Myanmar



မန္တလေးဈေးကွက် ငရုတ် ကြက်သွန် နီ/ဖြူ အာလူးး ချင်း ဈေးနှုန်း အတက်အကျများ

မန္တလေးဈေးကွက် ငရုတ် ကြက်သွန် နီ/ဖြူ အာလူးး ချင်း ဈေးနှုန်း အတက်အကျများ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

12 5 2023

 

 

မန္တလေး ကိုင်းတန်းဈေး ကြက်သွန်ပွဲရုံများတွင် မြစ်သား ကြက်သွန်မရှိသလောက် ပစ္စည်းရှားသွားပြီး မြင်းမူ ၊ မုံရွာ ၊ ရွှေဘို ဒေသစုံမှ ဝင်ရောက်မှုရှိသည်။

ထွက်ရှိရာဒေသများမှ ဘဂႅလားပို့ရန် အဝယ်ရှိခြင်းကြောင့် ပင်ရင်းဈေးများ မြင့်ခြင်း ၊ တောင်သူထုတ်ရောင်းမှု နည်းခြင်းကြောင့်

ကြက်သွန်နီ(ကြီး) တစ်ပိဿာ ၂၂၀၀ ကျပ် ၊
(လတ်) တစ်ပိဿာ ၂၂၀၀ ကျပ် ၊
(သေး) တစ်ပိဿာ ၂၀၀၀ ကျပ်သို့
ယခင်အပတ်ထက် ဈေးမြင့်သွားသည်။



ကြက်သွန်ဖြူ(တရုတ်)မှာလည်း လမ်းပန်းဆက်သွယ်ရေးကြောင့် အဝင်နည်းသွားပြီး တစ်ပိဿာ ယခင်အပတ် တစ်ပိဿာ ၅၃၀၀ ကျပ် မှ ၇၀၀၀ ကျပ်ထိ ဈေးသိသိသာသာမြင့်တက် သွားသည်။

ကြက်သွန်ဖြူ(ရှမ်း)မှာလည်း အထွက်နည်း ၊ အဝင်နည်းခြင်း ၊ တရုတ်ဖြူ ဈေးမြင့်ခြင်း ကြောင့် အရည်အသွေးပေါ်မူတည်၍ ၄၀၀၀ ကျပ် မှ ၅၂၀၀ ကျပ်ထိ ဈေးမြင့်နေသည်။

ကြက်သွန်ဖြူ (မြန်မာ)မှာ ပစ္စည်းရှားခြင်း ၊ အခြားကြက်သွန်ဖြူများ ဈေးမြင့်ခြင်းကြောင့် တစ်ပိဿာ ၇၀၀၀ ကျပ်ထိ ဈေးမြင့်နေသည်။


အာလူးဈေးနှုန်းအနေဖြင့် ဘန့်ဘွေးမှမဝင်တော့ဘဲ အောင်ပန်း ၊ ဟဲဟိုးမှ ဝင်ရောက်မှုရှိပြီး
အောင်ပန်းအာလူး တစ်ပိဿာ ၁၈၀၀ ကျပ် ၊
ဟဲဟိုး အာလူးတစ်ပိဿာ ၁၆၀၀ ကျပ်ဖြင့်
ရောင်းဝယ်နေသည်။

ချင်းဈေးနှုန်းအနေဖြင့် အသစ်မပေါ်သေးခြင်း ၊ ပင်ရင်းဒေသမှ Export အတွက် အဝယ်ရှိခြင်းကြောင့် ယခင်အပတ် တစ်ပိဿာ ၃၂၀၀ ကျပ် မှ ၄၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

စားဖိုဆောင်သီးနှံများအား နမ်ပါး ၊ မော်လူး ၊ မြစ်ကြီးနား ၊ ဗန်းမော် ၊ အင်းတော်ကြီး ၊ ရွှေကူ ၊ ကသာ ၊ ထီးချိုင့် စသော ဒေသများသို့ တင်ပို့မှုရှိသည်။

 

 Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

 

Read times Last modified on Friday, 12 May 2023 07:58
Rate this item
(0 votes)