Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထားဝယ်ဒေသအစားအစာ သာခွေယိုင်ပြုလုပ်နည်း

 ရာသီဥတုအေးအေးနဲ့ ပူပူနွေးနွေးစားလို့ရတဲ့ အချိုပွဲလေးဖြစ်ပါတယ်။

 

ထားဝယ်ဒေသအစားအစာကို ထားဝယ်သို့ သွားမှ စားရတာမဟုတ်ဘဲ အိမ်တွင်လည်း လွယ်လင့်တကူပြုလုပ်နိုင်တဲ့ သာခွေယိုင်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများကတော့ ကောက်ညှင်းငချိတ်၊ ကောက်ညှင်းဖြူ၊ သကြား၊ အုန်းနို့၊ ဆား၊ ဆွမ်းမွှေးရွက် တို့လိုအပ်ပါမယ်။

ပထမဆုံး ကောက်ညှင်းငချတ်နဲ့ ကောက်ညှင်းဆန်အဖြူကို ညသိပ်ရေစိမ်ထားပြီး ရေစစ်ထားပါ။

ပြီးလျှင် အုန်းနို့ကို အဆီအနှစ်ရအောင် ကျိုပြီး အအေးခံထားပါ။

ပြီးနောက် ဒန်အိုးတစ်လုံးထဲမှာ ရေကို ဆွမ်းမွှေးရွက်နဲ့အတူ ရေဆူပွက်အောင်

အပူပေးပါ။

ရေဆူလာပြီဆို ရေစစ်ထားတဲ့ ကောက်ညှင်းနှစ်မျိုးစလုံးကိုရောထည့်ပြီးကျိုပါ။

အချို့ကောက်ညှင်းများကြေစေပြီး အချို့နူးအိနေတဲ့အနေအထား ရအောင်ကျိုပေးပါ။

ဆား၊ သကြားတို့နှင့် အရသာထည့်ပြီး ပျော်ဝင်အောင်ကျိုပေးပါ။

 

ပြီးလျှင် ခပ်စေးစေးဖြစ်နေတဲ့ ကောက်ညှင်းအရည်မှာ အုန်းနို့လေးကို မိမိနှစ်သက်သလိုဆမ်းပြီး ပူပူနွေးနွေး မြိန်ယှက်စွာ တည်ခင်း သုံးဆောင်နိုင်ပါတယ်။

Read 2567 times
Rate this item
(0 votes)