Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ပထမဆုံးသော တိုက်ရိုက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားသည့် လက်ကား ဖြန့်ချိရေးကုမ္ပဏီ METRO Wholesale Myanmar (မက်ထရို မြန်မာ) ကHACCP လက်မှတ်ရရှိခြင်း

Unicode

ပထမဆုံးသော တိုက်ရိုက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားသည့် လက်ကား ဖြန့်ချိရေးကုမ္ပဏီ METRO Wholesale Myanmar (မက်ထရို မြန်မာ) ကHACCP လက်မှတ်ရရှိခြင်း

အစားအသောက်နှင့် အခြား အရည်အသွေးမြင့် ကုန်ပစ္စည်းများကို ဖြန့်ဖြူးရောင်းချနေသော မြန်မာနိုင်ငံ၏ ထိပ်တန်းလက်ကားကုမ္ပဏီဖြစ်သည့် METRO Wholesale Myanmar သည် ၂၀၁၉ ခုနှစ် သြဂုတ်လအတွင်းက ခက်ခဲသော ၂ ရက်တာ စစ်ဆေးမှုများကို အောင်မြင်ခဲ့ပြီး Hazard Analysis and Critical Control Point (HACCP) လက်မှတ်ကို ရရှိခဲ့ပြီဖြစ်သည်။

 

မြန်မာနိုင်ငံတွင် တိုက်ရိုက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားသည့် လက်ကား ဖြန့်ချိရေး ကဏ္ဍအတွင်း မက်ထရို မြန်မာ သည် HACCP လက်မှတ်ရရှိသည့် ပထမဆုံးသော အဖွဲ့အစည်းဖြစ်သည်။

 

ဂျုံလုပ်ငန်းများ ၃၈ ခုကိုရှာရန်နှိပ်ပါ။

 

“METRO က အစားအသောက်ဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေးမှာ တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ထိပ်တန်းဖြစ်ပါတယ်” ဟု METRO Wholesale Myanmar ၏ CEO ဖြစ်သူ Mr. Jens Michel က ပြောသည်။ “မြန်မာပြည်သူပြည်သားတွေရဲ့ ဘဝနေထိုင်မှုအရည်အသွေးကို မြှင့်တင်ပေးဖို့က METRO Wholesale Myanmar ရဲ့ အဓိကရည်မှန်းချက်ဖြစ်ပါတယ်။ ကျွန်တော်တို့ စတင် ဖွဲ့စည်းခဲ့တဲ့ ၂၀၁၇ ခုနှစ် နဲ့ တရားဝင်ဈေးကွက်ထဲကို ဝင်ရောက်ခဲ့တဲ့ ဒီနှစ်မတ်လ ကတည်းက အစားအသောက်ဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေးက ကျွန်တော်တို့ရဲ့ ပထမဦးစားပေးဖြစ်ခဲ့တာကြောင့် မြန်မာနိုင်ငံမှာ ပထမဦးဆုံး အပြည်ပြည်ဆိုင်ရာ လက်ကားရောင်းချရေးအနေနဲ့ HACCP လက်မှတ်ရရှိထားတယ်ဆိုတာကို ဂုဏ်ယူစွာနဲ့ ပြောလိုပါတယ်။ HACCP ဆိုတာ အစားအသောက်ဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေးစနစ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ လက်မှတ်ဖြစ်လို့ ဒီလက်မှတ်ကိုရရှိခြင်းအားဖြင့် ဝယ်ယူသူတွေအတွက် အရည်အသွေးမြင့် ကုန်ပစ္စည်းတွေကိုပဲ ပေးနိုင်ဖို့ ကျွန်တော်တို့ ဘယ်လောက်အား ထုတ်ကြိုးစားထားတယ် ဆိုတာကို မြင်သာစေပြီး ယုံကြည်နိုင်ကြောင်း သက်သေလည်းဖြစ်ပါတယ်။”

 

METRO Wholesale Myanmar အတွက် စစ်ဆေးမှုလုပ်ငန်းစဉ်များကို ပြင်သစ်အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ ထိပ်တန်းအသိအမှတ်ပြုလက်မှတ်ပေးသည့်လုပ်ငန်း၏ လုပ်ငန်းခွဲဖြစ်သည့် Myanmar Bureau Veritas Ltd., မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ HACCP လက်မှတ်ရရန် စစ်ဆေးမှုလုပ်ငန်းစဉ်များ လုပ်ဆောင်နေသည့် သြဂုတ်လနှောင်းပိုင်းကာလများ အတွင်း ဖြတ်ကျော်ရသည့် အဆင့် ၂ ခု ရှိသည့်အနက် ပထမတစ်ဆင့် စစ်ဆေး မှုများကို အောင်မြင်ပြီးချိန်တွင်၊ဒုတိယ အဆင့်အဖြစ် စစ်ဆေးသူအဖွဲ့အစည်းမှ သီလဝါအထူးစီးပွားရေးဇုန်ရှိ METRO ကုန်ပစ္စည်း သိုလှောင်ရုံ၏ အခြေခံပစ္စည်းများနှင့် လုပ်ငန်းလုပ်ဆောင်မှု အဆင့်တိုင်းကို စစ်ဆေးခဲ့ကြသည်။

 

“မက်ထရိုမြန်မာ ရဲ့ ခေတ်မီ ကုန်ပစ္စည်းသိုလှောင်ရုံက သီလဝါအထူးစီးပွားရေးဇုန်မှာ အခြေစိုက်ထားပြီး အစား အသောက် ဘေးအန္တရာယ်ကင်းရှင်းရေး နဲ သယ်ယူပို့ဆောင်ရေးမှာ နိုင်ငံတကာ သုံးစွဲနေတဲ့ အကောင်းဆုံး လုပ်ငန်းစဉ်အလေ့အထတွေအတိုင်း လုပ်ငန်းလည်ပတ်နေနေပါတယ်” ဟု METRO Wholesale Myanmar ၏ Quality Assurance ဌာနမှူးဖြစ်သူ Mr. Ajay Pohare က ပြောသည်။ “HACCP လက်မှတ်ရရှိဖို့ လုပ်ဆောင်နေစဉ်အတွင်းမှာ စစ်ဆေးသူတွေက ကျွန်တော်တို့ ရဲ့ ကုန်ပစ္စည်းလက်ခံခြင်း၊ ထုတ်လုပ်ခြင်း၊ သိမ်းဆည်းခြင်းအဆင့်တွေရဲ့ စနစ်တွေကစပြီး ပစ္စည်းပို့ဆောင်တဲ့ အထိ လုပ်ငန်းအဆင့်ဆင့်ကို ကြည့်ရှုခဲ့ကြပါတယ်၊

 

ဒါ့အပြင် ဝန်ထမ်းတွေနဲ့လည်း တွေ့ဆုံခဲ့ကြပြီး မက်ထရို မြန်မာအနေနဲ့ လုပ်ငန်းအဆင့်တိုင်းမှာ HACCP ရဲ့ လိုအပ်ချက်နဲ့ စံချိန်စံညွန်းတွေအတိုင်း လုပ်ဆောင်မှု ရှိမရှိ စစ်ဆေးခဲ့ကြပါသေးတယ်၊ HACCP ရဲ့ အသိအမှတ်ပြုလက်ကားရောင်းချသူဆိုတဲ့ သဘောကတော့ ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းတွေဟာ လတ်ဆတ်တယ်၊ အကောင်းဆုံး အရည်အသွေးမှီဖြစ်တယ်၊ ဘေးအန္တရာယ် ကင်းရှင်းတယ်ဆိုတဲ့သဘောတွေကို ဖော်ဆောင်ပါတယ်၊ ပြီးတော့ မြန်မာနိုင်ငံရဲ့ အစားအသောက်ဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေး စံညွှန်းတွေကို ဒီထက်ပိုပြီး မြှင့်တင်သွားဖို့လည်း ကြိုးစားသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

 

မြန်မာနိုင်ငံတွင် တိုက်ရိုက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် လက်ကားကုမ္ဗဏီတစ်ခုဖြစ်သောကြောင့် METRO Wholesale Myanmar အနေဖြင့် ရောင်းချသော ကုန်ပစ္စည်းများ၏ ၇၅% ကို ပြည်တွင်းမှ ဖြည့်သွင်းဝယ်ယူရမည်ဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်တွင် METRO Wholesale Myanmar ၏ QA ဌာနသည် ၎င်းတို့၏ ပင်လယ်စာ တင်သွင်းပေးပို့သူများနှင့် ကြက်အသားထုတ်လုပ်ငန်းတို့အား HACCP နှင့် GMP (Good Manufacturing Practices) အခြေခံသင်တန်းတို့ကို ပေးခဲ့သည်။


Read More >>>>>  ချဉ်ငံစပ် ဆိတ်အူပြုပ် အရည်သောက်ဆမ်း

 

တစ်ဆက်ထဲမှာပင် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်း၌ ရှမ်းပြည်နယ် အောင်ပန်းမြို့၊ မကွေးတိုင်း ပွင့်ဖြူမြို့တို့မှ ကုန်ကြမ်း တင်သွင်းပေးပို့မည့် အလားအလာရှိသူများလည်းဖြစ်ကြသော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးသူ လယ်သမား ၂၀၀ ဦး ကို Good Agricultural Practices (G.A.P) ခေါ် စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများ မွမ်းမံ သင်တန်းများ ကို ပို့ချသင်ကြားပေးခဲ့သည်။

 

ယင်း စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများ မွမ်းမံ သင်တန်းများကို တက်ရောက်ခဲ့သည့် လယ်သမား ၂၀၀ ဦးအနက် ၆၂ ဦးတို့သည် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန (MoALI) ၏ စိုက်ပျိုးရေးဌာနမှ ပေးအပ်သော စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများ လက်မှတ် (Myanmar GAP Certifications) ကို ရရှိခဲ့သည်။

 

METRO အကြောင်း

METRO သည် အစားအသောက်နှင့် အခြား အရည်အသွေးမြင့် ကုန်ပစ္စည်းများကို ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် အစားအသောက် တည်ခင်းဧည့်ခံပေးသော ဝန်ဆောင်မှုလုပ်ငန်းများအပြင် တစ်ဦးချင်း လက်လီရောင်းချလိုသူ စတိုးဆိုင်များအား အထူးဝန်ဆောင်မှုပေးလျက်ရှိသော နိုင်ငံတကာ ထိပ်တန်း လက်ကားရောင်းဝယ်ရေး ကုမ္ပဏီတစ်ခု ဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် MRTEO သည် ဝယ်ယူသူပေါင်း (၂၄) သန်းရှိပြီး စတိုးဆိုင်ကြီးများရှိ ဈေးဆိုင်များတွင် သွားရောက်ရွေးချယ်ဝယ်ယူခြင်း၊ စတိုးဆိုင်များနှင့် အွန်လိုင်းမှတစ်ဆင့် ရွေးချယ် ဝယ်ယူခြင်း သို့မဟုတ် ကုန်ပစ္စည်းမှာယူခြင်း စသည်ဖြင့် မိမိနှစ်သက်သလို ဝယ်ယူလျက်ရှိကြသည်။ ထို့အပြင် METRO သည် ၎င်း၏ ခေတ်မီ ဒစ်ဂျစ်တယ် လုပ်ဆောင်ချက်များဖြင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များနှင့် ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်သူများ ဈေးကွက်အတွင်းထိုးဖောက်ရာတွင် တွေ့ကြုံရမည့် ယှဉ်ပြိုင်မှုများအတွက် ပံ့ပိုးပေးလျက်ရှိပြီး လက်လီဈေးကွက်နှင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း အမျိုးမျိုးတွင်လည်း အလားတူ ဝန်ဆောင်မှုမျိုး ပေးအပ်လျက်ရှိသည်။ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုသည် METRO လုပ်ငန်းစု၏ အဓိက မဏ္ဍိုင်တစ်ခု ဖြစ်သည်။

 

METROသည် နာမည်ကျော် Dow Jones ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်းတွင် လွန်ခဲ့သည့် လေးနှစ်အတွင်း လုပ်ငန်းနယ်ပယ်၏ ရှေ့ဆောင်တစ်ဦးအဖြစ် ဖော်ပြခံခဲ့ရသည်။ METRO သည် METRO Wholesales အနေဖြင့်စားသောက်ကုန် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းများကို နိုင်ငံပေါင်း ၃၆ နိုင်ငံတွင် လုပ်ကိုင်လျက်ရှိပြီး ကမ္ဘာတစ်ဝန်း ဝန်ထမ်းဦးရေ ၁၅၀,၀၀၀ ကျော် ရှိနေပြီဖြစ်သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် METRO လက်ကားရောင်းဝယ်ရေးဌာန၏ အရောင်းစံချိန်မှာ ယူရို (၃၆.၅) ဘီလီယံ အထိ ရှိခဲ့သည်။

 

METRO Cash & Carry သည် METRO လက်ကားရောင်းဝယ်ရေးဌာန၏ အဓိကကျသည့် အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် အစားအသောက် တည်ခင်းဧည့်ခံပေးသော ဝန်ဆောင်မှုလုပ်ငန်းများအပြင် အသေးစားနှင့် အလတ်စား တစ်ဦးချင်း၊ အဖွဲ့လိုက် လက်လီရောင်းချသူများကဲ့သို့ ပရော်ဖက်ရှင်နယ် ဝယ်သူများကို အဓိကထား၍ နိုင်ငံပေါင်း ၂၆ နိုင်ငံတွင် လုပ်ငန်းလည်ပတ်လျက် ရှိသည်။ METRO Cash & Carry သည် အသေးစားနှင့် အလတ်စား ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်များ၏ အားထားရာ မိတ်ဖက်လုပ်ငန်း တစ်ခုဖြစ်သည်။ ထို လုပ်ငန်းရှင်များ၏ အောင်မြင်မှုသည် METRO ၏ အဓိက ဦးစားပေး ဖြစ်သည်။

 

METRO Cash & Carry သည် ၎င်း၏ စားသောက်ကုန် အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်စည် စီးဆင်းမှုနှင့် ရှေရှည်ဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ်ကဏ္ဍများရှိ ထိပ်တန်း ကျွမ်းကျင်မှု စွမ်းရည် အပါအဝင် လိုအပ်ချက်အရ ပြောင်းလဲအသုံးပြုနိုင်သော နည်းပညာ လုပ်ဆောင်ချက်များနှင့် ခေတ်မီဆန်းသစ်သော ဒစ်ဂျစ်တယ်စွမ်းရည်များကို အသုံးပြု၍ သန်းပေါင်းများစွာသော ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်များကို တိုးတက်ပြောင်းလဲစေလိုသည့် ပန်းတိုင်ကို ရောက်ရှိနိုင်ရန် စွမ်းဆောင်နိုင်ခဲ့သည်။

 

METRO အကြောင်း အသေးစိတ် ထပ်မံသိရှိလိုပါက - https://www.metroag.de/en

METRO Wholesale Myanmar (မက်ထရို မြန်မာ) အကြောင်း

METRO Wholesale Myanmar သည် စီးပွားရေးလုပ်ငန်းများမှ ဝယ်ယူသူများအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်သူများမှတစ်ဆင့် တိုက်ရိုက်ရယူဖြန့်ဖြူးပေးခြင်းအားဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေး ပံ့ပိုးကူညီလျက် ရှိသည်။ ထိုနည်းအားဖြင့် စိုက်ပျိုးမွေးမြူသူများသည် ထိရောက်မှုရှိပြီး ပိုမိုကောင်းမွန်သည့် ကုန်စည်စီးဆင်းမှုစနစ်ထံမှ အကျိုးအမြတ်များ ပိုမိုရရှိနိုင်မည်ဖြစ်သလို စီးပွားရေးလုပ်ငန်းများမှ ဝယ်ယူသူများမှာလည်း ထိပ်တန်းအဆင့် သန့်ရှင်းလတ်ဆတ်မှုရှိသော ထုတ်ကုန်ပစ္စည်းများကို ရယူ အသုံးပြုနိုင်ကြမည် ဖြစ်သည်။ “ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများအတွက် အားထားရာ” ဖြစ်လာစေရန်မှာ METRO Wholesale Myanmar ၏ နောက်ဆုံးသော ရည်မှန်းချက်ပန်းတိုင် ဖြစ်သည့်အလျောက် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းရှင်များအတွက် ထူးခြားကောင်းမွန်သည့် စားသောက်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများနှင့် နည်းပညာ ပံ့ပိုးလုပ်ဆောင်မှုများကို အားကြိုးမာန်တက် ကူညီပံ့ပိုးပေးလျက်ရှိသည်။ METRO ၏ ဆောင်ပုဒ်မှာ - “စိုက်ခင်းမှသည် ထမင်းစားပွဲမှတစ်ဆင့် စားသုံးသူများ ခက်ရင်းဖျားဆီသို့ စားသောက်ကုန်များ တိုက်ရိုက်ပို့ဆောင် ပေးနိုင်ရေး” ဖြစ်သည်။

 

METRO Wholesale Myanmar ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် တည်ထောင်ခဲ့ပြီး METRO နှင့် စင်ကာပူနိုင်ငံစာရင်းဝင် Yoma Strategic Holdings တို့အကြား အကျိုးတူပူးပေါင်းတည်ထောင်ခြင်းဖြစ်သည်။ METRO Wholesale Myanmar အကြောင်း အသေးစိတ်သိလိုပါက https://metro-wholesale.com ကို သွားရောက်ကြည့်ရှုနိုင်ပါသည်။

 

#MFID

 

 

 

 

 

 

HACCP Certified Logo METRO Myanmar12

 

ပထမဆုံးေသာ တိုက္႐ိုက္ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈျပဳလုပ္ထားသည့္ လက္ကား ျဖန႔္ခ်ိေရးကုမၸဏီ METRO Wholesale Myanmar (မက္ထ႐ို ျမန္မာ) ကHACCP လက္မွတ္ရရွိျခင္း

 

အစားအေသာက္ႏွင့္ အျခား အရည္အေသြးျမင့္ ကုန္ပစၥည္းမ်ားကို ျဖန႔္ျဖဴးေရာင္းခ်ေနေသာ ျမန္မာႏိုင္ငံ၏ ထိပ္တန္းလက္ကားကုမၸဏီျဖစ္သည့္ METRO Wholesale Myanmar သည္ ၂၀၁၉ ခုႏွစ္ ၾသဂုတ္လအတြင္းက ခက္ခဲေသာ ၂ ရက္တာ စစ္ေဆးမႈမ်ားကို ေအာင္ျမင္ခဲ့ၿပီး Hazard Analysis and Critical Control Point (HACCP) လက္မွတ္ကို ရရွိခဲ့ၿပီျဖစ္သည္။

 

ျမန္မာႏိုင္ငံတြင္ တိုက္႐ိုက္ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈျပဳလုပ္ထားသည့္ လက္ကား ျဖန႔္ခ်ိေရး က႑အတြင္း မက္ထ႐ို ျမန္မာ သည္ HACCP လက္မွတ္ရရွိသည့္ ပထမဆုံးေသာ အဖြဲ႕အစည္းျဖစ္သည္။

 

ဂ်ံဳလုပ္ငန္းမ်ား ၃၈ ခုကိုရွာရန္ႏွိပ္ပါ။

 

“METRO က အစားအေသာက္ဆိုင္ရာ ေဘးအႏၲရာယ္ကင္းရွင္းေရးမွာ တစ္ကမာၻလုံးအတိုင္းအတာအေနနဲ႔ ထိပ္တန္းျဖစ္ပါတယ္” ဟု METRO Wholesale Myanmar ၏ CEO ျဖစ္သူ Mr. Jens Michel က ေျပာသည္။ “ျမန္မာျပည္သူျပည္သားေတြရဲ႕ ဘဝေနထိုင္မႈအရည္အေသြးကို ျမႇင့္တင္ေပးဖို႔က METRO Wholesale Myanmar ရဲ႕ အဓိကရည္မွန္းခ်က္ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ စတင္ ဖြဲ႕စည္းခဲ့တဲ့ ၂၀၁၇ ခုႏွစ္ နဲ႔ တရားဝင္ေဈးကြက္ထဲကို ဝင္ေရာက္ခဲ့တဲ့ ဒီႏွစ္မတ္လ ကတည္းက အစားအေသာက္ဆိုင္ရာ ေဘးအႏၲရာယ္ကင္းရွင္းေရးက ကြၽန္ေတာ္တို႔ရဲ႕ ပထမဦးစားေပးျဖစ္ခဲ့တာေၾကာင့္ ျမန္မာႏိုင္ငံမွာ ပထမဦးဆုံး အျပည္ျပည္ဆိုင္ရာ လက္ကားေရာင္းခ်ေရးအေနနဲ႔ HACCP လက္မွတ္ရရွိထားတယ္ဆိုတာကို ဂုဏ္ယူစြာနဲ႔ ေျပာလိုပါတယ္။ HACCP ဆိုတာ အစားအေသာက္ဆိုင္ရာ ေဘးအႏၲရာယ္ကင္းရွင္းေရးစနစ္နဲ႔ ပတ္သက္ၿပီး ႏိုင္ငံတကာက အသိအမွတ္ျပဳထားတဲ့ လက္မွတ္ျဖစ္လို႔ ဒီလက္မွတ္ကိုရရွိျခင္းအားျဖင့္ ဝယ္ယူသူေတြအတြက္ အရည္အေသြးျမင့္ ကုန္ပစၥည္းေတြကိုပဲ ေပးႏိုင္ဖို႔ ကြၽန္ေတာ္တို႔ ဘယ္ေလာက္အား ထုတ္ႀကိဳးစားထားတယ္ ဆိုတာကို ျမင္သာေစၿပီး ယုံၾကည္ႏိုင္ေၾကာင္း သက္ေသလည္းျဖစ္ပါတယ္။”

 

METRO Wholesale Myanmar အတြက္ စစ္ေဆးမႈလုပ္ငန္းစဥ္မ်ားကို ျပင္သစ္အေျခစိုက္ ကမာၻလုံးဆိုင္ရာ ထိပ္တန္းအသိအမွတ္ျပဳလက္မွတ္ေပးသည့္လုပ္ငန္း၏ လုပ္ငန္းခြဲျဖစ္သည့္ Myanmar Bureau Veritas Ltd., မွ လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။ HACCP လက္မွတ္ရရန္ စစ္ေဆးမႈလုပ္ငန္းစဥ္မ်ား လုပ္ေဆာင္ေနသည့္ ၾသဂုတ္လေႏွာင္းပိုင္းကာလမ်ား အတြင္း ျဖတ္ေက်ာ္ရသည့္ အဆင့္ ၂ ခု ရွိသည့္အနက္ ပထမတစ္ဆင့္ စစ္ေဆး မႈမ်ားကို ေအာင္ျမင္ၿပီးခ်ိန္တြင္၊ဒုတိယ အဆင့္အျဖစ္ စစ္ေဆးသူအဖြဲ႕အစည္းမွ သီလဝါအထူးစီးပြားေရးဇုန္ရွိ METRO ကုန္ပစၥည္း သိုေလွာင္႐ုံ၏ အေျခခံပစၥည္းမ်ားႏွင့္ လုပ္ငန္းလုပ္ေဆာင္မႈ အဆင့္တိုင္းကို စစ္ေဆးခဲ့ၾကသည္။

 

“မက္ထ႐ိုျမန္မာ ရဲ႕ ေခတ္မီ ကုန္ပစၥည္းသိုေလွာင္႐ုံက သီလဝါအထူးစီးပြားေရးဇုန္မွာ အေျခစိုက္ထားၿပီး အစား အေသာက္ ေဘးအႏၲရာယ္ကင္းရွင္းေရး နဲ သယ္ယူပို႔ေဆာင္ေရးမွာ ႏိုင္ငံတကာ သုံးစြဲေနတဲ့ အေကာင္းဆုံး လုပ္ငန္းစဥ္အေလ့အထေတြအတိုင္း လုပ္ငန္းလည္ပတ္ေနေနပါတယ္” ဟု METRO Wholesale Myanmar ၏ Quality Assurance ဌာနမႉးျဖစ္သူ Mr. Ajay Pohare က ေျပာသည္။ “HACCP လက္မွတ္ရရွိဖို႔ လုပ္ေဆာင္ေနစဥ္အတြင္းမွာ စစ္ေဆးသူေတြက ကြၽန္ေတာ္တို႔ ရဲ႕ ကုန္ပစၥည္းလက္ခံျခင္း၊ ထုတ္လုပ္ျခင္း၊ သိမ္းဆည္းျခင္းအဆင့္ေတြရဲ႕ စနစ္ေတြကစၿပီး ပစၥည္းပို႔ေဆာင္တဲ့ အထိ လုပ္ငန္းအဆင့္ဆင့္ကို ၾကည့္ရႈခဲ့ၾကပါတယ္၊

 

ဒါ့အျပင္ ဝန္ထမ္းေတြနဲ႔လည္း ေတြ႕ဆုံခဲ့ၾကၿပီး မက္ထ႐ို ျမန္မာအေနနဲ႔ လုပ္ငန္းအဆင့္တိုင္းမွာ HACCP ရဲ႕ လိုအပ္ခ်က္နဲ႔ စံခ်ိန္စံၫြန္းေတြအတိုင္း လုပ္ေဆာင္မႈ ရွိမရွိ စစ္ေဆးခဲ့ၾကပါေသးတယ္၊ HACCP ရဲ႕ အသိအမွတ္ျပဳလက္ကားေရာင္းခ်သူဆိုတဲ့ သေဘာကေတာ့ ကြၽန္ေတာ္တို႔ရဲ႕ ကုန္ပစၥည္းေတြဟာ လတ္ဆတ္တယ္၊ အေကာင္းဆုံး အရည္အေသြးမွီျဖစ္တယ္၊ ေဘးအႏၲရာယ္ ကင္းရွင္းတယ္ဆိုတဲ့သေဘာေတြကို ေဖာ္ေဆာင္ပါတယ္၊ ၿပီးေတာ့ ျမန္မာႏိုင္ငံရဲ႕ အစားအေသာက္ဆိုင္ရာ ေဘးအႏၲရာယ္ကင္းရွင္းေရး စံၫႊန္းေတြကို ဒီထက္ပိုၿပီး ျမႇင့္တင္သြားဖို႔လည္း ႀကိဳးစားသြားမွာ ျဖစ္ပါတယ္” ဟု ေျပာသည္။

 

ျမန္မာႏိုင္ငံတြင္ တိုက္႐ိုက္ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ျပဳလုပ္ထားသည့္ လက္ကားကုမၺဏီတစ္ခုျဖစ္ေသာေၾကာင့္ METRO Wholesale Myanmar အေနျဖင့္ ေရာင္းခ်ေသာ ကုန္ပစၥည္းမ်ား၏ ၇၅% ကို ျပည္တြင္းမွ ျဖည့္သြင္းဝယ္ယူရမည္ျဖစ္ပါသည္။ ၂၀၁၈ ခုႏွစ္တြင္ METRO Wholesale Myanmar ၏ QA ဌာနသည္ ၎တို႔၏ ပင္လယ္စာ တင္သြင္းေပးပို႔သူမ်ားႏွင့္ ၾကက္အသားထုတ္လုပ္ငန္းတို႔အား HACCP ႏွင့္ GMP (Good Manufacturing Practices) အေျခခံသင္တန္းတို႔ကို ေပးခဲ့သည္။

 

Read More >>>>>  ခ်ဥ္ငံစပ္ ဆိတ္အူျပဳပ္ အရည္ေသာက္ဆမ္း

တစ္ဆက္ထဲမွာပင္ ၂၀၁၈ ခုႏွစ္ ႏွစ္ကုန္ပိုင္း၌ ရွမ္းျပည္နယ္ ေအာင္ပန္းၿမိဳ႕၊ မေကြးတိုင္း ပြင့္ျဖဴၿမိဳ႕တို႔မွ ကုန္ၾကမ္း တင္သြင္းေပးပို႔မည့္ အလားအလာရွိသူမ်ားလည္းျဖစ္ၾကေသာ သစ္သီးဝလံႏွင့္ ဟင္းသီးဟင္း႐ြက္ စိုက္ပ်ိဳးသူ လယ္သမား ၂၀၀ ဦး ကို Good Agricultural Practices (G.A.P) ေခၚ စိုက္ပ်ိဳးေရး အေလ့အက်င့္ေကာင္းမ်ား မြမ္းမံ သင္တန္းမ်ား ကို ပို႔ခ်သင္ၾကားေပးခဲ့သည္။

 

ယင္း စိုက္ပ်ိဳးေရး အေလ့အက်င့္ေကာင္းမ်ား မြမ္းမံ သင္တန္းမ်ားကို တက္ေရာက္ခဲ့သည့္ လယ္သမား ၂၀၀ ဦးအနက္ ၆၂ ဦးတို႔သည္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး ႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန (MoALI) ၏ စိုက္ပ်ိဳးေရးဌာနမွ ေပးအပ္ေသာ စိုက္ပ်ိဳးေရး အေလ့အက်င့္ေကာင္းမ်ား လက္မွတ္ (Myanmar GAP Certifications) ကို ရရွိခဲ့သည္။

 

METRO အေၾကာင္း

 

METRO သည္ အစားအေသာက္ႏွင့္ အျခား အရည္အေသြးျမင့္ ကုန္ပစၥည္းမ်ားကို ဟိုတယ္မ်ား၊ စားေသာက္ဆိုင္မ်ားႏွင့္ အစားအေသာက္ တည္ခင္းဧည့္ခံေပးေသာ ဝန္ေဆာင္မႈလုပ္ငန္းမ်ားအျပင္ တစ္ဦးခ်င္း လက္လီေရာင္းခ်လိုသူ စတိုးဆိုင္မ်ားအား အထူးဝန္ေဆာင္မႈေပးလ်က္ရွိေသာ ႏိုင္ငံတကာ ထိပ္တန္း လက္ကားေရာင္းဝယ္ေရး ကုမၸဏီတစ္ခု ျဖစ္သည္။ ကမာၻတစ္ဝန္းတြင္ MRTEO သည္ ဝယ္ယူသူေပါင္း (၂၄) သန္းရွိၿပီး စတိုးဆိုင္ႀကီးမ်ားရွိ ေဈးဆိုင္မ်ားတြင္ သြားေရာက္ေ႐ြးခ်ယ္ဝယ္ယူျခင္း၊ စတိုးဆိုင္မ်ားႏွင့္ အြန္လိုင္းမွတစ္ဆင့္ ေ႐ြးခ်ယ္ ဝယ္ယူျခင္း သို႔မဟုတ္ ကုန္ပစၥည္းမွာယူျခင္း စသည္ျဖင့္ မိမိႏွစ္သက္သလို ဝယ္ယူလ်က္ရွိၾကသည္။ ထို႔အျပင္ METRO သည္ ၎၏ ေခတ္မီ ဒစ္ဂ်စ္တယ္ လုပ္ေဆာင္ခ်က္မ်ားျဖင့္ စြန႔္ဦးတီထြင္ လုပ္ငန္းရွင္မ်ားႏွင့္ ကိုယ္ပိုင္စီးပြားေရး လုပ္ကိုင္သူမ်ား ေဈးကြက္အတြင္းထိုးေဖာက္ရာတြင္ ေတြ႕ႀကဳံရမည့္ ယွဥ္ၿပိဳင္မႈမ်ားအတြက္ ပံ့ပိုးေပးလ်က္ရွိၿပီး လက္လီေဈးကြက္ႏွင့္ ဟိုတယ္ဝန္ေဆာင္မႈလုပ္ငန္း အမ်ိဳးမ်ိဳးတြင္လည္း အလားတူ ဝန္ေဆာင္မႈမ်ိဳး ေပးအပ္လ်က္ရွိသည္။ ေရရွည္ဖြံ႕ၿဖိဳးတိုးတက္မႈသည္ METRO လုပ္ငန္းစု၏ အဓိက မ႑ိဳင္တစ္ခု ျဖစ္သည္။

 

METROသည္ နာမည္ေက်ာ္ Dow Jones ေရရွည္ဖြံ႕ၿဖိဳးတိုးတက္မႈ အၫႊန္းကိန္းတြင္ လြန္ခဲ့သည့္ ေလးႏွစ္အတြင္း လုပ္ငန္းနယ္ပယ္၏ ေရွ႕ေဆာင္တစ္ဦးအျဖစ္ ေဖာ္ျပခံခဲ့ရသည္။ METRO သည္ METRO Wholesales အေနျဖင့္စားေသာက္ကုန္ ျဖန႔္ျဖဴးေရာင္းခ်ေရး လုပ္ငန္းမ်ားကို ႏိုင္ငံေပါင္း ၃၆ ႏိုင္ငံတြင္ လုပ္ကိုင္လ်က္ရွိၿပီး ကမာၻတစ္ဝန္း ဝန္ထမ္းဦးေရ ၁၅၀,၀၀၀ ေက်ာ္ ရွိေနၿပီျဖစ္သည္။ ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္တြင္ METRO လက္ကားေရာင္းဝယ္ေရးဌာန၏ အေရာင္းစံခ်ိန္မွာ ယူ႐ို (၃၆.၅) ဘီလီယံ အထိ ရွိခဲ့သည္။

 

METRO Cash & Carry သည္ METRO လက္ကားေရာင္းဝယ္ေရးဌာန၏ အဓိကက်သည့္ အစိတ္အပိုင္းတစ္ခု ျဖစ္ၿပီး ဟိုတယ္မ်ား၊ စားေသာက္ဆိုင္မ်ားႏွင့္ အစားအေသာက္ တည္ခင္းဧည့္ခံေပးေသာ ဝန္ေဆာင္မႈလုပ္ငန္းမ်ားအျပင္ အေသးစားႏွင့္ အလတ္စား တစ္ဦးခ်င္း၊ အဖြဲ႕လိုက္ လက္လီေရာင္းခ်သူမ်ားကဲ့သို႔ ပေရာ္ဖက္ရွင္နယ္ ဝယ္သူမ်ားကို အဓိကထား၍ ႏိုင္ငံေပါင္း ၂၆ ႏိုင္ငံတြင္ လုပ္ငန္းလည္ပတ္လ်က္ ရွိသည္။ METRO Cash & Carry သည္ အေသးစားႏွင့္ အလတ္စား ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းရွင္မ်ား၏ အားထားရာ မိတ္ဖက္လုပ္ငန္း တစ္ခုျဖစ္သည္။ ထို လုပ္ငန္းရွင္မ်ား၏ ေအာင္ျမင္မႈသည္ METRO ၏ အဓိက ဦးစားေပး ျဖစ္သည္။

 

METRO Cash & Carry သည္ ၎၏ စားေသာက္ကုန္ အရည္အေသြးႏွင့္ ေဘးအႏၲရာယ္ကင္းရွင္းေရး၊ ကုန္စည္ စီးဆင္းမႈႏွင့္ ေရွရွည္ဖြံ႕ၿဖိဳးတိုးတက္ေရး နယ္ပယ္က႑မ်ားရွိ ထိပ္တန္း ကြၽမ္းက်င္မႈ စြမ္းရည္ အပါအဝင္ လိုအပ္ခ်က္အရ ေျပာင္းလဲအသုံးျပဳႏိုင္ေသာ နည္းပညာ လုပ္ေဆာင္ခ်က္မ်ားႏွင့္ ေခတ္မီဆန္းသစ္ေသာ ဒစ္ဂ်စ္တယ္စြမ္းရည္မ်ားကို အသုံးျပဳ၍ သန္းေပါင္းမ်ားစြာေသာ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းရွင္မ်ားကို တိုးတက္ေျပာင္းလဲေစလိုသည့္ ပန္းတိုင္ကို ေရာက္ရွိႏိုင္ရန္ စြမ္းေဆာင္ႏိုင္ခဲ့သည္။

 

METRO အေၾကာင္း အေသးစိတ္ ထပ္မံသိရွိလိုပါက - https://www.metroag.de/en

 

METRO Wholesale Myanmar (မက္ထ႐ို ျမန္မာ) အေၾကာင္း

 

METRO Wholesale Myanmar သည္ စီးပြားေရးလုပ္ငန္းမ်ားမွ ဝယ္ယူသူမ်ားအတြက္ စိုက္ပ်ိဳးေမြးျမဴေရး လုပ္ကိုင္သူမ်ားမွတစ္ဆင့္ တိုက္႐ိုက္ရယူျဖန႔္ျဖဴးေပးျခင္းအားျဖင့္ ျမန္မာႏိုင္ငံ၏ စိုက္ပ်ိဳးေမြးျမဴေရးက႑ ဖြံ႕ၿဖိဳး တိုးတက္ေစေရး ပံ့ပိုးကူညီလ်က္ ရွိသည္။ ထိုနည္းအားျဖင့္ စိုက္ပ်ိဳးေမြးျမဴသူမ်ားသည္ ထိေရာက္မႈရွိၿပီး ပိုမိုေကာင္းမြန္သည့္ ကုန္စည္စီးဆင္းမႈစနစ္ထံမွ အက်ိဳးအျမတ္မ်ား ပိုမိုရရွိႏိုင္မည္ျဖစ္သလို စီးပြားေရးလုပ္ငန္းမ်ားမွ ဝယ္ယူသူမ်ားမွာလည္း ထိပ္တန္းအဆင့္ သန႔္ရွင္းလတ္ဆတ္မႈရွိေသာ ထုတ္ကုန္ပစၥည္းမ်ားကို ရယူ အသုံးျပဳႏိုင္ၾကမည္ ျဖစ္သည္။ “ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းမ်ားအတြက္ အားထားရာ” ျဖစ္လာေစရန္မွာ METRO Wholesale Myanmar ၏ ေနာက္ဆုံးေသာ ရည္မွန္းခ်က္ပန္းတိုင္ ျဖစ္သည့္အေလ်ာက္ ကိုယ္ပိုင္ စီးပြားေရး လုပ္ငန္းရွင္မ်ားအတြက္ ထူးျခားေကာင္းမြန္သည့္ စားေသာက္ကုန္ပစၥည္းမ်ား၊ ဝန္ေဆာင္မႈမ်ားႏွင့္ နည္းပညာ ပံ့ပိုးလုပ္ေဆာင္မႈမ်ားကို အားႀကိဳးမာန္တက္ ကူညီပံ့ပိုးေပးလ်က္ရွိသည္။ METRO ၏ ေဆာင္ပုဒ္မွာ - “စိုက္ခင္းမွသည္ ထမင္းစားပြဲမွတစ္ဆင့္ စားသုံးသူမ်ား ခက္ရင္းဖ်ားဆီသို႔ စားေသာက္ကုန္မ်ား တိုက္႐ိုက္ပို႔ေဆာင္ ေပးႏိုင္ေရး” ျဖစ္သည္။

 

METRO Wholesale Myanmar ကို ၂၀၁၇ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ တည္ေထာင္ခဲ့ၿပီး METRO ႏွင့္ စင္ကာပူႏိုင္ငံစာရင္းဝင္ Yoma Strategic Holdings တို႔အၾကား အက်ိဳးတူပူးေပါင္းတည္ေထာင္ျခင္းျဖစ္သည္။ METRO Wholesale Myanmar အေၾကာင္း အေသးစိတ္သိလိုပါက https://metro-wholesale.com ကို သြားေရာက္ၾကည့္ရႈႏိုင္ပါသည္။

 

#MFID

 

 

Read times Last modified on Monday, 17 February 2020 17:24
Rate this item
(1 Vote)