Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


လုပ်ငန်းသုံးသကြား တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်

အရက်၊ ဘီယာ၊ စီးကရက်၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် ထုတ်လုပ်တပ်ဆင်သည့် လုပ်ငန်းများ၏ ကုန်ကြမ်းပစ္စည်းတင်သွင်းခွင့်နှင့်


လုပ်ငန်းသုံးသကြားတင်သွင်းခွင့်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ၏ ခွင့်ပြုချက် ယူရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က အမိန့်ကြော်ငြာစာအမှတ် ၂၆ / ၂၀၂၁ ကို ၁၃၈၃ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် (၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်) ရက်စွဲဖြင့် ထုတ်ပြန်ထားပါသည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ အခွန်ပေးဆောင်တင်သွင်းသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ထုတ်ပြန်ကြေညာခြင်း
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေပုဒ်မ - ၁၀၀ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူ ချောမွေ့ စွာဆောင်ရွက်နိုင်စေရေးအတွက် ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများက လုပ်ငန်းနှင့်သက်ဆိုင်သော စက်ပစ္စည်း၊ လုပ်ငန်းသုံး ပစ္စည်းနှင့် ကုန်ကြမ်းပစ္စည်းများတင်သွင်းရာ၌ အောက်ပါအတိုင်းလိုက်နာဆောင်ရွက်ရမည်
(က) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီများ၏ ခွင့်ပြုမိန့်အတည်ပြုမိန့်များဖြင့် ဆောင်ရွက်နေသော လုပ်ငန်းများက အခွန်အကောက်ပေးဆောင် တင်သွင်းသည့်ကိစ္စရပ်များ (အရက်၊ ဘီယာ၊ စီးကရက်၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် တပ်ဆင်ထုတ်လုပ်သော လုပ်ငန်းများ၏ ကုန်ကြမ်းပစ္စည်းတင်သွင်းခြင်းနှင့် လုပ်ငန်းသုံးသကြား တင်သွင်းခြင်း ကိစ္စရပ်များမှအပ)တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ၂၃၀ အရ ကော်မရှင်၏ ထောက်ခံချက်ရယူရန် မလိုအပ်ဘဲ ကုန်သွယ်ရေးဦးစီး ဌာနနှင့် အကောက်ခွန်ဦးစီးဌာနများသို့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်၍ တိုက်ရိုက်လျှောက်ထားဆောင်ရွက်ရမည်။
(ခ) အရက်၊ ဘီယာ၊ စီးကရက်မော်တော်ယာဉ် ၊ မော်တော်ဆိုင်ကယ် တပ်ဆင် ထုတ်လုပ်သော လုပ်ငန်းများ၏ ကုန်ကြမ်းပစ္စည်းတင်သွင်းခွင့် နှင့် လုပ်ငန်းသုံး သကြားတင်သွင်းခွင့်များ တင်ပြလျှောက်ထားရာတွင် နှစ်အလိုက် ကုန်ကြမ်း လိုအပ်ချက်ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တစ်နှစ်ချင်းအလိုက် တင်ပြလျှောက်ထားဆောင်ရွက်ရမည်။

 

266742873_4962071563824727_8990014889427629851_n.jpg

Read times Last modified on Wednesday, 15 December 2021 02:36
Rate this item
(0 votes)