစ်ခွက် လောင်းထည့်ပေးပြီး ဖယောင်းရနံ့သင်းအောင် ဖယောင်းချက်ထည့်ပေးပါ။

 


သင်္ကြန်ထမင်းရပြီဆိုရင်တော့ ငါးခြောက်ထောင်းကြော်ဖို့အတွက် ပြင်ဆင်ပါ။

 


ငါးခြောက်ထောင်းကြော်ဖို့အတွက် ငါးခြောက်ကို နူးအောင် ပြုတ်ပြီး အအေးခံပါ။  ပြီးလျှင် အရိုးမပါအောင် ပြုလုပ်ထားပါ။

 


ပြီးရင်တော့ ဒယ်အိုးထဲ ဆီထည့်ပြီး ဆီပူလာလျှင် ကြက်သွန်နီကို မိနစ်အနည်းငယ်ခန့် ဆီသတ်ပေးထားပါ။

 


ပြီးလျှင်  ငါးခြောက်ထောင်းကိုထည့်  ကြက်သားမှုန့်ထည့်ပြီးကြော်ပေးပါ။ ပြီးရင်တော့ ငါးခြောက်ထောင်းကြော် ခြောက်ခြောက်လေးရရင်တော့ မီးဖိုပေါ်မှ ချလိုက်ပါ။

 


သင်္ကြန်ထမင်းနှင့်တွဲစားဖို့အတွက် သရက်ချဉ်မယ်ဆိုရင်တော့ ပန်းကန်တစ်ခုထဲသို့ သရက်ချဉ်၊ ထောင်းထားတဲ့မြေပဲ၊ လှီးထားတဲ့ ကြက်သွန်နီ၊ ဆား၊ ဟင်းခတ်မှုန့်၊ ဆီချက် အနည်းငယ်ထည့်ပါ။

 

ပြီးလျှင်တော့ အပေါ်မှ နှမ်းအနည်းငယ်ဖြူးပေးထားပါ။

 


ပြီးရင်တော့ ငရုတ်သီးခြောက်ကြော်၊ ငါးခြောက်ထောင်းကြော်၊ သရက်ချဉ်သုပ်တို့ဖြင့် မွန်ရိုးရာ သင်္ကြန်ထမင်းကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times
Rate this item
(1 Vote)