Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မာလာရှမ်းကောလေးလုပ်စားရအောင်

Unicode

မာလာရှမ်းကောလေးလုပ်စားရအောင်  

သူငယ်ချင်းတွေနဲ့တွေ့ဆုံတဲ့အခါတိုင်း ပူပူစပ်စပ် မာလာရှမ်းကောလေးကို အာရုံကျမိတတ်ကြပါတယ်။ ရန်ကုန်မြို့မှာ ရွေးချယ်စရာ မာလာရှမ်းကောဆိုင်တွေကလည်း အများကြီးရှိနေပါပြီ။

 

သို့ပေမယ့် တချို့ဆိုင်တွေက ဈေးအရမ်းကြီးတာနဲ့၊ တချို့ဆိုင်တွေက အစပ်အဟပ်မတည့်တာနဲ့၊ တချို့ဆိုင်တွေက ဝန်ဆောင်မှု ညံ့တာနဲ့ အဆင်မပြေတာလေးတွေကို ကြားဖူးမြင်ဖူး ကြုံဖူးကြလိမ့်မယ်ထင်ပါတယ်။  စီချွမ်းစတိုင်လ် မာလာရှမ်းကောကို အိမ်မှာပဲ ကိုယ်တိုင်လုပ်စားမယ်ဆိုတဲ့ ပရိသတ်အတွက် အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ အရွက်အတွက် တရုတ်နံနံ၊ မုန်လာဥနီ၊ အာလူး၊ ကြက်နားရွက်မှို၊ မာလာခေါက်ဆွဲ၊ မှို၊ ကြာစွယ်တို့ဖြစ်ပါတယ်။ အနှစ်အတွက် ဆီ၊ စမုန်စပါးစေ့၊ စီချွန်မှုန့်၊ ဖာလာစေ့၊ သစ်ကြံပိုးခေါက်၊ ကရဝေးရွက်၊ ဇာတိပ္ဖိုလ်သီး၊ လိမ္မော်ခွံ၊ ချင်းတက်၊ ငရုတ်သီးခြောက် တို့အပြင်  ဟင်းခပ်ဖို့အတွက် ပဲငပိအစပ်အနှစ်၊ ဟော့ပေါ့ဆော့စ်အနှစ်၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးမှုန့်၊ ကြက်သွန်မြိတ်၊ ဂေါ်ဖီထုပ်၊ ငါးဖယ်လုံး၊ ဆန်ဝိုင်၊ သကြား၊ ဆား၊ နံနံပင်တို့ လိုအပ်ပါမယ်။

 

Read More >>>>>  ကြော်စား၊ ချက်စား၊ သုပ်စားနိုင်တဲ့ ဆန်ပြားဖတ်ပြုလုပ်နည်း


ပြုလုပ်နည်းကတော့ ပထမဦးဆုံး တရုတ်နံနံ၊ မုန်လာဥနီ၊ အာလူး၊ ကြက်နားရွက်မှို၊ မာလာခေါက်ဆွဲ၊ မှို၊ ကြာစွယ် တို့ကို ရေဆေးကြောပြီး တစ်ကိုက်စာအရွယ်အတုံးကလေးတွေဖြစ်အောင် လှီးဖြတ်ပေးပါ။


ရေနွေးတစ်အိုးကို ဆူပွက်သည်အထိ အရင်တည်ပေးလိုက်ပါ။ ပြီးရင် ဟင်းသီးဟင်းရွက်တွေ အားလုံးကို ထည့်ပြုတ်ပေးလိုက်ပါ။ ပြုတ်ပြီးသွားရင်တော့ ဟင်းသီးဟင်းရွက်တွေ အားလုံးကို ရေစစ်ဇကာတစ်ခုထဲမှာ ရေစစ်ပေးလိုက်ပါ။

 

ပြီးနောက် ဒယ်အိုးတစ်လုံးထဲမှာ ဆီထည့်အပူပေးပြီး စမုန်စပါးစေ့၊ စီချွမ်မှုန့်၊ ဖာလာစေ့၊ သစ်ကြံပိုးခေါက်၊ ကရဝေးရွက်၊ ဇာတိပ္ဖိုလ်သီး၊ လိမ္မော်ခွံ၊ ချင်းတက်၊ ငရုတ်သီးခြောက်ထည့်ပြီး ဆီသတ်ပေးပါ။  ကျက်ပြီဆိုရင် ပန်းကန်ထဲထည့်ပြီးလှယ်ထားပေးပါ။


ပြီးရင်တော့ ဒယ်အိုးထဲသို့ ဆီထည့် ဆီပူပေးလိုက်ပြီး ပဲငပိအစပ် အနှစ်၊ ဟော့ပေါ့ဆော့စ်၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ထည့်ပြီး ဆီသတ်ပေးလိုက်ပါ။ မိနစ်အနည်းငယ်ကြာ ချက်ပြုတ်ပြီးရင် ပါဝင်ပစ္စည်းတွေ အနီရောင်သမ်းလာပါလိမ့်မယ်။ ဒါဆိုရင်တော့ ငရုတ်သီးမှုန့်၊ ကြက်သွန်မြိတ်နဲ့ ဂေါ်ဖီထုပ်တို့ကို ထည့်ပေးလိုက်ပါ။ မိနစ်အနည်းငယ်ကြာရင် ပါဝင်ပစ္စည်းအားလုံးကို သမအောင်မွှေပေးလိုက်ပါ။ ပြီးရင်တော့ ငါးဖယ်လုံးလေးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကိုပါ ထည့်ပေးလိုက်ပါဦး။ အပေါ်ကနေ ဆန်ဝိုင်နဲ့ သကြားပါထည့်ပြီး မွှေပေးလိုက်ပါ။

 

ပါဝင်ပစ္စည်းအားလုံး ဒယ်အိုးထဲမှာ စုံသွားပြီဆိုရင်တော့ မိနစ်အနည်းငယ်ခန့် မွှေကြော်ကြော်ပေးလိုက်ပါ။ ပြီးလျှင် အပေါ့အငန်မြည်းကြည့်ပြီး လိုအပ်တာကိုထည့်ပေးပါ။ ပြီးရင် ဒယ်အိုးထဲက မာလာရှမ်းကော ပူပူစပ်စပ်လေးကို ပန်းကန်တစ်လုံးထဲ ပြောင်းထည့်ပြီး ထမင်းပူပူလေးတစ်လုံးနဲ့ တွဲဖက်စားသုံးနိုင်ပါပြီ။

Source: thewoksoflife

 

 

 

မာလာရွမ္းေကာေလးလုပ္စားရေအာင္

 

သူငယ္ခ်င္းေတြနဲ႕ေတြ႔ဆံုတဲ့အခါတိုင္း ပူပူစပ္စပ္ မာလာရွမ္းေကာေလးကို အာ႐ုံက်မိတတ္ၾကပါတယ္။ ရန္ကုန္ၿမိဳ႕မွာ ေရြးခ်ယ္စရာ မာလာရွမ္းေကာဆိုင္ေတြကလည္း အမ်ားႀကီးရွိေနပါၿပီ။

 

သို႕ေပမယ့္ တခ်ိဳ႕ဆိုင္ေတြက ေဈးအရမ္းႀကီးတာနဲ႔၊ တခ်ိဳ႕ဆိုင္ေတြက အစပ္အဟပ္မတည့္တာနဲ႔၊ တခ်ိဳ႕ဆိုင္ေတြက ဝန္ေဆာင္မႈ ညံ့တာနဲ႔ အဆင္မေျပတာေလးေတြကို ၾကားဖူးျမင္ဖူး ႀကဳံဖူးၾကလိမ့္မယ္ထင္ပါတယ္။  စီခၽြမ္းစတိုင္လ္ မာလာရွမ္းေကာကို အိမ္မွာပဲ ကိုယ္တိုင္လုပ္စားမယ္ဆိုတဲ့ ပရိသတ္အတြက္ ေအာက္တြင္ ေဖာ္ျပေပးလိုက္ပါတယ္။

 

Read More >>>>>  ေၾကာ္စား၊ ခ်က္စား၊ သုပ္စားႏိုင္တဲ့ ဆန္ျပားဖတ္ျပဳလုပ္နည္း


ပါဝင္ပစၥည္းမ်ားကေတာ့ အရြက္အတြက္ တ႐ုတ္နံနံ၊ မုန္လာဥနီ၊ အာလူး၊ ၾကက္နားရြက္မိႈ၊ မာလာေခါက္ဆြဲ၊ မိႈ၊ ၾကာစြယ္တို႕ျဖစ္ပါတယ္။ အႏွစ္အတြက္ ဆီ၊ စမုန္စပါးေစ့၊ စီခြ်န္မႈန္႕၊ ဖာလာေစ့၊ သစ္ႀကံပိုးေခါက္၊ ကရေဝးရြက္၊ ဇာတိပၹိဳလ္သီး၊ လိေမၼာ္ခြံ၊ ခ်င္းတက္၊ င႐ုတ္သီးေျခာက္ တို႕အျပင္  ဟင္းခပ္ဖုိ႕အတြက္ ပဲငပိအစပ္အႏွစ္၊ ေဟာ့ေပါ့ေဆာ့စ္အႏွစ္၊ ခ်င္း၊ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ င႐ုတ္သီးမႈန္႕၊ ၾကက္သြန္ၿမိတ္၊ ေဂၚဖီထုပ္၊ ငါးဖယ္လံုး၊ ဆန္ဝိုင္၊ သၾကား၊ ဆား၊ နံနံပင္တို႕ လိုအပ္ပါမယ္။


ျပဳလုပ္နည္းကေတာ့ ပထမဦးဆံုး တ႐ုတ္နံနံ၊ မုန္လာဥနီ၊ အာလူး၊ ၾကက္နားရြက္မိႈ၊ မာလာေခါက္ဆြဲ၊ မိႈ၊ ၾကာစြယ္ တို႕ကို ေရေဆးေၾကာၿပီး တစ္ကိုက္စာအရြယ္အတံုးကေလးေတြျဖစ္ေအာင္ လွီးျဖတ္ေပးပါ။


ေရေႏြးတစ္အိုးကို ဆူပြက္သည္အထိ အရင္တည္ေပးလိုက္ပါ။ ၿပီးရင္ ဟင္းသီးဟင္းရြက္ေတြ အားလုံးကို ထည့္ျပဳတ္ေပးလိုက္ပါ။ ျပဳတ္ၿပီးသြားရင္ေတာ့ ဟင္းသီးဟင္းရြက္ေတြ အားလုံးကို ေရစစ္ဇကာတစ္ခုထဲမွာ ေရစစ္ေပးလိုက္ပါ။

 

ၿပီးေနာက္ ဒယ္အိုးတစ္လံုးထဲမွာ ဆီထည့္အပူေပးၿပီး စမုန္စပါးေစ့၊ စီခြ်မ္မႈန္႕၊ ဖာလာေစ့၊ သစ္ႀကံပိုးေခါက္၊ ကရေဝးရြက္၊ ဇာတိပိၹဳလ္သီး၊ လိေမၼာ္ခြံ၊ ခ်င္းတက္၊ င႐ုတ္သီးေျခာက္ထည့္ၿပီး ဆီသတ္ေပးပါ။  က်က္ၿပီဆုိရင္ ပန္းကန္ထဲထည့္ၿပီးလွယ္ထားေပးပါ။


ၿပီးရင္ေတာ့ ဒယ္အိုးထဲသို႕ ဆီထည့္ ဆီပူေပးလိုက္ၿပီး ပဲငပိအစပ္ အႏွစ္၊ ေဟာ့ေပါ့ေဆာ့စ္၊ ခ်င္း၊ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီကို ထည့္ၿပီး ဆီသတ္ေပးလိုက္ပါ။ မိနစ္အနည္းငယ္ၾကာ ခ်က္ျပဳတ္ၿပီးရင္ ပါဝင္ပစၥည္းေတြ အနီေရာင္သမ္းလာပါလိမ့္မယ္။ ဒါဆိုရင္ေတာ့ င႐ုတ္သီးမႈန႔္၊ ၾကက္သြန္ၿမိတ္နဲ႔ ေဂၚဖီထုပ္တို႔ကို ထည့္ေပးလိုက္ပါ။ မိနစ္အနည္းငယ္ၾကာရင္ ပါဝင္ပစၥည္းအားလုံးကို သမေအာင္ေမႊေပးလိုက္ပါ။ ၿပီးရင္ေတာ့ ငါးဖယ္လုံးေလးေတြနဲ႔ ဟင္းသီးဟင္းရြက္ေတြကိုပါ ထည့္ေပးလိုက္ပါဦး။ အေပၚကေန ဆန္ဝိုင္နဲ႔ သၾကားပါထည့္ၿပီး ေမႊေပးလိုက္ပါ။

 

ပါဝင္ပစၥည္းအားလုံး ဒယ္အိုးထဲမွာ စုံသြားၿပီဆိုရင္ေတာ့ မိနစ္အနည္းငယ္ခန႔္ ေမႊေၾကာ္ေၾကာ္ေပးလိုက္ပါ။ ၿပီးလွ်င္ အေပါ့အငန္ျမည္းၾကည့္ၿပီး လိုအပ္တာကိုထည့္ေပးပါ။ ၿပီးရင္ ဒယ္အိုးထဲက မာလာရွမ္းေကာ ပူပူစပ္စပ္ေလးကို ပန္းကန္တစ္လုံးထဲ ေျပာင္းထည့္ၿပီး ထမင္းပူပူေလးတစ္လုံးနဲ႔ တြဲဖက္စားသုံးနိုင္ပါၿပီ။

 

Source: thewoksoflife

 

Read times Last modified on Monday, 10 February 2020 14:53
Rate this item
(0 votes)