Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


သင်္ကြန်အတွက် မုန့်ကြာစေ့

သင်္ကြန်တွင် အလှူအတန်းလုပ်လိုသူများနှင့် အိမ်တွင်လုပ်စားမည့် သူများအတွက် မုန့်ကြာစေ့ပြုလုပ်နည်းလေးကို

တင်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ကောက်ညှင်းမှုန့်၊ ဆန်မှုန့်၊ ထန်းလျက်ခဲ၊ အုန်းသီးနှင့် ဆားတို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး လင်ဗန်းတစ်ခုထဲတွင် ကောက်ညှင်းမှုန့်နှင့် ဆန်မှုန့်ကို ရေအနည်းငယ်ထည့်ပြီး ရောမွှေလိုက်ပါ။ မုန့်သားများ မပျော့မမာ အနေထားရောက်သည်အထိ နယ်ထားပေးပါ။

 

ပြီးနောက် မုန့်ကို အလုံးခပ်သေးသေးလေးဖြစ်အောင် လုံးထားပါ။

 

ဒယ်အိုးကြီး တစ်ခုထဲသို့ ရေများများထည့်ပြီး အဖုံးအုပ်ကာ ရေပွက်ပွက်ဆူသည်အထိ တည်ထားပေးပါ။ ရေနွေးဆူလာလျှင် လုံးထားသည့် မုန့်လုံးများကို လောင်းထည့်လိုက်ပါ။

 

မိနစ်အနည်းငယ်ကြာလျှင် မုန့်လုံးများ ရေပေါ်ပေါ်လာလျှင် ဇကာဖြင့် ပြန်ဆယ်ထားပါ။

 

မုန့်လုံးများ ရပြီဆိုလျှင် ထန်းလျက်ခဲများကို ရေဖြင့် မပျစ်မကျဲ အနေထား ကျိုထားပေးပါ။

 

ပြီးနောက် မုန့်လုံးများနှင့် ဆားအနည်းငယ်ထည့်ကာ မိနစ်အနည်းငယ် ကျိုပြီး အုန်းသီးခြစ်လေးများ ဖြူးပြီးလျှင် မုန့်ကြာစေ့ ပူပူလေးကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 14:32
Rate this item
(1 Vote)