Myanmar
×
Warning
JUser: :_load: Unable to load user with ID: 540
စားလို့အရမ်းကောင်းတဲ့ အုန်းသီး သာကူလုံး (သာကူပြင်)
Unicode
စားလို့အရမ်းကောင်းတဲ့ အုန်းသီး သာကူလုံး (သာကူပြင်)
ပိတ်ရက်မှာ မိသားစုဆုံတုန်းလေး လွယ်လင့်တကူ လုပ်စားနိုင်တဲ့ အုန်းသီး သာကူလုံးပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ သာကူ၊ ရေ၊ ဖျော်ရည် (ကြိုက်နှစ်သက်ရာ)၊ သကြား၊ အုန်းသီးဖတ်၊ ဆား တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး သာကူကို ရေဆေးပြီး ရေစစ်ပေးထားပါ။
ပြီးလျှင် အိုးတစ်အိုးထဲသို့ ရေ၊ ဖျော်ရည်၊ ဆားတို့ကို သာကူကြိုမည့်အိုးထဲထည့်၍ ပွက်လာသည်အထိ တည်ပေးထားပါ။
ပြီးနောက် အရည်များပွက်လာလျှင် သာကူကိုထည့်ပြီး အဆက်မပျက်မွှေပေးထားပါ။
Read More >>>>>   ပိတ်ရက်မှာ ပြောင်းဖူးထမင်းသုပ်လေးလုပ်စားကြမယ်
ပြီးလျှင် ၅ မိနစ်လောက်မွှေပြီးမှ သကြားကို နောက်ဆုံးမှ ထည့်လိုက်ပါ။
ပြီးနောက် သကြားထည့်ပြီး သာကူစေ့ရဲ့ အလည်အစံ အနည်းငယ် ကျန်တဲ့အချိန်တွင် မီးဖိုပေါ်မှချ၍ အအေးခံမယ့် လင်ဗန်းထဲသို့ထည့်၍ အအေးခံပေးပါ။
ပြီးလျှင် အေးသွားတဲ့ သာကူများကို ကပ်ကြေးဖြင့် အတုံးများတုံး၍ အုန်းသီးဖတ်များဖြင့် လူးပေးပါ။ (မှတ်ချက်။ အုန်းသီးဖတ်များကို စားခါနီးမှလူး၍ စားပေးပါ။ အုန်းသီးဖတ်များ လူးထားလျှင် ကြာကြာမခံဘဲ ချဉ်သွားတတ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
Myanmar Food Industrial Directory
Read More >>>>>   ပိတ်ရက်မှာ ပြောင်းဖူးထမင်းသုပ်လေးလုပ်စားကြမယ်
Read times Last modified on Tuesday, 04 February 2020 13:46
Rate this item
(0 votes)