Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဗဟိုဘဏ်ရောင်းချသည့် ဒေါ်လာ ၁၀ သန်းဖြင့် တင်သွင်းသော စားသုံးဆီ ကုမ္ပဏီ ၈ ခု ပြန်ရောင်းချပေးမည်

ဗဟိုဘဏ်ရောင်းချသည့် ဒေါ်လာ ၁၀ သန်းဖြင့် တင်သွင်းသော စားသုံးဆီ ကုမ္ပဏီ ၈ ခု ပြန်ရောင်းချပေးမည်

ဗဟိုဘဏ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည့် အမေရိကန်ဒေါ်လာ (၁၀) သန်းဖြင့် တင်သွင်းလာသော စားသုံးဆီများအား မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းက အသင်းမှ သတ်မှတ်သည့် ဈေးနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းက အသိပေး ကြေငြာထားပါသည်။
စားသုံးသူရေးရာဦးစီးဌာနမှ- ၇.၁၂.၂၀၂၁နေ့တွင် ကျင်းပသော လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထပ်မံ ရောင်းချပေးသည့် အမေရိကန်ဒေါ်လာများနှင့် ညီမျှသော စားအုန်းဆီများကို သက်ဆိုင်ရာဆီ တင်သွင်းသည့်ကုမ္ပဏီများမှ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းက သတ်မှတ်ထုတ်ပြန်ထားသည့် နေ့စဉ်ဈေးနှုန်းအတိုင်း ဈေးကွက်သို့ တိုက်ရိုက်ဖြန့်ဖြူး ရောင်း ချစေပြီး ရောင်းချပြီးစီးမှုအခြေအနေများကို စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီသို့ တင်ပြသည့်စနစ်ဖြင့် ကျင့်သုံးဆောင်ရွက် သွားရန် ညွှန်ကြားလာပါသည်။
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် ဗဟိုဘဏ် မှ ရောင်းချထုတ်ပေးသည့် နိုင်ငံခြားငွေဈေးနှုန်း၊ တင်သွင်းလာသည့်ဆီ ကုမ္ပဏီများ ၏ ဝယ်ယူ ရသည့် ဈေးနှုန်းတို့ပေါ်တွင် အခြေခံပြီး ရောင်းချရမည့်စားအုန်းဆီတန်ချိန်နှင့် ရောင်းချ ပေးရမည့် ဈေးနှုန်း တို့ကိုသတ်မှတ်ပေးထားပါသည်။
ယခုအခါဗဟိုဘဏ်မှ ရောင်းချပေးထား သည့်အမေရိကန်ဒေါ်လာ၁၀သန်းကို ဝယ်ယူခဲ့သည့် အောက်ပါကုမ္ပဏီ ၈ ခုမှ တန်ချိန် ၇,၆၃၁.၈၇ ကို ကုမ္ပဏီ အလိုက်ရောင်းချသွားမည်ဖြစ်ပါသည်။


ကုမ္ပဏီအမည် ရောင်းချမည့်ပမာဏ တန်ချိန်/ပေပါ တို့ကို ဖော်ပြအပ်ပါသည်။
၁ Six Winner Brothers Co., Ltd.
2,986.18 တန်ချိန်/16,614.02 ပေပါ
၂ Diamond Dragon Co., Ltd.
2,260.00 တန်ချိန် /12,573.82 ပေပါ
၃ First Top Edible Oil Com., Ltd.
730.37 တန်ချိန် /4,063.51 ပေပါ
၄ Wilmar Myanmar Edible Oil Ltd.
397.58 တန်ချိန် /2,211.99 ပေပါ
၅ Grand Unity Co., Ltd.
358.55 တန်ချိန်/1,994.84 ပေပါ
၆ Global Good Pure Group Co.,Ltd.
357.25 တန်ချိန်/1,987.61 ပေပါ
၇ Pyei Phyo Aung Co., Ltd.
354.68 တန်ချိန်/1,973.31 ပေပါ
၈ Hnin Wun Co., Ltd.
187.27 တန်ချိန်/1,041.90 ပေပါ


ကုမ္ပဏီ ၈ ခုတို့သည် ဆီကန်ထုတ် အမြင့်ဆုံးရောင်းဈေး တစ်ပိသာလျှင်(၄၂၇၅.၈၄ကျပ်) ထက် မကျော်လွန်ဘဲ (၉/၁၂/၂၀၂၁) နေ့မှ စတင်ပြီး ဈေးကွက်အတွင်းရှိ လက်လီလက်ကား ရောင်းဝယ် သူများအား တိုက်ရိုက် ရောင်းချ သွားမည် ဖြစ်ပါသည်။
ထိုသို့ ရောင်းချပေးမည့် အစီအစဉ်ကို လက်လီလက်ကား ရောင်းဝယ်သူများ နှင့် နေပြည်တော်/တိုင်းဒေသကြီး /ပြည်နယ်များမှ စားသုံးဆီဝယ်ယူလိုသူများအား ဦးရာလူစနစ်ဖြင့် သက်ဆိုင်ရာကုမ္ပဏီများမှ တိုက်ရိုက် ရောင်းချပေးသွားမည် ဖြစ်ပါသည်။
ဈေးနှုန်းများကို အသင်းက နေ့စဉ်ကြေညာပေးသွားမည်ဖြစ် ပါသည်။


ရောင်းချပေးရာတွင် သတ်မှတ်ကြေညာထားသည့် စားအုန်းဆီ တစ်ပိဿာဈေးနှုန်း ထက် ပိုမိုရောင်းချပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် သတင်းပေးပို့နိုင်ပါသည်။
(က) ရန်ကုန်တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန-
၀၉၄၃၆၆၆၆၆၈။
(ခ) မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း -
၀၉၂၆၂၀၇၉၁၀၅။
(ဂ) မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း-
၀၉၉၆၅၁၃၆၃၇၇။

Read times
Rate this item
(0 votes)